[Zawgyi]

Facebook , Google အပါအ၀င္ ကုမၸဏီမ်ားစြာဟာ စားသံုးသူမ်ားရဲ႕ ကိုယ္ေရးကိုယ္တာ ေဒတာမ်ားကို အခြင့္မရွိဘဲ ရယူ အသံုးျပဳေနျခင္းမ်ား ရွိေနပါတယ္။ ဒါ့အျပင္ စားသံုးသူမ်ားရဲ႕ ေဒတာမ်ားကို အျခား လူမ်ားက ခိုးယူေနျခင္းမ်ားကို တားဆီးႏုိင္ျခင္းမရွိတဲ့ ျဖစ္ရပ္မ်ားလည္း ျဖစ္ပြားခဲ့ပါတယ္။ အဲဒီအတြက္ ႏိုင္ငံ အစိုးရမ်ားက စားသံုးသူမ်ားရဲ႕ ေဒတာမ်ားကို ကာကြယ္တဲ့ ဥပေဒမ်ားကို ျပဌာန္းေနၾကပါတယ္။

အေမရိကန္မွ လႊတ္ေတာ္ အမတ္မ်ား အပါအ၀င္ အထင္ကရ ပုဂၢိဳလ္မ်ားက Facebook ကို ပိတ္သိမ္းသင့္တယ္လို႔ ေတာင္းဆိုေနၾကပါတယ္။ အခုလည္း Facebook ကို မသံုးဖို႔ အထင္ကရ ပုဂၢိဳလ္တစ္ဦး ျဖစ္သူ Steve Wozniak က ေျပာပါတယ္။ သူဟာ Apple ကို ပူးတြဲတည္ေထာင္ခဲ့သူ ျဖစ္ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ ႏွစ္က သူ႔ Facebook အေကာင့္ကို ဖ်က္ခဲ့ပါတယ္။ သူက “လူေတြက အြန္လိုင္းမွာ သူတို႔ ေဒတာမ်ား လံုျခံဳတယ္လို႔ ထင္ေနၾကပါတယ္။ ဒါဟာ မဟုတ္ပါဘူး။  ကြ်န္ေတာ္ကိုယ္တိုင္လည္း ေဒတာမ်ား မွ်ေ၀ျခင္း၊ ခိုးယူျခင္းမ်ားေၾကာင့္ စိတ္ပူေနတယ္။    ဒါကို သင္ လံုး၀ ရပ္တန္႔လို႔ မရပါဘူး။ ဒါေပမယ့္ လံုျခံဳေအာင္ လုပ္ႏိုင္မယ့္ နည္းလမ္းမ်ား ရွိပါတယ္။ ဥပမာအားျဖင့္ Facebook အေကာင့္ကို ဖ်က္လိုက္တာပါ။  “ လို႔ ေျပာပါတယ္။

မီဒီယာတစ္ခုက ဖုန္းေတြ၊ တက္ဘလက္ေတြဟာ ပိုင္ရွင္ေတြကို စံုစမ္းေထာက္လွမ္းေနသလားလို႔ သူ႔ကို ေမးျမန္းခဲ့ပါတယ္။ သူက “ဒီေန႔ေခတ္မွာ Device မ်ားဟာ တစ္ခုနဲ႔ တစ္ခု ခ်ိတ္ဆက္ေနတဲ့အတြက္ သင့္ ေျပာစကားမ်ားဟာ ပုိၿပီး မလံုျခံဳေတာ့ပါဘူး။ ကြ်န္ေတာ့္ ဖုန္းက ကြ်န္ေတာ္ ေျပာေနတာေတြကို နားေထာင္ေနႏိုင္ပါတယ္။ Alexa ဟာလည္း ဒီလို ခိုးနားေထာင္ေနတဲ့ သတင္းေတြ ထြက္ေနပါတယ္။ “ လို႔ ျပန္ေျဖခဲ့ပါတယ္။

Ref : dailymail

[Unicode]

Facebook မသုံးသင့်ဘူးလို့ ပြောလိုက်တဲ့ Apple ရဲ့ ပူးတွဲတည်ထောင်သူ Steve Wozniak

Facebook , Google အပါအဝင် ကုမ္ပဏီများစွာဟာ စားသုံးသူများရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာများကို အခွင့်မရှိဘဲ ရယူ အသုံးပြုနေခြင်းများ ရှိနေပါတယ်။ ဒါ့အပြင် စားသုံးသူများရဲ့ ဒေတာများကို အခြား လူများက ခိုးယူနေခြင်းများကို တားဆီးနိုင်ခြင်းမရှိတဲ့ ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် နိုင်ငံ အစိုးရများက စားသုံးသူများရဲ့ ဒေတာများကို ကာကွယ်တဲ့ ဥပဒေများကို ပြဌာန်းနေကြပါတယ်။

အမေရိကန်မှ လွှတ်တော် အမတ်များ အပါအဝင် အထင်ကရ ပုဂ္ဂိုလ်များက Facebook ကို ပိတ်သိမ်းသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။ အခုလည်း Facebook ကို မသုံးဖို့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သူ Steve Wozniak က ပြောပါတယ်။ သူဟာ Apple ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ နှစ်က သူ့ Facebook အကောင့်ကို ဖျက်ခဲ့ပါတယ်။ သူက “လူတွေက အွန်လိုင်းမှာ သူတို့ ဒေတာများ လုံခြုံတယ်လို့ ထင်နေကြပါတယ်။ ဒါဟာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒေတာများ မျှဝေခြင်း၊ ခိုးယူခြင်းများကြောင့် စိတ်ပူနေတယ်။ ဒါကို သင် လုံး၀ ရပ်တန့်လို့ မရပါဘူး။ ဒါပေမယ့် လုံခြုံအောင် လုပ်နိုင်မယ့် နည်းလမ်းများ ရှိပါတယ်။ ဥပမာအားဖြင့် Facebook အကောင့်ကို ဖျက်လိုက်တာပါ။ “ လို့ ပြောပါတယ်။

မီဒီယာတစ်ခုက ဖုန်းတွေ၊ တက်ဘလက်တွေဟာ ပိုင်ရှင်တွေကို စုံစမ်းထောက်လှမ်းနေသလားလို့ သူ့ကို မေးမြန်းခဲ့ပါတယ်။ သူက “ဒီနေ့ခေတ်မှာ Device များဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတဲ့အတွက် သင့် ပြောစကားများဟာ ပိုပြီး မလုံခြုံတော့ပါဘူး။ ကျွန်တော့် ဖုန်းက ကျွန်တော် ပြောနေတာတွေကို နားထောင်နေနိုင်ပါတယ်။ Alexa ဟာလည်း ဒီလို ခိုးနားထောင်နေတဲ့ သတင်းတွေ ထွက်နေပါတယ်။ “ လို့ ပြန်ဖြေခဲ့ပါတယ်။

Ref : dailymail