Zawgyi





Ref – GSM Arena

Unicode

Apple ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့တုန်းက Apple Devices တွေဖြစ်တဲ့ iPhone ၊ iPad တွေအပြင် macOS သုံး ကွန်ပျုတာတွေမှာပါ ဆော့ကစားနိုင်တဲ့ သီးသန့် Exclusive Game Subscription Service ဖြစ်တဲ့ Apple Arcade ကို စတင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ Apple Arcade ဟာ Google Play Pass နဲ့ မတူညီတဲ့အချက်က Offline ကစားနိုင်တဲ့အပြင် Game တွေက ထွက်ရှိပြီးသား Game တွေမဟုတ်ဘဲ Apple Arcade Service ကို ရယူထားမှသာ ဆော့ကစားနိုင်တဲ့ Exclusive Game တွေဖြစ်ပါတယ်။ Apple အနေနဲ့ Developer တွေအများအပြားနဲ့ ပူးပေါင်းပြီး Arcade Game Library ကို ဆက်တိုက် Game တွေထည့်သွင်းလာခဲ့တာ အခုအချိန်မှာတော့ ဂိမ်းအမျိုးပေါင်း ၁၀၀ ခန့်ရှိသွားပါပြီ။

အခုလိုမျိုး ဂိမ်းပေါင်း ၁၀၀ ပြည့်သွားအောင် နောက်ဆုံး Update ဖြစ်လာခဲ့တဲ့ ဂိမ်း ၆ မျိုးထဲက တစ်ခုက ပြီးခဲ့တဲ့ ၉၀ ခုနှစ်တွေတုန်းက အောင်မြင်ခဲ့တဲ့ Sensible Soccer ရဲ့ အဆက်ဖြစ်တဲ့ Sociable Soccer လည်းပါဝင်ခဲ့တာဖြစ်ပါတယ်၊ အဲ့ဒီလိုပဲ အစောပိုင်း iPhone တွေမှာ ရေပန်းစားတဲ့ Game တစ်ခုဖြစ်တဲ့ UFO On Tape ရဲ့ အဆက်ဖြစ်တဲ့ UFO On Tape : First Contact လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ UFO On Tape : First Contact Game ဟာ AR Game အမျိုးအစားတစ်ခုဖြစ်ပြီးတော့ ကောင်းကင်ပေါ်ကနေ ကျလာတဲ့ UFO Object တစ်ခုကို AR ပုံစံနဲ့ Video လိုက်ရိုက်ပြီး ဆော့ကစားရမှာဖြစ်ပါတယ်။

Apple Arcade ဟာ ဆိုရင် iOS Device ရှိတာနဲ့ တစ်လကို 4.99$ ပေးပြီး ဆော့ကစားနိုင်တဲ့ Game Subscription တစ်ခုဖြစ်ပြီးတော့ အခုလိုမျိုး Game Library ကလည်း တဖြည်းဖြည်းများပြားလာတဲ့အတွက် တကယ်လို့ ကိုယ်က Mobile Game တွေကို သဘောကျတယ်ဆိုရင် တော်တော်လေးကို တန်တဲ့ Service တစ်ခုလို့ ပြောရမှာပါ။

Ref – GSM Arena