[Zawgyi]
Apple ကုမၸဏီဟာ ပီစီကြန္ျပဴတာေလာကမွာ မုိက္ကရုိေဆာ့ဖ္ရဲ႕ ဝင္းဒုိး OS ကို ကုိယ္ပုိင္ OS နဲ႔ မေၾကာက္မရြံ႕ ယွဥ္ၿပိဳင္ခဲ့သလုိ မုိဘုိင္းေစ်းကြက္ကို စတင္ခဲ့ရာမွာလဲ ကိုယ္ပုိင္မုိဘုိင္းစက္ႏွင္စနစ္ (OS) နဲ႔ သူ႕ကို ေထာက္ပ့ံေပးမယ့္ ကိုယ္ပုိင္အက္ပလီေကးရွင္းစတုိး App Store တုိ႔ကို ဖန္တီးခဲ့ပါတယ္။
၂၀၀၈ ခုႏွစ္ထဲက စတင္ခဲ့တဲ့ App Store ဟာ အခုခ်ိန္မွာ သူ႕ပလက္ေဖာင္းေပၚမွာ မုိဘုိင္း App ေတြ ဖန္တီးေရာင္းခ်ခဲ့တဲ့ Developer ေတြအတြက္ စုစုေပါင္းတန္ေၾကး ေဒၚလာ ၁၂၀ ဘီလီယံ (သန္း ၁၂၀၀၀၀) ထိ ရရွိေစခဲ့ၿပီလို႔ သိရပါတယ္။ ဒါေပမယ့္ Apple ဟာသူ႕ရဲ႕ App Store အေပၚမွာ အသုံးျပဳခအျဖစ္ ၃၀% ကိုေတာ့ ထိုဝင္ေငြထဲမွာ ျဖတ္ေတာက္ပါေသးတယ္။
ဒီအခ်က္အလက္ကိုေတာ့ သူတုိ႔ရဲ႕ ဌာနခ်ဳပ္မွာ ျပဳလုပ္ေနတဲ့ စြန္႔ဦးတီထြင္သူမ်ားအတြက္ ကမ့္မွာ မွ်ေဝခဲ့တာပါ။ Apple ဟာ သူတုိ႔ရဲ႕ ရုံးခ်ဳပ္ကို အမ်ဳိးသမီးေတြ တည္ေထာင္ထားတဲ့ App ထုတ္လုပ္ေရးကုမၸဏီ ၁၁ ခုအား ဖိတ္ၾကားခဲ့ၿပီး အလုပ္ရုံေဆြးေႏြးပြဲေတြ ျပဳလုပ္ေပးခဲ့ပါတယ္။ ဒီအခြင့္အေရးကို ယူၿပီး သူတုိ႔ရဲ႕ ကိန္းဂဏန္းအသစ္ကို ထုတ္ေျပာခဲ့တာပါ။
အုိင္ဖုန္းေတြ အရင္ကေလာက္ ထုိးေဖာက္အားမေကာင္းေတာ့ေပမယ့္ App Store ကေတာ့ အက်ဳိးအျမတ္ေကာင္းေနဆဲျဖစ္ၿပီး ေနာက္ဆုံး ၁၂ လအတြင္းမွာ Developer ေတြအတြက္ ဝင္ေငြ ေဒၚလာ ၃၀ ဘီလီယံ ရွာေပးခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ ဇြန္လက ျပဳလုပ္ခဲ့တဲ့ WWDC ပြဲတုန္းက Apple ဟာ App Store မွ ထုတ္လုပ္သူေတြအတြက္ ဝင္ေငြရွာေပးတာ ေဒၚလာ ၁၀၀ ဘီလီယံေက်ာ္ၿပီျဖစ္ေၾကာင္း အသိေပးခဲ့ေသးတယ္။
ဒါဟာ App Store ကေန တုိက္ရုိက္ရတဲ့ ဝင္ေငြေတြျဖစ္တဲ့ Paid App ေရာင္းခ်မႈေတြ၊ In-app Purchase ေတြနဲ႔ လစဥ္ေၾကးေတြကိုသာ တြက္ခ်က္ထားတာ ျဖစ္ၿပီး App ေတြထဲမွာ ေၾကာ္ျငာေတြထည့္လို႔ ရတဲ့ေငြ မပါေသးပါဘူး။
Ref – Tech Crunch
[Unicode]
Apple ကုမ္ပဏီဟာ ပီစီကွန်ပြူတာလောကမှာ မိုက်ကရိုဆော့ဖ်ရဲ့ ဝင်းဒိုး OS ကို ကိုယ်ပိုင် OS နဲ့ မကြောက်မရွံ့ ယှဉ်ပြိုင်ခဲ့သလို မိုဘိုင်းဈေးကွက်ကို စတင်ခဲ့ရာမှာလဲ ကိုယ်ပိုင်မိုဘိုင်းစက်နှင်စနစ် (OS) နဲ့ သူ့ကို ထောက်ပံ့ပေးမယ့် ကိုယ်ပိုင်အက်ပလီကေးရှင်းစတိုး App Store တို့ကို ဖန်တီးခဲ့ပါတယ်။
၂၀၀၈ ခုနှစ်ထဲက စတင်ခဲ့တဲ့ App Store ဟာ အခုချိန်မှာ သူ့ပလက်ဖောင်းပေါ်မှာ မိုဘိုင်း App တွေ ဖန်တီးရောင်းချခဲ့တဲ့ Developer တွေအတွက် စုစုပေါင်းတန်ကြေး ဒေါ်လာ ၁၂၀ ဘီလီယံ (သန်း ၁၂၀၀၀၀) ထိ ရရှိစေခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့် Apple ဟာသူ့ရဲ့ App Store အပေါ်မှာ အသုံးပြုခအဖြစ် ၃၀% ကိုတော့ ထိုဝင်ငွေထဲမှာ ဖြတ်တောက်ပါသေးတယ်။
ဒီအချက်အလက်ကိုတော့ သူတို့ရဲ့ ဌာနချုပ်မှာ ပြုလုပ်နေတဲ့ စွန့်ဦးတီထွင်သူများအတွက် ကမ့်မှာ မျှဝေခဲ့တာပါ။ Apple ဟာ သူတို့ရဲ့ ရုံးချုပ်ကို အမျိုးသမီးတွေ တည်ထောင်ထားတဲ့ App ထုတ်လုပ်ရေးကုမ္ပဏီ ၁၁ ခုအား ဖိတ်ကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီအခွင့်အရေးကို ယူပြီး သူတို့ရဲ့ ကိန်းဂဏန်းအသစ်ကို ထုတ်ပြောခဲ့တာပါ။
အိုင်ဖုန်းတွေ အရင်ကလောက် ထိုးဖောက်အားမကောင်းတော့ပေမယ့် App Store ကတော့ အကျိုးအမြတ်ကောင်းနေဆဲဖြစ်ပြီး နောက်ဆုံး ၁၂ လအတွင်းမှာ Developer တွေအတွက် ဝင်ငွေ ဒေါ်လာ ၃၀ ဘီလီယံ ရှာပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့တဲ့ WWDC ပွဲတုန်းက Apple ဟာ App Store မှ ထုတ်လုပ်သူတွေအတွက် ဝင်ငွေရှာပေးတာ ဒေါ်လာ ၁၀၀ ဘီလီယံကျော်ပြီဖြစ်ကြောင်း အသိပေးခဲ့သေးတယ်။
ဒါဟာ App Store ကနေ တိုက်ရိုက်ရတဲ့ ဝင်ငွေတွေဖြစ်တဲ့ Paid App ရောင်းချမှုတွေ၊ In-app Purchase တွေနဲ့ လစဉ်ကြေးတွေကိုသာ တွက်ချက်ထားတာ ဖြစ်ပြီး App တွေထဲမှာ ကြော်ငြာတွေထည့်လို့ ရတဲ့ငွေ မပါသေးပါဘူး။
Ref – Tech Crunch