[Zawgyi]

Apple က မတ္လမွာ သူ႔ရဲ႕ Credit Card ကို မိတ္ဆက္ခဲ့ပါတယ္။ Apple Card လို႔ နာမည္ေပးထားပါတယ္။ အခုေတာ့ ကုမၸဏီက Apple Card ကို ၾသဂုတ္လမွာ စတင္ ၀န္ေဆာင္မႈေပးမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ Apple CEO Tim Cook က “ Apple ၀န္ထမ္း ေထာင္ဂဏန္းေလာက္ဟာ Apple Card ကို ေန႔တုိင္း စမ္းသံုးေနၾကပါတယ္။ ၾသဂုတ္လမွာ Apple Card ကို  ျဖန္႔ခ်ီေတာ့မွာပါ။ “ လို႔ ေျပာပါတယ္။

Apple Card ကို Digital နဲ႔ Physical ဆိုၿပီး ၂ မ်ိဳးထုတ္ထားမွာ ျဖစ္ပါတယ္။ Physical Card ကို တိုက္ေတနီယမ္နဲ႔ ျပဳလုပ္ထားမွာပါ။ ဒါေပမယ့္ Apple Card မွာ သမားရိုးက် ဂဏန္း ၁၆ လံုး၊ CVV Code နဲ႔ Expiration Date ေတြ မပါပါဘူး။ လံုျခံဳေစဖို႔အတြက္ ေငြေပးေခ်မႈ တစ္ခုျပဳလုပ္တိုင္း ဂဏန္းေတြကို က်ပန္း ထုတ္ေပးမွာ ျဖစ္ပါတယ္။ အဲဒီ ဂဏန္းေတြကို ဖုန္းမွာ ထုတ္ေပးမွာပါ။ Apple က Credit Card Company ျဖစ္တဲ့ Goldman Sachs က သင္ ဘယ္မွာ ေစ်း၀ယ္သလဲ၊ ဘာေတြ ၀ယ္သလဲ၊ ေငြဘယ္ေလာက္ သံုးသလဲ ဆိုတာေတြကို ေျခရာခံလို႔ မရဘူးလို႔ ကတိေပးထားပါတယ္။

Apple က Cash Back Rewards ေတြနဲ႔ လူေတြကို စြဲေဆာင္ေနပါတယ္။ Apple Pay ကေန ၀ယ္ရင္ ၂ ရာခုိင္ႏႈန္းနဲ႔ Apple Store ကေန ၀ယ္ရင္ ၃ ရာခိုင္ႏႈန္း ျပန္ေပးမွာပါ။ တျခား Credit Card ေတြနဲ႔ ယွဥ္ရင္ Apple ရဲ႕ Rewards ေတြဟာ နည္းေနပါေသးတယ္။ ဒါေပမယ့္ iPhone ကိုင္ထားၿပီး Apple ထုတ္ကုန္ေတြကို မ်ားမ်ား ၀ယ္ခ်င္သူေတြအတြက္ေတာ့ အိုေကပါတယ္။ Apple Card ကို ျဖန္႔ခ်ီမယ့္ ရက္အတိအက်ကို မသိေသးပါဘူး။

Ref : theverge

[Unicode]

Apple က Credit Card ကို သြဂုတ်လမှာ ဖြန့်ချီမယ်လို့ အတည်ပြု

Apple က မတ်လမှာ သူ့ရဲ့ Credit Card ကို မိတ်ဆက်ခဲ့ပါတယ်။ Apple Card လို့ နာမည်ပေးထားပါတယ်။ အခုတော့ ကုမ္ပဏီက Apple Card ကို သြဂုတ်လမှာ စတင် ဝန်ဆောင်မှုပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ Apple CEO Tim Cook က “ Apple ဝန်ထမ်း ထောင်ဂဏန်းလောက်ဟာ Apple Card ကို နေ့တိုင်း စမ်းသုံးနေကြပါတယ်။ သြဂုတ်လမှာ Apple Card ကို ဖြန့်ချီတော့မှာပါ။ “ လို့ ပြောပါတယ်။

Apple Card ကို Digital နဲ့ Physical ဆိုပြီး ၂ မျိုးထုတ်ထားမှာ ဖြစ်ပါတယ်။ Physical Card ကို တိုက်တေနီယမ်နဲ့ ပြုလုပ်ထားမှာပါ။ ဒါပေမယ့် Apple Card မှာ သမားရိုးကျ ဂဏန်း ၁၆ လုံး၊ CVV Code နဲ့ Expiration Date တွေ မပါပါဘူး။ လုံခြုံစေဖို့အတွက် ငွေပေးချေမှု တစ်ခုပြုလုပ်တိုင်း ဂဏန်းတွေကို ကျပန်း ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ ဂဏန်းတွေကို ဖုန်းမှာ ထုတ်ပေးမှာပါ။ Apple က Credit Card Company ဖြစ်တဲ့ Goldman Sachs က သင် ဘယ်မှာ ဈေးဝယ်သလဲ၊ ဘာတွေ ဝယ်သလဲ၊ ငွေဘယ်လောက် သုံးသလဲ ဆိုတာတွေကို ခြေရာခံလို့ မရဘူးလို့ ကတိပေးထားပါတယ်။

Apple က Cash Back Rewards တွေနဲ့ လူတွေကို စွဲဆောင်နေပါတယ်။ Apple Pay ကနေ ဝယ်ရင် ၂ ရာခိုင်နှုန်းနဲ့ Apple Store ကနေ ဝယ်ရင် ၃ ရာခိုင်နှုန်း ပြန်ပေးမှာပါ။ တခြား Credit Card တွေနဲ့ ယှဉ်ရင် Apple ရဲ့ Rewards တွေဟာ နည်းနေပါသေးတယ်။ ဒါပေမယ့် iPhone ကိုင်ထားပြီး Apple ထုတ်ကုန်တွေကို များများ ဝယ်ချင်သူတွေအတွက်တော့ အိုကေပါတယ်။ Apple Card ကို ဖြန့်ချီမယ့် ရက်အတိအကျကို မသိသေးပါဘူး။

Ref : theverge