အလိုအလျှောက် မောင်းနှင်နိုင်တဲ့ Apple ရဲ့ အီလက်ထရစ်ကား သတင်းတွေ ပြီးခဲ့တဲ့ လအနည်းငယ်က ထွက်လာခဲ့ပါတယ်။ အခုတော့ Bloomberg က အဲဒီ ကားကို ၂၀၂၅ ခုနှစ်မှာ ရောင်းချနိုင်တယ်လို့ သတင်းပေးလာပါတယ်။

Apple Logo

Apple Car စီမံကိန်းကို Project Titan လို့ နာမည်ပေးထားပြီး Kevin Lynch က ဦးဆောင်နေပါတယ်။ ကားမှာ ခြေနင်းနဲ့ စတီယာရင်တွေ မပါဘဲ အလိုအလျှောက် မောင်းနှင်နိုင်အောင် ဖန်တီးထားမှာ ဖြစ်ပါတယ်။

Rumor: Apple may be working with Toyota to start production of the Apple Car in 2024 - NotebookCheck.net News

အစောပိုင်းမှာ Apple ဟာ ဖန်တီးမယ့် ကား အိုင်ဒီယာ ၂ ခုကြားမှာ ဝေခွဲမရ ဖြစ်နေတယ်လို့ သိရပါတယ်။ ၁ ခုက ယာဉ်မောင်းသူကို ကူညီပေးတဲ့ လုပ်ဆောင်ချက်တွေပါတဲ့ သမားရိုးကျ အီလက်ထရစ်ကားနဲ့ နောက် ၁ ခုက နည်းပညာ ပိုမြင့်ပြီး အလိုအလျှောက်မောင်းနှင်နိုင်တဲ့ အီလက်ထရစ်ကား ဖြစ်ပါတယ်။ အခုတော့ Apple ဟာ ဒုတိယ ၁ ခုကို ရွေးချယ်လိုက်ပြီလို့ ထင်ရပါတယ်။

Apple ဟာ ဒီ စီမံကိန်းအတွက် စီးပွားရေး မော်ဒယ်ကို သေသေချာချာ မသတ်မှတ်ရသေးပါဘူး။ Bloomberg က Apple ဟာ ကားတွေကို ရောင်းချမယ့်အစား Uber နဲ့ Lyft တို့လို မောင်းသူမဲ့ တက္ကစီ စီးပွားရေး လုပ်ငန်းကို စဉ်းစားနေတယ်လို့ ပြောပါတယ်။ ဒီသတင်းဟာ မသေချာသေးတဲ့အတွက် Apple ဟာ မောင်းသူမဲ့ ကားတွေကို ထုတ်ရောင်းချင်လည်း ထုတ်ရောင်းနိုင်ပါတယ်။

Apple Car ကို အများသုံး Fast-Charging Station အများစုမှာ အားသွင်းနိုင်အောင် “Combined Charging System” or CCS စံနှုန်းကို သုံးထားနိုင်တဲ့အတွက် ကိုယ်ပိုင် Charging System ကို Apple က မဖန်တီးတော့ဘူးလို့ သတင်းထွက်နေပါတယ်။

Ref : gizmochina