Zawgyi

အခုအခ်ိန္မွာ Android စမတ္ဖုန္းထုတ္လုပ္သူေတြျဖစ္တဲ့ Samsung နဲ႔ Huawei ကေန ေခါက္ခ်ိဳးႏုိင္တဲ့ Foldable Phone ေတြကို မိတ္ဆက္ထားျပီး မၾကာခင္မွာ ေရာင္းခ်ႏုိင္ဖုိ႔ ျပင္ဆင္ေနၾကတာျဖစ္ပါတယ္။ ဒါ့အျပင္ Chinese စမတ္ဖုန္းထုတ္လုပ္သူေတြျဖစ္တဲ့ OPPO ၊ Xiaomi တုိ႔ကလည္း Foldable စမတ္ဖုန္း Prototype ေတြကို ျပသထားျပီးျဖစ္ပါတယ္။

အဲ့ဒီအတြက္ လာမယ့္ႏွစ္အတြင္းမွာ ဒီ Foldable စမတ္ဖုန္းေတြက Flagship ဖုန္းေတြရဲ႕ အေပၚမွာ ေနရာယူလာမွာျဖစ္ျပီးေတာ့ ၾကည့္ရတာ Apple လည္း ဒီ Foldable ျပိဳင္ပြဲထဲမွာ ဝင္ျပီး ယွဥ္ျပိဳင္ေတာ့မယ့္ပံုစံပါပဲ။

ဘာေၾကာင့္လဲဆုိရင္ Apple ကေန လာမယ့္ ၂၀၂၀ ခုႏွစ္မွာ Qualcomm ရဲ႕ 5G Modem နဲ႔ 2-in-1 Foldable 5G iPad ေတြကို ထုတ္လုပ္လာႏုိင္တယ္လုိ႔ Analyst တစ္ေယာက္က ေျပာၾကားလုိက္တာပဲျဖစ္ပါတယ္။ အခုသတင္းကိုေျပာၾကားခဲ့တဲ့ Analyst က အရမ္းၾကီး Apple သတင္းေတြကို မွန္ကန္ေအာင္ေျပာႏုိင္တဲ့သူမဟုတ္ေပမယ့္ Apple iPhone ေတြကို တပ္ဆင္ဖုိ႔ဘယ္ေလာက္ကုန္က်ျပီး ဘယ္ေလာက္နဲ႔ေရာင္းခ်တယ္ဆုိတာကို ေျပာဆိုတတ္တဲ့ IHS Markit က Analyst Jeff Lin ပဲျဖစ္ပါတယ္။

ဒီသတင္းက လံုးဝမွန္ကန္တယ္လုိ႔ ေျပာဖုိ႔ကေတာ့ ေစာေသးတယ္ဆုိေပမယ့္ တကယ္သာ Apple အေနနဲ႔ လက္ရွိအခ်ိန္မွာလည္း iPad ကို သီးသန္႔ iPadOS အေနနဲ႔ ထုတ္ေပးထားတဲ့အတြက္ ဒီလုိမ်ိဳး Productivity ကို ဦးစားေပးမယ့္ Foldable iPad ဆိုတာလည္း ျဖစ္ႏုိင္တယ္လုိ႔ ေျပာရမွာပါ။

ဘာပဲျဖစ္ျဖစ္ ေလာေလာဆယ္ေတာင္မွ Galaxy Fold နဲ႔ Huawei Mate X လုိဖုန္းေတြက ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၂၀၀၀ ဝန္းက်င္ေလာက္ျဖစ္ေနေတာ့ Apple သာ Foldable iPad ထုတ္လာခဲ့ရင္ ေစ်းၾကီးမွာကေတာ့ က်ိန္းေသပါတယ္။

Ref – Phone Arena

Unicode

အခုအချိန်မှာ Android စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Samsung နဲ့ Huawei ကနေ ခေါက်ချိုးနိုင်တဲ့ Foldable Phone တွေကို မိတ်ဆက်ထားပြီး မကြာခင်မှာ ရောင်းချနိုင်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် Chinese စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ OPPO ၊ Xiaomi တို့ကလည်း Foldable စမတ်ဖုန်း Prototype တွေကို ပြသထားပြီးဖြစ်ပါတယ်။

အဲ့ဒီအတွက် လာမယ့်နှစ်အတွင်းမှာ ဒီ Foldable စမတ်ဖုန်းတွေက Flagship ဖုန်းတွေရဲ့ အပေါ်မှာ နေရာယူလာမှာဖြစ်ပြီးတော့ ကြည့်ရတာ Apple လည်း ဒီ Foldable ပြိုင်ပွဲထဲမှာ ဝင်ပြီး ယှဉ်ပြိုင်တော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Apple ကနေ လာမယ့် ၂၀၂၀ ခုနှစ်မှာ Qualcomm ရဲ့ 5G Modem နဲ့ 2-in-1 Foldable 5G iPad တွေကို ထုတ်လုပ်လာနိုင်တယ်လို့ Analyst တစ်ယောက်က ပြောကြားလိုက်တာပဲဖြစ်ပါတယ်။ အခုသတင်းကိုပြောကြားခဲ့တဲ့ Analyst က အရမ်းကြီး Apple သတင်းတွေကို မှန်ကန်အောင်ပြောနိုင်တဲ့သူမဟုတ်ပေမယ့် Apple iPhone တွေကို တပ်ဆင်ဖို့ဘယ်လောက်ကုန်ကျပြီး ဘယ်လောက်နဲ့ရောင်းချတယ်ဆိုတာကို ပြောဆိုတတ်တဲ့ IHS Markit က Analyst Jeff Lin ပဲဖြစ်ပါတယ်။

ဒီသတင်းက လုံးဝမှန်ကန်တယ်လို့ ပြောဖို့ကတော့ စောသေးတယ်ဆိုပေမယ့် တကယ်သာ Apple အနေနဲ့ လက်ရှိအချိန်မှာလည်း iPad ကို သီးသန့် iPadOS အနေနဲ့ ထုတ်ပေးထားတဲ့အတွက် ဒီလိုမျိုး Productivity ကို ဦးစားပေးမယ့် Foldable iPad ဆိုတာလည်း ဖြစ်နိုင်တယ်လို့ ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် လောလောဆယ်တောင်မှ Galaxy Fold နဲ့ Huawei Mate X လိုဖုန်းတွေက ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀၀ ဝန်းကျင်လောက်ဖြစ်နေတော့ Apple သာ Foldable iPad ထုတ်လာခဲ့ရင် ဈေးကြီးမှာကတော့ ကျိန်းသေပါတယ်။

Ref – Phone Arena