ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Samsung ကုမ္ပဏီဟာ Smartwatch တွေအတွက် microLED Display တွေကို စတင်ထုတ်လုပ်မှုစတင်နေပြီဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။​ ဒါကြောင့် Apple Watch တွေဟာ နောက်ပိုင်းမှာ Samsung ရဲ့ microLED Display တွေကို ပြောင်းလဲအသုံးပြုလာမယ်ဆိုပြီး ခန့်မှန်းနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းအရ Apple ဟာ လာမယ့် Apple Watch အသစ်တွေမှာ microLED Display ကို ပြောင်းလဲသွားမှာဖြစ်ပေမယ့် Samsung အစား LG Display ဆီကနေ Display တွေဝယ်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

အဆိုပါသတင်းအရ LG Display ဟာ လက်ရှိအချိန်မှာ microLED Display တွေအတွက် လိုအပ်တဲ့စီစဥ်ထုတ်လုပ်မှုတွေကို စတင်နေပြီဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်အတွင်းမှာ အမြောက်အများထုတ်လုပ်သွားမှာဖြစ်ပါတယ်။ Apple ရဲ့ ပထမဆုံးသော microLED Display ပါဝင်တဲ့ Apple Watch ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ မိတ်ဆက်ဖို့ စီစဥ်ထားတာကြောင့် LG Display ဆီကပဲ လိုအပ်တဲ့ microLED Display တွေကို ဝယ်ယူသွားဖွယ်ရှိနေပါတယ်။

 

Samsung အနေနဲ့ လာမယ့် ၂၀၂၄ ခုနှစ်အတွင်း Smartwatch အတွက် microLED Display နည်းပညာကို အဆင်သင့်ဖြစ်အောင် ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် Apple Watch ဟာ ပထမဆုံး microLED Display အသုံးပြုလာမှာမဟုတ်ဘဲ Samsung Smartwatch တွေမှာ အရင်ဆုံးအသုံးပြုလာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena