ကုမ္ပဏီက တင်လိုက်တဲ့ Proxy Statement အရ Tim Cook ဟာ ၂၀၂၂ ခုနှစ်တစ်နှစ်လုံးမှာ လစာအဖြစ် ဒေါ်လာ ၉၉.၄ သန်းကို ရရှိခဲ့ကြောင်း သိရပါတယ်။ ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင်တော့ လစာက ဒေါ်လာ ၃ သန်း ဖြစ်ပြီး Stock awards က ဒေါ်လာ ၈၃ သန်း ဝန်းကျင် ဖြစ်ပါတယ်။ ဒေါ်လာ ၁၃.၄ သန်း ဝန်းကျင်ကတော့ အခြားသော ပေးလျော်ငွေပုံစံဖြစ်ပါတယ်။

Tim Cook ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကလည်း ဒေါ်လာ ၉၈.၇ သန်း အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ Apple ရဲ့ CEO ဟာ လစာလျှော့ချခြင်း ခံရမှာ ဖြစ်တယ်လို့ Bloomberg က Mark Gurman က ရေးသားဖော်ပြလိုက်ပါတယ်။ ဒီလိုလစာလျှော့ချတာဟာ ရှယ်ယာရှင်တွေရဲ့ တုံ့ပြန်ချက်နဲ့ အကြံပြုချက်တွေကို အခြေခံပြီး Tim Cook ကိုယ်တိုင်က ဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။

စာရွက်စာတမ်းတွေအရ ၂၀၂၃ ခုနှစ်အတွက် ပေးလျော်ငွေလျာထားချက်ဟာ ဒေါ်လာ ၄၉ သန်း ဖြစ်ကြောင်း သိရပါတယ်။ အဓိပ္ပါယ်ကတော့ Tim Cook ရဲ့ ဒီနှစ်အတွက် ပေးလျော်ငွေဟာ ၂၀၂၂ ခုနှစ်မှာရခဲ့တဲ့ သူ့ရဲ့ပေးလျော်ငွေထက် ၄၀% လျော့နည်းသွားမှာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး ပေးလျော်ငွေ ဖြတ်တောက်လိုက်တာဟာ Cupertino ကုမ္ပဏီကြီးအနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက အရှုံးပေါ်ခဲ့လို့ဆိုတဲ့ အဓိပ္ပါယ် မသက်ရောက်ပါဘူး။ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်ကို ထူးခြားကောင်းမွန်စွာနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အားလုံးဟာ CEO Tim Cook ရဲ့ ဦးဆောင်မှုအောက်မှာပဲ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Cook ကို ပေးအပ်တဲ့ စွမ်းဆောင်ရည်အခြေခံ RSU တွေရဲ့ ရာခိုင်နှုန်းဟာ သူ့ရဲ့ ၂၀၂၃ အတွက် ရည်မှန်းထားတဲ့ ရှယ်ယာဆုရဲ့ ၅၀% ကနေ ၇၅% အထိ တိုးလာကြောင်း Proxy statement မှာ ဖော်ပြထားပါတယ်။

Ref: Gizchina