Apple ရဲ့ App Store ဟာ လက်ရှိ iOS Device အသုံးပြုသူတွေ၊ MacOS အသုံးပြုသူတွေအတွက် တစ်ခုထဲသော Application ရရှိနိုင်တဲ့ Store တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ယခင်တုန်းက မြန်မာနိုင်ငံအပါအဝင်နိုင်ငံအချို့ကို အသုံးပြုခွင့်ပိတ်ပင်ထားတဲအတွက် Apple ID ကို US Address နဲ့ ဖွင့်ရသလိုမျိုး ကျော်ခွပြီးအသုံးပြုခဲ့ရတာပါ။

ဒါပေမယ့် အခုအချိန်မှာတော့ Apple App Store ကို မြန်မာနိုင်ငံမှာ တရားဝင်အသုံးပြုနိုင်တော့မှာဖြစ်ပြီး Apple က မြန်မာနိုင်ငံအပါအဝင် နောက်ထပ် နိုင်ငံ ၂၀ ကို App Store အသုံးပြုနိုင်အောင်တိုးချဲ့လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် App Store ကိုအသုံးပြုနိုင်တဲ့နိုင်ငံပေါင်း ၁၅၅ နိုင်ငံအထိ ရှိသွားပြီလည်းဖြစ်ပါတယ်။

Apple ကနေ App Store ကို တိုးချဲ့လိုက်တဲ့နိုင်ငံတွေကတော့ Afghanistan ၊ Gabon ၊ Cote d’Ivoire ၊ Georgia ၊ Maldives ၊ Serbia ၊ Bosnia ။ Herzegovina ၊ Cameroon ၊ Iraq ၊ Kosovo ၊ Libya ၊ Montenegro ၊ Morocco ၊ Mozambique ၊ Myanmar ၊ Nauru ၊ Rwanda ၊ Tonga ၊ Zambia နဲ့ Vanuatu တို့ပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple App Store ကို မြန်မာနိုင်ငံမှာ တရားဝင်အသုံးပြုနိုင်တော့မယ်ဆိုရင် App တွေကိုလည်း Google Play Store လိုမျိုး မြန်မာငွေနဲ့ ဝယ်ယူနိုင်တော့မှာပါ။

Ref – GSM Arena