ဟွန်ဒိုင်းရဲ့ Genesis Brand ကားတွေမှာ Apple ရဲ့ ဒစ်ဂျစ်တယ် ကားသော့ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့ နီးစပ်လာပြီလို့ Bloomberg ရဲ့ Mark Gurman က သတင်းပေးလာပါတယ်။ ဒီလုပ်ဆောင်ချက်က iPhone Wallet App ကနေ ကားတံခါးဖွင့်တာနဲ့ ကားစက်နှိုးတာတွေကို ပြုလုပ်ပေးနိုင်မှာပါ။ Gurman က “CarKey” လို့ နာမည်ပေးထားတဲ့ လုပ်ဆောင်ချက်ကို ဟွန်ဒိုင်းရဲ့ Genesis ကားတွေမှာ ဒီနွေရာသီအတွင်း သုံးနိုင်မယ်လို့ ပြောပါတယ်။

Launch Of Hyundai Motor Company’s All-New Genesis In Seoul

ဟွန်ဒိုင်းဟာ MyHyundai with Bluelink နဲ့ Genesis Intelligent Assistant အပါအဝင် ကားတံခါး ဖွင့်တာ ၊ ကားစက်နှိုးတာတွေကို ပြုလုပ်နိုင်တဲ့ ကိုယ်ပိုင် iOS App တွေကို ဖန်တီးပေးထားပါတယ်။ ဒါပေမယ့် Apple ရဲ့ ဒစ်ဂျစ်တယ် ကားသော့ကိုပါ အသုံးပြုမယ်ဆိုရင် လူသုံး ပိုများလာမှာပါ။ ဟွန်ဒိုင်း Website မှာ NFC အခြေပြု ဒစ်ဂျစ်တယ် ကားသော့ကို လက်ရှိ Android ဖုန်းတွေမှာပဲ အသုံးပြုလို့ရတယ်လို့ ဖော်ပြထားပါတယ်။

Hyundai and Genesis cars to gain Apple iPhone digital key functionality –  report - Auto Tips Trick

Apple ဟာ ၂၀၂၀ မှာ ဒစ်ဂျစ်တယ် ကားသော့ လုပ်ဆောင်ချက်ကို ကြေညာခဲ့ပေမယ့် လက်ရှိအချိန်အထိ BMW ကားတချို့မှာပဲ အသုံးပြုလို့ရပါတယ်။ ဖုန်းကို အိတ်ကပ်ထဲက ထုတ်စရာ မလိုဘဲ ကားတံခါးဖွင့်နိုင်တဲ့ iPhone ရဲ့ Ultra Wideband (UWB) နည်းပညာကို ဟွန်ဒိုင်းက အသုံးပြုမလား၊ NFC ကိုပဲ အသုံးပြုမလား ဆိုတာကို Bloomberg ရဲ့ သတင်းမှာ မဖော်ပြထားပါဘူး။

Apple နဲ့ ဟွန်ဒိုင်းဟာ လျှပ်စစ်ကား ပူးပေါင်းထုတ်လုပ်ဖို့ ဆွေးနွေးနေတယ်လို့ အရင်က သတင်းထွက်ခဲ့ဖူးပါတယ်။ ဟွန်ဒိုင်းက Apple နဲ့ လျှပ်စစ်ကား ပူးပေါင်းထုတ်လုပ်ဖို့ ဆွေးနွေးနေတာ မရှိဘူးလို့ နောက်ပိုင်းမှာ အဲဒီသတင်းကို ငြင်းဆိုခဲ့ပါတယ်။

Ref : theverge