Apple က နှစ်စဉ်ပြုလုပ်နေကျအတိုင်း တရုတ် နှစ်သစ်ကူးအတွက် အထူးထုတ် AirPods Pro ကို ကြေညာလိုက်ပါတယ်။ ဒီနှစ်မှာတော့ ဒုတိယမျိုးဆက် AirPods Pro အတွက် ပြုလုပ်ပေးလိုက်တာ ဖြစ်ပြီး ယုန်နှစ်အတွက် အထူး Pattern ကို ရေးထွင်းထားပါတယ်။

Apple Releases Limited-Edition AirPods Pro in Celebration of Chinese New Year - MacRumors

Charging Case မှာ ယုန်ပုံကို ရေးထွင်းထားပြီး ဘူးခွံမှာလည်း ယုန်ပုံ ပါပါတယ်။ အဲဒါကလွဲပြီး ဈေးနှုန်း အပါအဝင် တရုတ် နှစ်သစ်ကူး အထူးထုတ် မော်ဒယ်ဟာ မူလ မော်ဒယ်နဲ့ တူညီပါတယ်။

Apple celebrates Chinese Year of the Rabbit with limited edition AirPods Pro

Apple က တရုတ် နှစ်သစ်ကူးအတွက် အထူးထုတ် မော်ဒယ်တွေကို ထုတ်လုပ်ရောင်းချနေတာ နှစ်အနည်းငယ် ရှိပါပြီ။ ၂၀၂၂ ခုနှစ်အတွက် Apple ဟာ ကျားနှစ်အတွက် အထူးထုတ် AirPods Pro နဲ့ Beats Studio Buds ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကျွဲနှစ်အတွက် အထူးထုတ် AirPods Pro ကို ရောင်းချခဲ့ပါတယ်။

အခု အထူးထုတ် AirPods Pro ကို တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ မကာအိုမှာ အွန်လိုင်းနဲ့ မြေပြင်စတိုးတွေကနေ ရောင်းချပေးထားပါတယ်။ ဒါ့အပြင် Apple ဟာ အဲဒီနိုင်ငံတွေမှာ ဒီဇင်ဘာလ ၃၀ ရက်ကနေ ဇန်နဝါရီလ ၂ ရက်နေ့အတွင်း တချို့ ထုတ်ကုန်တွေအတွက် ၁,၀၀၀ ယွမ် ဈေးလျှော့ရောင်းချပေးနေပါတယ်။

Ref : gsmarena