[Zawgyi]

Apple အေနနဲ႔ အားလပ္ရက္ရာသီအတြက္ App Store ဝင္ေငြဟာ စံခ်ိန္တင္ႏွစ္တစ္ႏွစ္ ျဖစ္ခဲ့ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ Apple ဟာ ၂၀၁၇ ခုႏွစ္ ဇြန္လဆန္းကတည္းက App Store ကို iOS 11 နဲ႔အတူ ျပန္လည္ျပင္ဆင္မြမ္းမံခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ ဆန္းသစ္ေျပာင္းလဲသြားတဲ့ အသြင္အျပင္နဲ႔အတူ ျမင္ေတြ႕ေနရၿပီျဖစ္ပါတယ္။

ခရစၥမတ္အႀကိဳရက္နဲ႔ ႏွစ္သစ္ကူးအႀကိဳရက္ေတြၾကားမွာ ဝယ္ယူသူေတြဟာ iOS App Store မွာ Apps နဲ႔ Games ေတြအတြက္ ေဒၚလာ ၁.၂၂ ဘီလီယံအထိ အသုံးျပဳခဲ့ၾကပါတယ္။ ၂၀၁၉ ရဲ႕ႏွစ္သစ္ရက္မွာေတာ့ သုံးစြဲသူေတြအားလုံးဟာ ေဒၚလာ ၃၂၂ သန္းေက်ာ္အထိ တစ္ခဲနက္ကို အသုံးျပဳခဲ့ၾကပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ႏွစ္၊ ႏွစ္သစ္ကူးရက္က စံခ်ိန္ျဖစ္တဲ့ ေဒၚလာ သန္း၃၀၀ ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ျခင္းပါပဲ။

“အားလပ္ရက္၊ ရက္သတၱပတ္နဲ႔ ႏွစ္သစ္ရက္ေတြအတြက္ App Store ဟာ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ အားလပ္ရက္၊ ရက္သတၱပတ္ကေတာ့ App နဲ႔ Game ေတြအတြက္ ေဒၚလာ ၁.၂၂ ဘီလီယံေက်ာ္ သုံးစြဲခဲ့ၾကၿပီး ကြၽန္ေတာ္တို႔အတြက္ အႀကီးက်ယ္ဆုံးရက္သတၱပတ္ျဖစ္ခဲ့ပါတယ္။ ႏွစ္သစ္ကူးရက္အတြက္ကေတာ့ တစ္ရက္တည္းနဲ႔ကို ေဒၚလာ ၃၂၂သန္းေက်ာ္နဲ႔ စံခ်ိန္တင္ခဲ့ပါတယ္” လို႔ Apple Worldwide Marketing ရဲ႕ SVP က ေျပာၾကားခဲ့ပါတယ္။

Apple အေနနဲ႔ App Store, Apple Music, Cloud Services, Apple Pay နဲ႔ App Store’s search ad business စတဲ့ အမ်ိဳးအစားေတြပါဝင္တဲ့ဝန္ေဆာင္မႈေတြကေန စံခ်ိန္သစ္ေတြ ရရွိခဲ့တာ ျဖစ္ပါတယ္။ အားလပ္ရက္ေတြအတြက္ Download အဆြဲဆုံး ဂိမ္းေတြကေတာ့ Fortnite and PUBG တို႔ျဖစ္ခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။

Ref: 9TO5Mac

[Unicode]

App Store ကနေ စံချိန်တင် ဝင်ငွေရရှိခဲ့ကြောင်း Apple က ထုတ်ပြန်ကြေညာခဲ့

Apple အနေနဲ့ အားလပ်ရက်ရာသီအတွက် App Store ဝင်ငွေဟာ စံချိန်တင်နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Apple ဟာ ၂၀၁၇ ခုနှစ် ဇွန်လဆန်းကတည်းက App Store ကို iOS 11 နဲ့အတူ ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဆန်းသစ်ပြောင်းလဲသွားတဲ့ အသွင်အပြင်နဲ့အတူ မြင်တွေ့နေရပြီဖြစ်ပါတယ်။

ခရစ္စမတ်အကြိုရက်နဲ့ နှစ်သစ်ကူးအကြိုရက်တွေကြားမှာ ဝယ်ယူသူတွေဟာ iOS App Store မှာ Apps နဲ့ Games တွေအတွက် ဒေါ်လာ ၁.၂၂ ဘီလီယံအထိ အသုံးပြုခဲ့ကြပါတယ်။ ၂၀၁၉ ရဲ့နှစ်သစ်ရက်မှာတော့ သုံးစွဲသူတွေအားလုံးဟာ ဒေါ်လာ ၃၂၂ သန်းကျော်အထိ တစ်ခဲနက်ကို အသုံးပြုခဲ့ကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်၊ နှစ်သစ်ကူးရက်က စံချိန်ဖြစ်တဲ့ ဒေါ်လာ သန်း၃၀၀ ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းပါပဲ။

“အားလပ်ရက်၊ ရက်သတ္တပတ်နဲ့ နှစ်သစ်ရက်တွေအတွက် App Store ဟာ စံချိန်တင်နိုင်ခဲ့ပါတယ်။ အားလပ်ရက်၊ ရက်သတ္တပတ်ကတော့ App နဲ့ Game တွေအတွက် ဒေါ်လာ ၁.၂၂ ဘီလီယံကျော် သုံးစွဲခဲ့ကြပြီး ကျွန်တော်တို့အတွက် အကြီးကျယ်ဆုံးရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။ နှစ်သစ်ကူးရက်အတွက်ကတော့ တစ်ရက်တည်းနဲ့ကို ဒေါ်လာ ၃၂၂သန်းကျော်နဲ့ စံချိန်တင်ခဲ့ပါတယ်” လို့ Apple Worldwide Marketing ရဲ့ SVP က ပြောကြားခဲ့ပါတယ်။

Apple အနေနဲ့ App Store, Apple Music, Cloud Services, Apple Pay နဲ့ App Store’s search ad business စတဲ့ အမျိုးအစားတွေပါဝင်တဲ့ဝန်ဆောင်မှုတွေကနေ စံချိန်သစ်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ အားလပ်ရက်တွေအတွက် Download အဆွဲဆုံး ဂိမ်းတွေကတော့ Fortnite and PUBG တို့ဖြစ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။

Ref: 9TO5Mac