Apple က မူလမျိုးဆက် HomePod ကို ကြေညာအပြီး ၂ နှစ်အကြာမှာ ဒုတိယမျိုးဆက် HomePod ကို ချပြလိုက်ပါတယ်။ မော်ဒယ်အသစ်မှာ အပူချိန်နဲ့ လေထုစိုထိုင်းမှု တိုင်းတာပေးတဲ့ ဆန်ဆာ ပါလာပြီး စပီကာတွေကို ပြောင်းလဲထားပါတယ်။

Apple announces second generation HomePod with temperature and humidity sensors

HomePod အသစ်မှာ အရင်မျိုးဆက်မှာလို တူညီတဲ့ ၄ လက်မ အမြင့်ရှိ Woofer တပ်ဆင်ထားပြီး အရင်မျိုးဆက်က ၇ လုံးအစား Tweeter ၅ လုံး တပ်ဆင်ထားပါတယ်။ အရင်မျိုးဆက်က မိုက်ကရိုဖုန်း ၆ လုံးအစား ၄ လုံး ထည့်ပေးထားပါတယ်။

Apple announces second generation HomePod with temperature and humidity sensors

Apple S7 SoC မောင်းနှင်ထားပြီး အသံအရည်အသွေး ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ Apple TV 4K က Dolby Atmos Audio တွေကို ဖွင့်ပေးနိုင်ပြီး အပူချိန်နဲ့ လေထုစိုထိုင်းမှု ဆန်ဆာပါလာပါတယ်။ သင့် ပတ်ဝန်းကျင်က ရာသီဥတု အခြေအနေကိုအချိန်ပြည့်တိုင်းတာပေးနိုင်ပြီး သင် သတ်မှတ်ထားတဲ့ အပူချိန်ရောက်ရင် လေအေးပေးစက်ဖွင့်တာလို အလုပ်တွေကိုအလိုလို လုပ်ပေးနိုင်ပါတယ်။

Apple announces second generation HomePod with temperature and humidity sensors

White  နဲ့ Gray Midnight ၂ ရောင် ထုတ်လုပ်ထားပြီး ၂၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena