[Zawgyi]

Apple ဟာ iPhone အေဟာင္းေတြရဲ႕ စြမ္းေဆာင္ရည္ေႏွးေကြးလာရျခင္းကို ဝန္ခံခဲ့ၿပီးတဲ့ေနာက္ အသုံးျပဳသူေတြကို ေျဖသိမ့္ေပးတဲ့အေနနဲ႔ ေလွ်ာ့ေဈးနဲ႔ဘက္ထရီသစ္လဲလွယ္ျခင္းကို ျပဳလုပ္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ ၂၀၁၈ ခုႏွစ္အတြင္းမွာ iPhone အလုံးေရ ၁၁ သန္းနီးပါးေလာက္က ဘက္ထရီသစ္ လဲလွယ္ခဲ့ၾကပါတယ္။

အခုအခ်ိန္မွာေတာ့ Apple ဟာ ဘက္ထရီလဲလွယ္ျခင္းနဲ႔ပတ္သက္ၿပီး တင္းတင္းက်ပ္က်ပ္လုပ္ေဆာင္ေနၿပီး အျပင္ဆိုင္ေတြမွာ ဘက္ထရီလဲလွယ္ျခင္းကို ပိတ္ပင္ေနၿပီ ျဖစ္ပါတယ္။ အကယ္၍ iPhone XS, XS Max ဒါမွမဟုတ္ XR ေတြကို အျပင္ဆိုင္မွာ ဘက္ထရီလဲလွယ္ခဲ့မယ္ဆိုရင္ Error message လက္ခံရရွိေနၿပီလို႔ သိရပါတယ္။

ကုမၸဏီရဲ႕ တရားဝင္ဆားဗစ္စင္တာမွာမဟုတ္ဘဲ အျပင္ဆိုင္မွာ ထည့္သြင္းတပ္ဆင္တဲ့အခါ Apple ရဲ႕ Original ဘက္ထရီျဖစ္ေပမယ့္လည္း Error message ပို႔ခံရတာျဖစ္ပါတယ္။ iPhone ဟာ ဒီဘက္ထရီကို အစစ္အမွန္ဟုတ္မဟုတ္ အတည္မျပဳႏိုင္တဲ့အတြက္ ဘက္ထရီႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး သတင္းအခ်က္အလက္ေပးပို႔ျခင္း မျပဳလုပ္ႏိုင္ေတာ့ဘူးလို႔ Message က အသိေပးေဖာ္ျပတာျဖစ္ပါတယ္။

ဒါေၾကာင့္ အသုံးျပဳသူအေနနဲ႔ အျပင္ဆိုင္မွာ ဘက္ထရီလဲမယ္ဆိုရင္ iPhone ကို ဆက္ၿပီးအသုံးျပဳေနလို႔ရတယ္ဆိုေပမယ့္ ဘက္ထရီႀကံ့ခိုင္ေရးနဲ႔ပတ္သက္တဲ့ Function ေတြကို အသုံးျပဳလို႔ရေတာ့မွာ မဟုတ္ေတာ့ပါဘူး။ အျပင္ဆိုင္ေတြဟာ ဒီျပႆနာကို ေျဖရွင္းႏိုင္ဖို႔ ႀကိဳးစားခဲ့ၿပီး iPhone ရဲ႕ ဘက္ထရီအစစ္အမွန္ကို ထည့္သြင္းခဲ့ေပမယ့္ Error message ကေတာ့ ေရာက္ၿမဲေရာက္လာတယ္လို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

iPhone တွေကို အပြင်ဆိုင်မှာ ဘက်ထရီလဲရင် Error Message ပို့နေတဲ့ Apple

Apple ဟာ iPhone အဟောင်းတွေရဲ့ စွမ်းဆောင်ရည်နှေးကွေးလာရခြင်းကို ဝန်ခံခဲ့ပြီးတဲ့နောက် အသုံးပြုသူတွေကို ဖြေသိမ့်ပေးတဲ့အနေနဲ့ လျှော့ဈေးနဲ့ဘက်ထရီသစ်လဲလှယ်ခြင်းကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်အတွင်းမှာ iPhone အလုံးရေ ၁၁ သန်းနီးပါးလောက်က ဘက်ထရီသစ် လဲလှယ်ခဲ့ကြပါတယ်။

အခုအချိန်မှာတော့ Apple ဟာ ဘက်ထရီလဲလှယ်ခြင်းနဲ့ပတ်သက်ပြီး တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေပြီး အပြင်ဆိုင်တွေမှာ ဘက်ထရီလဲလှယ်ခြင်းကို ပိတ်ပင်နေပြီ ဖြစ်ပါတယ်။ အကယ်၍ iPhone XS, XS Max ဒါမှမဟုတ် XR တွေကို အပြင်ဆိုင်မှာ ဘက်ထရီလဲလှယ်ခဲ့မယ်ဆိုရင် Error message လက်ခံရရှိနေပြီလို့ သိရပါတယ်။

ကုမ္ပဏီရဲ့ တရားဝင်ဆားဗစ်စင်တာမှာမဟုတ်ဘဲ အပြင်ဆိုင်မှာ ထည့်သွင်းတပ်ဆင်တဲ့အခါ Apple ရဲ့ Original ဘက်ထရီဖြစ်ပေမယ့်လည်း Error message ပို့ခံရတာဖြစ်ပါတယ်။ iPhone ဟာ ဒီဘက်ထရီကို အစစ်အမှန်ဟုတ်မဟုတ် အတည်မပြုနိုင်တဲ့အတွက် ဘက်ထရီကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ပေးပို့ခြင်း မပြုလုပ်နိုင်တော့ဘူးလို့ Message က အသိပေးဖော်ပြတာဖြစ်ပါတယ်။

ဒါကြောင့် အသုံးပြုသူအနေနဲ့ အပြင်ဆိုင်မှာ ဘက်ထရီလဲမယ်ဆိုရင် iPhone ကို ဆက်ပြီးအသုံးပြုနေလို့ရတယ်ဆိုပေမယ့် ဘက်ထရီကြံ့ခိုင်ရေးနဲ့ပတ်သက်တဲ့ Function တွေကို အသုံးပြုလို့ရတော့မှာ မဟုတ်တော့ပါဘူး။ အပြင်ဆိုင်တွေဟာ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ပြီး iPhone ရဲ့ ဘက်ထရီအစစ်အမှန်ကို ထည့်သွင်းခဲ့ပေမယ့် Error message ကတော့ ရောက်မြဲရောက်လာတယ်လို့ သိရပါတယ်။

Ref: GSM Arena