Strategy Analytics ဟာ ၂၀၁၉ ခုနှစ်ရဲ့ Tablet application processor ဈေးကွက် အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီး ရလဒ်တွေကို ဖော်ပြလာခဲ့ပါတယ်။ SA ရဲ့ အစီရင်ခံစာထဲမှာတော့ အမေရိကန် နည်းပညာကုမ္ပဏီကြီးဟာ တက်ဘလက်ဈေးကွက်ကို စိုးမိုးထားတာဖြစ်ပြီး Qualcomm ဟာ သူ့ရဲ့နောက် ခပ်လှမ်းလှမ်းမှာ ကျန်နေတာ ဖြစ်ပါတယ်။

Tablet application processor ဈေးကွက်ကို Apple က လွှမ်းမိုးထားရတဲ့အကြောင်းရင်းထဲမှာ iPad ကလည်း အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် Apple ဟာ ဒေါ်လာ ၁.၉ ဘီလီယံနဲ့အတူ ဈေးကွက်ရဲ့ ၄၄ ရာခိုင်နှုန်းကို စိုးမိုးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ A-series processor တွေဟာ အတော်လေး ဈေးကြီးတာကြောင့် အမှန်တကယ်ရောင်းလိုက်ရတဲ့ တက်ဘလက်ရှယ်ယာအနေနဲ့ နည်းပါးခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Apple ရဲ့ သင်ပုန်းတွေဟာ ပြေးလမ်းပေါ်မှာ ဦးဆောင်သူအဖြစ် ရှိနေဆဲဆိုတာလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်နေရပါတယ်။

Qualcomm နဲ့ Intel တို့ကတော့ ၁၆ ရာခိုင်နှုန်းစီ အသီးသီး ရရှိခဲ့ကြပါတယ်။ Android OEM အမျိုးမျိုးနဲ့ မိတ်ဖက်ပြုလုပ်နိုင်ခြင်းက ဦးဆုံးအနေနဲ့ ကျေးဇူးတင်ရမယ့် အချက်လို့ ဆိုရမှာပါ။ နောက်တစ်ချက်တော့ Windows tablet ဈေးကွက်ထဲမှာ ခိုင်မာတဲ့ ရပ်တည်မှုတစ်ခု ရရှိနေတဲ့အတွက်လည်း ဖြစ်ပါတယ်။

MediaTek နဲ့ Samsung တို့ကလည်း ဒီပြိုင်ပွဲမှာ ထိပ်ဆုံး ၅ နေရာထဲဝင်ရောက်ပြီး သရုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ရောင်းအားကို မြှင့်တင်ပေးကြတာကတော့ Huawei ရဲ့ Chip division, HiSilicon နဲ့ Samsung LSI တို့ပါပဲ။ သူတို့တတွေ တစ်နှစ်ထက်တစ်နှစ် ပိုပြီးဖွံ့ဖြိုးတိုးတက်လာတဲ့ အဓိကအချက်တွေကတော့ အမှတ်တံဆိပ်ရဲ့ Loyalty နဲ့ အတွင်း ဂေဟစနစ်မှာ စနစ်တကျလုပ်ဆောင်ခြင်းတွေ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ “cellular intergration capabilities” လို့ခေါ်တဲ့ LTE နဲ့ 5G အတွက် ထောက်ပံ့တာပဲ ဖြစ်ပါတယ်။

Ref: GSM Arena