[Zawgyi]

Apple ဟာ iPod touch ေတြကို ျပန္လည္ဆန္းသစ္ျပဳျပင္ၿပီး၊ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ဒီသတင္းနဲ႔အတူ တြဲလ်က္ထြက္ေပၚလာတာက ၂၀၁၉ ထုတ္ iPhone ေတြဟာလည္း ၂၀၁၈ iPad Pros ေတြလို USB-C သုံးေတာ့မယ္ဆိုတဲ့ သတင္းစကားပဲ ျဖစ္ပါတယ္။

ဒီသတင္းေတြကိုေတာ့ Apple အေၾကာင္း အစဥ္တစ္စိုက္ေဖာ္ျပေနတဲ့ 9To5Mac က Macotakara supply chain blog ရဲ႕ ေရးသားမႈကို အေျခခံၿပီး ထပ္မံေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ iPod အသစ္ေတြမွာ ဘာေတြေျပာင္းလဲသြားမလဲ ဆိုတာကိုေတာ့ အေသးစိတ္ေဖာ္ျပခဲ့ျခင္း မရွိပါဘူး။

စမတ္ဖုန္းေတြမွာ ေဖ်ာ္ေျဖမႈေတြကို ေကာင္းေကာင္းအသုံးျပဳလို႔ရလာၿပီးတဲ့ေနာက္ သီခ်င္းပဲ သီးသန႔္နားေထာင္ႏိုင္တဲ့ Music Player ေတြရဲ႕ အခန္းက႑ဟာ ေမွးမွိန္ခဲ့ပါတယ္။ အလားတူပဲ iPod ေတြလည္း ေဈးကြက္ထဲမွာ ၿငိမ္သက္သြားခဲ့ရပါတယ္။ 6th Generation iPod touch ဟာ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းက ျဖန႔္ခ်ိခဲ့တာျဖစ္ၿပီး Apple ကေတာ့ အခုအခ်ိန္ထိ Storage 32GB ကို $199 (သုံးသိန္းဝန္းက်င္) နဲ႔ ေရာင္းခ်ေနတုန္း ျဖစ္ပါတယ္။

သီအိုရီပိုင္းအရေျပာရမယ္ဆိုရင္ေတာ့ Entry-level iPod touch ေတြဟာ Apple အတြက္ Services ပိုင္းဆိုင္ရာ ပိုမိုႀကီးထြားလာဖို႔အတြက္ အေထာက္အပံ့ေကာင္းေတြ ျဖစ္လာႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ iOS အသုံးျပဳသူေတြဟာ iCloud storage ကို ပိုသုံးလာရမယ္၊ Apple Music နဲ႔ App Store, iTunes Store စတာေတြကို ပိုသုံးလာရမွာ ျဖစ္ပါတယ္။ iPod Touch ေတြဟာ စမတ္ဖုန္းသုံးဖို႔ အဆင္သင့္မျဖစ္ေသးတဲ့ အ႐ြယ္ေတြအတြက္ ပစ္မွတ္ျဖစ္လာႏိုင္ပါတယ္။

Ref: 9To5Mac

[Unicode]

Apple ဟာ iPod Touch ကို အဆင့်မြှင့်တင်နေကြောင်း သတင်းထွက်ပေါ်လာ

Apple ဟာ iPod touch တွေကို ပြန်လည်ဆန်းသစ်ပြုပြင်ပြီး၊ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့အတူ တွဲလျက်ထွက်ပေါ်လာတာက ၂၀၁၉ ထုတ် iPhone တွေဟာလည်း ၂၀၁၈ iPad Pros တွေလို USB-C သုံးတော့မယ်ဆိုတဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။

ဒီသတင်းတွေကိုတော့ Apple အကြောင်း အစဉ်တစ်စိုက်ဖော်ပြနေတဲ့ 9To5Mac က Macotakara supply chain blog ရဲ့ ရေးသားမှုကို အခြေခံပြီး ထပ်မံဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် iPod အသစ်တွေမှာ ဘာတွေပြောင်းလဲသွားမလဲ ဆိုတာကိုတော့ အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိပါဘူး။

စမတ်ဖုန်းတွေမှာ ဖျော်ဖြေမှုတွေကို ကောင်းကောင်းအသုံးပြုလို့ရလာပြီးတဲ့နောက် သီချင်းပဲ သီးသန့်နားထောင်နိုင်တဲ့ Music Player တွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်ခဲ့ပါတယ်။ အလားတူပဲ iPod တွေလည်း ဈေးကွက်ထဲမှာ ငြိမ်သက်သွားခဲ့ရပါတယ်။ 6th Generation iPod touch ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ဖြန့်ချိခဲ့တာဖြစ်ပြီး Apple ကတော့ အခုအချိန်ထိ Storage 32GB ကို $199 (သုံးသိန်းဝန်းကျင်) နဲ့ ရောင်းချနေတုန်း ဖြစ်ပါတယ်။

သီအိုရီပိုင်းအရပြောရမယ်ဆိုရင်တော့ Entry-level iPod touch တွေဟာ Apple အတွက် Services ပိုင်းဆိုင်ရာ ပိုမိုကြီးထွားလာဖို့အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ iOS အသုံးပြုသူတွေဟာ iCloud storage ကို ပိုသုံးလာရမယ်၊ Apple Music နဲ့ App Store, iTunes Store စတာတွေကို ပိုသုံးလာရမှာ ဖြစ်ပါတယ်။ iPod Touch တွေဟာ စမတ်ဖုန်းသုံးဖို့ အဆင်သင့်မဖြစ်သေးတဲ့ အရွယ်တွေအတွက် ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။

Ref: 9To5Mac