[Unicode]

ဒီနေ့ခေတ်မှာ True wireless headset တေွဟာ တဖြည်းဖြည်းနဲ့ ရေပန်းစားလူကြိုက်များလာကြပြီဖြစ်ပါတယ်။ စတိုင်ကျစေတဲ့ ဖက်ရှင်တစ်ခုအနေနဲ့ အသုံးပြုတာထက် ပိုတဲ့ရည်ရွယ်ချက်တွေနဲ့ သုံးလာကြပြီဖြစ်တာကြောင့် နည်းပညာကုမ္ပဏီကြီးတွေကလည်း True Wireless headset တွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်။

Strategy Analytics ရဲ့ အချက်အလက်အသစ်တွေအရ Apple ဟာ True Wireless headset ဈေးကွက်ကို အပြတ်အသတ် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးဟာ ပြီးခဲ့တဲ့နှစ်တုန်းက AirPods ယူနစ်ပေါင်း ၅၈.၇ သန်းကို တင်ပို့ရောင်းချခဲ့ပါတယ်။

ပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်တစ်နှစ်လုံးမှာ TWS (True Wireless headset) နှစ်ခုရောင်းချတိုင်း တစ်ခုက Apple အမှတ်တံဆိပ်လိုဖြစ်နေတာပါ။ Apple ရဲ့ TWS ဈေးကွက်ဝေစုကလည်း ၅၄.၄ ရာခိုင်နှုန်းဖြစ်နေပါတယ်။ ဒါတင်မကသေးပါဘူး၊ Apple ဟာ ကမ္ဘာ့ TWS ဈေးကွက်စုစုပေါင်းဝင်ငွေရဲ့ ၇၁ ရာခိုင်နှုန်းကို ရရှိထားတာလည်း ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ Xiaomi က TWS ယူနစ်ပေါင်း ၉.၁ သန်းတင်ပို့ရောင်းချခဲ့ပြီး ဈေးကွက်ဝေစု ၈.၅ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာက လိုက်နေခဲ့ပါတယ်။ တောင်ကိုရီးယားအခြေစိုက် Samsung ကတော့ Galaxy Buds ယူနစ်ပေါင်း ၇.၄ သန်း တင်ပို့ရောင်းချခဲ့ပြီး ဈေးကွက်ဝေစုက ၆.၉ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေခဲ့တာပါ။

Ref: GSM Arena

[Zawgyi]

၂၀၁၉ True Wireless headset ေဈးကြက္ကို အျပတ္အသတ္ ဦးေဆာင္ခဲ့တဲ့ Apple

ဒီေန႔ေခတ္မွာ True wireless headset ေတြဟာ တျဖည္းျဖည္းနဲ႔ ေရပန္းစားလူႀကိဳက္မ်ားလာၾကၿပီျဖစ္ပါတယ္။ စတိုင္က်ေစတဲ့ ဖက္ရွင္တစ္ခုအေနနဲ႔ အသုံးျပဳတာထက္ ပိုတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ သုံးလာၾကၿပီျဖစ္တာေၾကာင့္ နည္းပညာကုမၸဏီႀကီးေတြကလည္း True Wireless headset ေတြကို အၿပိဳင္အဆိုင္ ထုတ္လုပ္လာၾကၿပီ ျဖစ္ပါတယ္။

Strategy Analytics ရဲ႕ အခ်က္အလက္အသစ္ေတြအရ Apple ဟာ True Wireless headset ေဈးကြက္ကို အျပတ္အသတ္ ဦးေဆာင္ေနဆဲ ျဖစ္ပါတယ္။ အေမရိကန္အေျခစိုက္ ကုမၸဏီႀကီးဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက AirPods ယူနစ္ေပါင္း ၅၈.၇ သန္းကို တင္ပို႔ေရာင္းခ်ခဲ့ပါတယ္။

ေျပာရမယ္ဆိုရင္ေတာ့ ၿပီးခဲ့တဲ့ ၂၀၁၉ ႏွစ္တစ္ႏွစ္လုံးမွာ TWS (True Wireless headset) ႏွစ္ခုေရာင္းခ်တိုင္း တစ္ခုက Apple အမွတ္တံဆိပ္လိုျဖစ္ေနတာပါ။ Apple ရဲ႕ TWS ေဈးကြက္ေဝစုကလည္း ၅၄.၄ ရာခိုင္ႏႈန္းျဖစ္ေနပါတယ္။ ဒါတင္မကေသးပါဘူး၊ Apple ဟာ ကမာၻ႔ TWS ေဈးကြက္စုစုေပါင္းဝင္ေငြရဲ႕ ၇၁ ရာခိုင္ႏႈန္းကို ရရွိထားတာလည္း ျဖစ္ပါတယ္။

ဒီအခ်ိန္မွာေတာ့ Xiaomi က TWS ယူနစ္ေပါင္း ၉.၁ သန္းတင္ပို႔ေရာင္းခ်ခဲ့ၿပီး ေဈးကြက္ေဝစု ၈.၅ ရာခိုင္ႏႈန္းနဲ႔ ဒုတိယေနရာက လိုက္ေနခဲ့ပါတယ္။ ေတာင္ကိုရီးယားအေျခစိုက္ Samsung ကေတာ့ Galaxy Buds ယူနစ္ေပါင္း ၇.၄ သန္း တင္ပို႔ေရာင္းခ်ခဲ့ၿပီး ေဈးကြက္ေဝစုက ၆.၉ ရာခိုင္ႏႈန္းနဲ႔ တတိယေနရာမွာ ရွိေနခဲ့တာပါ။

Ref: GSM Arena