[Zawgyi]

ဒီသတင္းအေၾကာင္းေျပာရင္ေတာ့ CoinX ရဲ႕ တြစ္တာပို႔စ္က စာသားကိုပဲ စေျပာရမယ္ထင္ပါတယ္။ ဟုတ္ပါတယ္။ iPhone အတြက္ “Pro” ဆိုတဲ့ အသုံးအႏႈန္းနဲ႔ နာမည္ေပးဖို႔ဆိုတာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္ကဆိုရင္ေတာ့ ခပ္ေၾကာင္ေၾကာင္ အစီအစဥ္လို႔ ေျပာခဲ့ၾကမွာပါပဲ။

ဒါေပမယ့္ ဒီႏွစ္မွာေတာ့ iPhone ေတြရဲ႕ နာမည္မွာ “Pro” ဆိုတဲ့ အသုံးအႏႈန္းလည္း ပါဝင္လာႏိုင္ေျခရွိတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ျဖစ္ႏိုင္ပါ့မလားဆိုေပမယ့္ မျဖစ္ႏိုင္ဘူးလို႔လည္း မေျပာႏိုင္ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္တုန္းက iPhone XS, XS Max နဲ႔ XR ဆိုၿပီး ထြက္ခဲ့သလို ဒီႏွစ္မွာလည္း ဆက္ခံတဲ့ iPhone ေတြက သုံးမ်ိဳးပဲ ထြက္လာဦးမွာပါ။

Apple အေနနဲ႔ နာမည္ေပးရာမွာ သမား႐ိုးက်ျဖစ္တဲ့ iPhone 11 လို႔ ေပးမယ္ဆိုၿပီး သတင္းထြက္ေပၚထားခဲ့ေပမယ့္ iPhone Pro ဆိုၿပီး ေျပာင္းလဲသြားမယ္ဆိုရင္လည္း အံ့အားသင့္စရာ မရွိဘူးလို႔ေတာ့ ဆိုရမွာပါ။ XS နဲ႔ XS Max ေတြေနရာမွာအစားထိုးဖို႔ iPhone Pro (5.8-inch) နဲ႔ iPhone Pro (6.5-inch) ဆိုၿပီးေတာ့လည္း ထြက္လာႏိုင္တာပါပဲ။

ဒါမွမဟုတ္ သမား႐ိုးက်ေပးတဲ့နာမည္မွာကိုပဲ “Pro” ဆိုတဲ့အသုံးအႏႈန္းထည့္လာတာလည္း ျဖစ္ႏိုင္ပါေသးတယ္။ iPhone 11R, iPhone 11 နဲ႔ iPhone 11 pro ဆိုၿပီးေတာ့လည္း ျဖစ္ခ်င္ျဖစ္သြားလို႔ ရပါေသးတယ္။ ၂၀၁၈ iPhone ေတြကို ျပင္ဆင္မႈအခ်ိဳ႕နဲ႔ ျမႇင့္တင္မႈအခ်ိဳ႕သာ ျပဳလုပ္ထားတဲ့ ၂၀၁၉ iPhone ေတြဟာ အမည္ေပးမႈအပိုင္းမွာေရာ ေျပာင္းလဲသြားမွာလားဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Apple အနေနဲ့ iPhone 11 အတွက်နာမည်ပေးရာမှာ “Pro” အသုံးအနှုန်းကိုလည်း ထည့်သွင်းလာနိုင်ကြောင်း သတင်းထွက်ပေါ်လာ

ဒီသတင်းအကြောင်းပြောရင်တော့ CoinX ရဲ့ တွစ်တာပို့စ်က စာသားကိုပဲ စပြောရမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ iPhone အတွက် “Pro” ဆိုတဲ့ အသုံးအနှုန်းနဲ့ နာမည်ပေးဖို့ဆိုတာ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကဆိုရင်တော့ ခပ်ကြောင်ကြောင် အစီအစဉ်လို့ ပြောခဲ့ကြမှာပါပဲ။

ဒါပေမယ့် ဒီနှစ်မှာတော့ iPhone တွေရဲ့ နာမည်မှာ “Pro” ဆိုတဲ့ အသုံးအနှုန်းလည်း ပါဝင်လာနိုင်ခြေရှိတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဖြစ်နိုင်ပါ့မလားဆိုပေမယ့် မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းက iPhone XS, XS Max နဲ့ XR ဆိုပြီး ထွက်ခဲ့သလို ဒီနှစ်မှာလည်း ဆက်ခံတဲ့ iPhone တွေက သုံးမျိုးပဲ ထွက်လာဦးမှာပါ။

Apple အနေနဲ့ နာမည်ပေးရာမှာ သမားရိုးကျဖြစ်တဲ့ iPhone 11 လို့ ပေးမယ်ဆိုပြီး သတင်းထွက်ပေါ်ထားခဲ့ပေမယ့် iPhone Pro ဆိုပြီး ပြောင်းလဲသွားမယ်ဆိုရင်လည်း အံ့အားသင့်စရာ မရှိဘူးလို့တော့ ဆိုရမှာပါ။ XS နဲ့ XS Max တွေနေရာမှာအစားထိုးဖို့ iPhone Pro (5.8-inch) နဲ့ iPhone Pro (6.5-inch) ဆိုပြီးတော့လည်း ထွက်လာနိုင်တာပါပဲ။

ဒါမှမဟုတ် သမားရိုးကျပေးတဲ့နာမည်မှာကိုပဲ “Pro” ဆိုတဲ့အသုံးအနှုန်းထည့်လာတာလည်း ဖြစ်နိုင်ပါသေးတယ်။ iPhone 11R, iPhone 11 နဲ့ iPhone 11 pro ဆိုပြီးတော့လည်း ဖြစ်ချင်ဖြစ်သွားလို့ ရပါသေးတယ်။ ၂၀၁၈ iPhone တွေကို ပြင်ဆင်မှုအချို့နဲ့ မြှင့်တင်မှုအချို့သာ ပြုလုပ်ထားတဲ့ ၂၀၁၉ iPhone တွေဟာ အမည်ပေးမှုအပိုင်းမှာရော ပြောင်းလဲသွားမှာလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena