Apple ဟာ လက်ရှိအချိန်မှာ iCloud Storage အပြင် Apple Music ၊ Apple TV+ ၊ News+ နဲ့ Arcade လိုမျိုး လစဥ်ကြေးပေးရတဲ့ Service တွေကို ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းတုန်းက Apple ကနေ အဆိုပါ Service တွေကို ဝန်ဆောင်ခပိုသက်သာတဲ့ စျေးနှုန်းနဲ့အသုံးပြုနိုင်မယ့် Apple One Service Subscription အသစ်ကို ကြေညာခဲ့ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ Apple One Service Plan ကို တရားဝင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးပြုဖို့အတွက်ကတော့ App Store ကနေတစ်ဆင့် Profile Photo ကို နှိပ်ပြီး Subscription ကနေတစ်ဆင့် အသုံးပြုရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Settings – Profile – Subscriptions ကနေတစ်ဆင့် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Apple One Subscription Plan ဟာ စျေးနှုန်းအနေနဲ့ တစ်ယောက်အတွက် တစ်လကို $14.95 ကနေ စတင်မှာဖြစ်ပြီး Apple Music ၊ Apple TV+ ၊ Apple Arcade နဲ့ iCloud 50GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ လူ ၅ ယောက်အထိ အသုံးပြုချင်တယ်ဆိုရင်တော့ Family Plan ကို တစ်လ $19.95 နဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

နောက်ထပ် Apple News+ နဲ့ မကြာခင်အသုံးပြုနိုင်တော့မယ့် Fitness+ ပါ ပါဝင်လာမယ့် Premier Plan ကိုတော့ တစ်လကို $29.95 နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။ အဆိုပါ Premier Plan ကလည်း Family Plan လိုမျိုးပဲ လူ ၅ ယောက်အထိ မျှဝေသုံးစွဲနိုင်မှာပါ။

Apple ရဲ့ ပြောကြားချက်အရတော့ ယခု Apple One Service အသုံးပြုနိုင်ဖို့အတွက် iOS 14.1 နဲ့ iOS 14.2 Beta Update အသုံးနေဖို့ လိုအပ်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Apple ရဲ့ Paid Subscription Service တွေကို အသုံးပြုနေတယ်ဆိုရင် အခု Apple One Service က တော်တော်လေးကို အဆင်ပြေသွားစေမှာဖြစ်ပါတယ်။

Ref – 9to5Mac