[Unicode]

Apple ဟာ သူတို့ရဲ့ ပရီမီယံအဆင့် iPhone သစ်တွေကို စက်တင်ဘာလမှာ ကြေညာလေ့ရှိတာ ၂၀၁၇ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာဆန်းစစ်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ JP Morgan ရဲ့သတင်းအချက်အလက်ကို ကိုးကားပြီး Apple ဟာ လာမယ့်နှစ် iPhone 12 တွေကြေညာမယ့်ကိစ္စအတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို ပြုလုပ်လာလိမ့်မယ်လို့ AppleInsider က ရေးသားဖော်ပြလိုက်ပါတယ်။

JP Morgan ကတော့ Apple ဟာ 5G iPhone လေးမျိုးကို ထုတ်လုပ်ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။ iPhone သစ်လေးမျိုးဟာ 5.4-inch တစ်မျိုး၊ 6.7-inch တစ်မျိုးနဲ့ 6.1-inch အမျိုးအစား နှစ်မျိုးတို့ ဖြစ်တယ်လို့ ကောလာဟလလည်း ထွက်ထားပါသေးတယ်။ လေ့လာဆန်းစစ်မှုအရ Pro-branded မော်ဒယ် နှစ်မျိုးနဲ့ Standard မော်ဒယ် နှစ်မျိုး လို့ဆိုထားတာကြောင့် အနည်းငယ်တော့ အံ့အားသင့်စရာ ဖြစ်ပါတယ်။

iPhone 12 တွေအားလုံးဟာ ကျစ်လျစ်သိပ်သည်းတဲ့ ပုံစံတွေနဲ့ပဲ ဖြစ်လာမယ်လို့ ဆိုသလို၊ 5.4-inch အမျိုးအစားဟာ 5.8-inch iPhone 11 Pro နေရာကို တိုက်ရိုက်ဆက်ခံမယ်လို့ JP Morgan က ဆိုပါတယ်။ ဒါ့အပြင် ဒီအစားထိုးမှုက လုံးဝအသစ်ဖြစ်သလို၊ ဈေးနှုန်းလည်း ချိုသာလာလိမ့်မယ်လို့ ခန့်မှန်းထားပါသေးတယ်။

Feature အားဖြင့်တော့ 5.4-inch အမျိုးအစားဟာ iPhone 11 လိုမျိုးပဲ ကင်မရာနှစ်လုံးနဲ့ ထွက်လာဖွယ်ရှိပြီး မျက်နှာပြင်က OLED အမျိုးအစား အသုံးပြုထားမယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ Apple ဟာ ဘာကြောင့် ကျစ်လျစ်တဲ့ဒီဇိုင်းပိုင်းကို ပြန်သွားသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဒါဟာ iPhone တွေရဲ့ ကိုယ်ပိုင်ပုံစံလို့ ပြောရမယ့် ဒီဇိုင်းကို ပြန်ပြီးဖော်ထုတ်တာလို့လည်း ယူဆနိုင်ပါတယ်။

iPhone 12, iPhone 12 Plus ဒါမှမဟုတ် Max တို့အပြင် iPhone 12 Pro နဲ့ iPhone 12 Pro Max စတဲ့နာမည်တွေနဲ့ ဈေးကွက်ထဲကို ပို့ဆောင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 6.1-inch Pro ကတော့ iPhone 11 Pro နေရာမှာ အစားထိုးမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ ကျောဘက်မှာ ကင်မရာသုံးလုံးပါဝင်ဖွယ်ရှိပြီး 3D scanning system လည်း ပါဝင်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ Bezel နဲ့ Notch တွေ ပိုပြီးကျုံ့သွားစေတဲ့ OLED မျက်နှာပြင်နဲ့လို့လည်း ကောလာဟလထွက်ထားပါတယ်။ 6.7-inch အမျိုးအစား iPhone 12 Pro Max ကတော့ ၂၀၁၉ ထုတ် Max နေရာကို ဆက်ခံသွားမယ်လို့ သိရပါတယ်။

မဟာဗျူဟာအပြောင်းအလဲအဖြစ် Apple ဟာ ပထမနှစ်ဝက်မှာ Standard မော်ဒယ်နှစ်မျိုးကို မိတ်ဆက်သွားမှာဖြစ်ပြီး ဒုတိယနှစ်ဝက်ရောက်မှ Pro မော်ဒယ်တွေကို မိတ်ဆက်သွားလိမ့်မယ်လို့ JP Morgan က အခိုင်အမာ ပြောဆိုထားပါတယ်။ ရည်ရွယ်ချက်ကတော့ ဈေးကွက်အတွင်းမှာ တစ်နှစ်ပတ်လုံး ယှဉ်ပြိုင်မှုရှိလာစေဖို့ဖြစ်ပြီး ထုတ်လုပ်မှုဖြစ်စဉ်တွေကိုလည်း ပိုပြီးချောမွေ့စေဖို့ဖြစ်တယ်လို့ သိရပါတယ်။

Ref: Phone Arena

[Zawgyi]

လာမယ့္ႏွစ္မွာ iPhone ျဖန႔္ခ်ိေရးဗ်ဴဟာကို ေျပာင္းလဲလာဖြယ္ရွိတဲ့ Apple

Apple ဟာ သူတို႔ရဲ႕ ပရီမီယံအဆင့္ iPhone သစ္ေတြကို စက္တင္ဘာလမွာ ေၾကညာေလ့ရွိတာ ၂၀၁၇ ခုႏွစ္ကတည္းက ျဖစ္ပါတယ္။ ဒါေပမယ့္ ေလ့လာဆန္းစစ္မႈကုမၸဏီတစ္ခုျဖစ္တဲ့ JP Morgan ရဲ႕သတင္းအခ်က္အလက္ကို ကိုးကားၿပီး Apple ဟာ လာမယ့္ႏွစ္ iPhone 12 ေတြေၾကညာမယ့္ကိစၥအတြက္ ႀကီးမားတဲ့အေျပာင္းအလဲတစ္ခုကို ျပဳလုပ္လာလိမ့္မယ္လို႔ AppleInsider က ေရးသားေဖာ္ျပလိုက္ပါတယ္။

JP Morgan ကေတာ့ Apple ဟာ 5G iPhone ေလးမ်ိဳးကို ထုတ္လုပ္ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ယုံၾကည္ေနပါတယ္။ iPhone သစ္ေလးမ်ိဳးဟာ 5.4-inch တစ္မ်ိဳး၊ 6.7-inch တစ္မ်ိဳးနဲ႔ 6.1-inch အမ်ိဳးအစား ႏွစ္မ်ိဳးတို႔ ျဖစ္တယ္လို႔ ေကာလာဟလလည္း ထြက္ထားပါေသးတယ္။ ေလ့လာဆန္းစစ္မႈအရ Pro-branded ေမာ္ဒယ္ ႏွစ္မ်ိဳးနဲ႔ Standard ေမာ္ဒယ္ ႏွစ္မ်ိဳး လို႔ဆိုထားတာေၾကာင့္ အနည္းငယ္ေတာ့ အံ့အားသင့္စရာ ျဖစ္ပါတယ္။

iPhone 12 ေတြအားလုံးဟာ က်စ္လ်စ္သိပ္သည္းတဲ့ ပုံစံေတြနဲ႔ပဲ ျဖစ္လာမယ္လို႔ ဆိုသလို၊ 5.4-inch အမ်ိဳးအစားဟာ 5.8-inch iPhone 11 Pro ေနရာကို တိုက္႐ိုက္ဆက္ခံမယ္လို႔ JP Morgan က ဆိုပါတယ္။ ဒါ့အျပင္ ဒီအစားထိုးမႈက လုံးဝအသစ္ျဖစ္သလို၊ ေဈးႏႈန္းလည္း ခ်ိဳသာလာလိမ့္မယ္လို႔ ခန႔္မွန္းထားပါေသးတယ္။

Feature အားျဖင့္ေတာ့ 5.4-inch အမ်ိဳးအစားဟာ iPhone 11 လိုမ်ိဳးပဲ ကင္မရာႏွစ္လုံးနဲ႔ ထြက္လာဖြယ္ရွိၿပီး မ်က္ႏွာျပင္က OLED အမ်ိဳးအစား အသုံးျပဳထားမယ္လို႔ ဆိုပါတယ္။ အခုအခ်ိန္မွာ Apple ဟာ ဘာေၾကာင့္ က်စ္လ်စ္တဲ့ဒီဇိုင္းပိုင္းကို ျပန္သြားသလဲဆိုတာကို ရွင္းရွင္းလင္းလင္း မသိရေသးေပမယ့္ ဒါဟာ iPhone ေတြရဲ႕ ကိုယ္ပိုင္ပုံစံလို႔ ေျပာရမယ့္ ဒီဇိုင္းကို ျပန္ၿပီးေဖာ္ထုတ္တာလို႔လည္း ယူဆႏိုင္ပါတယ္။

iPhone 12, iPhone 12 Plus ဒါမွမဟုတ္ Max တို႔အျပင္ iPhone 12 Pro နဲ႔ iPhone 12 Pro Max စတဲ့နာမည္ေတြနဲ႔ ေဈးကြက္ထဲကို ပို႔ေဆာင္ဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။ 6.1-inch Pro ကေတာ့ iPhone 11 Pro ေနရာမွာ အစားထိုးမွာျဖစ္တယ္လို႔ ခန႔္မွန္းထားပါတယ္။ ေက်ာဘက္မွာ ကင္မရာသုံးလုံးပါဝင္ဖြယ္ရွိၿပီး 3D scanning system လည္း ပါဝင္လာဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ Bezel နဲ႔ Notch ေတြ ပိုၿပီးက်ဳံ႕သြားေစတဲ့ OLED မ်က္ႏွာျပင္နဲ႔လို႔လည္း ေကာလာဟလထြက္ထားပါတယ္။ 6.7-inch အမ်ိဳးအစား iPhone 12 Pro Max ကေတာ့ ၂၀၁၉ ထုတ္ Max ေနရာကို ဆက္ခံသြားမယ္လို႔ သိရပါတယ္။

မဟာဗ်ဴဟာအေျပာင္းအလဲအျဖစ္ Apple ဟာ ပထမႏွစ္ဝက္မွာ Standard ေမာ္ဒယ္ႏွစ္မ်ိဳးကို မိတ္ဆက္သြားမွာျဖစ္ၿပီး ဒုတိယႏွစ္ဝက္ေရာက္မွ Pro ေမာ္ဒယ္ေတြကို မိတ္ဆက္သြားလိမ့္မယ္လို႔ JP Morgan က အခိုင္အမာ ေျပာဆိုထားပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ ေဈးကြက္အတြင္းမွာ တစ္ႏွစ္ပတ္လုံး ယွဥ္ၿပိဳင္မႈရွိလာေစဖို႔ျဖစ္ၿပီး ထုတ္လုပ္မႈျဖစ္စဥ္ေတြကိုလည္း ပိုၿပီးေခ်ာေမြ႕ေစဖို႔ျဖစ္တယ္လို႔ သိရပါတယ္။

Ref: Phone Arena