Apple ကနေ ပြီးခဲ့တဲ့ဇွန်လတုန်းက ပြုလုပ်ခဲ့တဲ့ WWDC Event မှာ MacBook တွေမှာ Intel Processor တွေအစား ကိုယ်ပိုင် Apple Silicon Chip ကို အသုံးပြုသွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အဆိုပါ Apple Silicon Chip တွေဟာ ARM-based Chipset တွေဖြစ်ပြီးတော့ လက်ရှိ iPad Pro တွေမှာအသုံးပြုနေတဲ့ A12Z Bionic Chip နဲ့ ဆင်တူမှာဖြစ်ပါတယ်။

Apple ရဲ့ ပြောကြားချက်အရတော့ ပထမဆုံးသော Apple Silicon Chip ကို အသုံးပြုထားတဲ့ MacBook တွေကို ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ လက်ရှိသိရှိထားတဲ့သတင်းတွေအရတော့ Apple ကနေ 12″ MacBook နဲ့ 13″ MacBook Pro ဆိုပြီး MacBook ၂ မျိုး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ MacBook အသစ် ၂ မျိုးမှာ 5nm Architecture ကိုအခြေခံထားတဲ့ 12-Core Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အစောပိုင်းထွက်ရှိထားတဲ့သတင်းတွေအရ 12-Core Chipset ဟာ 12″ MacBook ထဲမှာ အသုံးပြုလာမှာသေချာတယ်လို့သိရပြီးတော့ 13″ MacBook Pro မှာတော့ တူညီတဲ့ Chipset ကိုပဲ အသုံးပြုလာမလားဆိုတာကိုတော့ မသိရသေးပါဘူး။

အခုလည်း Leakster တစ်ဦးဖြစ်တဲ့ “@komiya_kj” ရဲ့ ပြောကြားချက်အရ 13″ MacBook Pro Version မှာ လက်ရှိ MacBook Pro တွေလိုမျိုးပဲ Touch Bar နဲ့ Cooling Fan ပါဝင်မှာဖြစ်ပြီး 12″ MacBook မှာတော့ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ ထူးခြားချက်အနေနဲ့ Apple Silicon Chip ကို အသုံးပြုလာမယ့် 13″ MacBook Pro ဟာ စျေးနှုန်းအနေနဲ့ $1,099 နဲ့ရောင်းချလာမှာဖြစ်ပြီး လက်ရှိရောင်းချနေတဲ့ စျေးအသက်သာဆုံး Intel Processor အသုံးပြုထားတဲ့ 13″ MacBook Pro ရဲ့ $1,299 စျေးထက် $200 ခန့် သက်သာမှာဖြစ်ပါတယ်။

ဒါ့အပြင် Apple Silicon Chip ကိုအသုံးပြုထားတဲ့ 12″ MacBook အနေနဲ့ကတော့ စျေးနှုန်းအနေနဲ့ $799 ကနေ စတင်ရောင်းချမှာဖြစ်ပါတယ်။ အဆိုပါ စျေးနှုန်းဟာ လက်ရှိစျေးအသက်သာဆုံး MacBook Air ထက်တောင် $200 ခန့်သက်သာသလို Apple ကနေ ရောင်းချတဲ့ MacBook တွေထဲမှာ စျေးအသက်သာဆုံးဖြစ်လာမှာပါ။

ဘာပဲဖြစ်ဖြစ် စျေးနှုန်းအနေနဲ့ကတော့ Apple Silicon Chip ကိုအသုံးပြုလာမယ့် MacBook အသစ်တွေက စိတ်ဝင်စားဖို့ကောင်းနေပြီး Performance ပိုင်းမှာ ဘယ်လောက်ထိရှိလာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Notebook Check