[Unicode]

Broadcom ဟာ Wireless အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ အဖြစ် လူသိများပါတယ်။ အခုတော့ Apple က Wireless အစိတ်အပိုင်း ဒေါ်လာ ၁၅ ဘီလီယမ်ဖိုး ဝယ်ယူဖို့ Broadcom နဲ့ စာချုပ်ချုပ်လိုက်တယ်လို့ Securities And Exchange Commission (SEC) မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

Broadcom က နောက် ၃ နှစ်ခွဲအတွင်းမှာ Apple ရဲ့ Hardware တွေမှာ သုံးဖို့အတွက် RF အစိတ်အပိုင်းတွေကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ Apple ဟာ WiFi နဲ့ Bluetooth ဆက်သွယ်မှုအတွက် iPhone 11 Series တွေမှာ Broadcom ရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုထားပါတယ်။

လေ့လာဆန်းစစ်သူ Patrick Moorhead or Moor Insights က မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ နောက်ထုတ်မယ့် iPhone တွေမှာ LTE ဆက်သွယ်မှုအတွက် Broadcom ရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုမှာဖြစ်ပါတယ်။ ဒါပေမယ့် Broadcom ရဲ့ 5G ဆက်သွယ်မှု နည်းပညာဟာ မအောင်မြင်သေးပါဘူး။ အဲဒီအတွက်လည်း Apple က Intel ရဲ့ Modem ဌာနကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Broadcom က ၂၀၁၈ ခုနှစ်ရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းနဲ့ ၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေ ၂၀ ရာခိုင်နှုန်းဟာ Apple ဆီကနေ ရတာလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြောခဲ့ဖူးပါတယ်။ Broadcom ဟာ Apple အတွက် အစိတ်အပိုင်း ထုတ်လုပ်ပေးတဲ့ အဓိက အမေရိကန် ကုမ္ပဏီ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ JP Morgan ရဲ့ လေ့လာဆန်းစစ်သူက iPhone ၁ လုံးမှာ ၁၀ ဒေါ်လာတန်တဲ့ Broadcom ရဲ့ အစိတ်အပိုင်းတွေ ပါတယ်လို့ တွက်ချက်ခဲ့ပါတယ်။

Ref : gsmarena, cnbc

[Zawgyi]

Apple က Wireless အစိတ္အပိုင္း ေဒၚလာ ၁၅ ဘီလီယမ္ဖိုး ဝယ္ယူဖို႔ Broadcom နဲ႔ စာခ်ဳပ္ခ်ဳပ္

Broadcom ဟာ Wireless အစိတ္အပိုင္းေတြ ထုတ္လုပ္တဲ့ ကုမၸဏီ အျဖစ္ လူသိမ်ားပါတယ္။ အခုေတာ့ Apple က Wireless အစိတ္အပိုင္း ေဒၚလာ ၁၅ ဘီလီယမ္ဖိုး ဝယ္ယူဖို႔ Broadcom နဲ႔ စာခ်ဳပ္ခ်ဳပ္လိုက္တယ္လို႔ Securities And Exchange Commission (SEC) မွာ မွတ္ပုံတင္ထားတဲ့ သတင္းအခ်က္အလက္ေတြအရ သိရပါတယ္။

Broadcom က ေနာက္ ၃ ႏွစ္ခြဲအတြင္းမွာ Apple ရဲ႕ Hardware ေတြမွာ သုံးဖို႔အတြက္ RF အစိတ္အပိုင္းေတြကို ပံ့ပိုးေပးမွာ ျဖစ္ပါတယ္။ လက္ရွိမွာ Apple ဟာ WiFi နဲ႔ Bluetooth ဆက္သြယ္မႈအတြက္ iPhone 11 Series ေတြမွာ Broadcom ရဲ႕ အစိတ္အပိုင္းေတြကို အသုံးျပဳထားပါတယ္။

ေလ့လာဆန္းစစ္သူ Patrick Moorhead or Moor Insights က မွတ္ပုံတင္ထားတဲ့ သတင္းအခ်က္အလက္ေတြအရ ေနာက္ထုတ္မယ့္ iPhone ေတြမွာ LTE ဆက္သြယ္မႈအတြက္ Broadcom ရဲ႕ အစိတ္အပိုင္းေတြကို အသုံးျပဳမွာျဖစ္ပါတယ္။ ဒါေပမယ့္ Broadcom ရဲ႕ 5G ဆက္သြယ္မႈ နည္းပညာဟာ မေအာင္ျမင္ေသးပါဘူး။ အဲဒီအတြက္လည္း Apple က Intel ရဲ႕ Modem ဌာနကို ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

Broadcom က ၂၀၁၈ ခုႏွစ္ရဲ႕ ဝင္ေငြ ၂၅ ရာခိုင္ႏႈန္းနဲ႔ ၂၀၁၉ ခုႏွစ္ရဲ႕ ဝင္ေငြ ၂၀ ရာခိုင္ႏႈန္းဟာ Apple ဆီကေန ရတာလို႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ေျပာခဲ့ဖူးပါတယ္။ Broadcom ဟာ Apple အတြက္ အစိတ္အပိုင္း ထုတ္လုပ္ေပးတဲ့ အဓိက အေမရိကန္ ကုမၸဏီ ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္မွာ JP Morgan ရဲ႕ ေလ့လာဆန္းစစ္သူက iPhone ၁ လုံးမွာ ၁၀ ေဒၚလာတန္တဲ့ Broadcom ရဲ႕ အစိတ္အပိုင္းေတြ ပါတယ္လို႔ တြက္ခ်က္ခဲ့ပါတယ္။

Ref : gsmarena, cnbc