[Zawgyi]

၂၀၁၉ ပထမ သုံးလပတ္ေက်ာ္လြန္သြားၿပီးတဲ့ေနာက္ ထြက္ေပၚလာခဲ့တဲ့ စမတ္ဖုန္း ေရာင္းအားအစီရင္ခံစာေတြမွာ တစ္ကမာၻလုံး အတိုင္းအတာအရ စမတ္ဖုန္းေရာင္းအား က်ဆင္းခဲ့ပါတယ္။ Apple နဲ႔ Samsung တို႔က အေတာ္ေလးကို ေရာင္းအားက်ဆင္းခဲ့ခ်ိန္မွာ Huawei ကေတာ့ ေရာင္းအား တက္လာခဲ့တာကို ေတြ႕ျမင္ခဲ့ၾကရပါတယ္။

ဒါေပမယ့္ စမတ္နာရီေဈးကြက္က်ေတာ့ တစ္ကမာၻလုံးအတိုင္းအတာအရ ၂၀၁၉ ပထမ ေလးလအတြင္း ေဈးကြက္ဖြံ႕ၿဖိဳးမႈက ၄၈% ျဖစ္လာခဲ့ျပန္ပါတယ္။ စမတ္နာရီေဈးကြက္မွာေတာ့ Apple က အျခားၿပိဳင္ဘက္ေတြကို အျပတ္အသတ္ အသာစီးရထားဆဲျဖစ္ေၾကာင္းလည္း Counterpoint သုေတသန အစီရင္ခံစာအရ သိရွိရပါတယ္။

Apple ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ပထမသုံးလပတ္တုန္းကထက္ အနည္းငယ္ တိုးတက္လာတယ္ဆိုေပမယ့္ ၿပိဳင္ဘက္ျဖစ္တဲ့ Samsung ကေတာ့ အေတာ္ေလးကို တိုးတက္လာတာ ေတြ႕ရမွာ ျဖစ္ပါတယ္။ အလားတူပဲ Fitbit, Huawei အစရွိတဲ့ အမွတ္တံဆိပ္ေတြကလည္း စမတ္နာရီေဈးကြက္မွာ ေကာင္းမြန္တဲ့ တိုးတက္မႈေတြကို ရယူလာႏိုင္ခဲ့တာကို ေတြ႕ျမင္ရပါတယ္။

လက္ရွိျပသေနတဲ့ ရလဒ္အရ Apple ဟာ စမတ္နာရီေဈးကြက္ကို သိမ္းပိုက္ထားႏိုင္ဆဲလို႔ ေျပာႏိုင္ေပမယ့္ ၿပိဳင္ဘက္ေတြရဲ႕ တိုးတက္ႏႈန္းကေတာ့ သတိထားစရာ ျဖစ္ေနပါတယ္။ ဒုတိယေနရာက Samsung ရဲ႕ တိုးတက္မႈႏႈန္းဟာ ၇.၂% ကေန ၁၁.၁% အထိ ျမင့္တက္လာတာကို ေတြ႕ျမင္ရပါတယ္။

တတိယေနရာက တ႐ုတ္စမတ္နာရီအမွတ္တံဆိပ္ imoo ကေတာ့ ၁၂.၈% ကေန ၉.၂% ဆီ က်ဆင္းသြားတယ္ဆိုေပမယ့္ ဆဌမ ေနရာက တ႐ုတ္အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Huawei ကေတာ့ ၂.၈% ႏႈန္းအထိ တိုးတက္လာတာကိုေတြ႕ျမင္ရျပန္ပါတယ္။ ဒါေၾကာင့္ Apple အေနနဲ႔ မၾကာခင္ႏွစ္ေတြအတြင္း စမတ္နာရီေဈးကြက္မွာပါ ဦးေဆာင္သူေနရာအတြက္ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြကို ရင္ဆိုင္လာရမယ့္ အရိပ္အေယာင္ကို ျမင္ေတြ႕ေနရၿပီလို႔ ဆိုရမွာပါ။

Ref: GSMArena

[Unicode]

၂၀၁၉ ပထမသုံးလပတ်မှာ Smartwatch ဈေးကွက်ကို သိမ်းပိုက်ထားတဲ့ Apple

၂၀၁၉ ပထမ သုံးလပတ်ကျော်လွန်သွားပြီးတဲ့နောက် ထွက်ပေါ်လာခဲ့တဲ့ စမတ်ဖုန်း ရောင်းအားအစီရင်ခံစာတွေမှာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ စမတ်ဖုန်းရောင်းအား ကျဆင်းခဲ့ပါတယ်။ Apple နဲ့ Samsung တို့က အတော်လေးကို ရောင်းအားကျဆင်းခဲ့ချိန်မှာ Huawei ကတော့ ရောင်းအား တက်လာခဲ့တာကို တွေ့မြင်ခဲ့ကြရပါတယ်။

ဒါပေမယ့် စမတ်နာရီဈေးကွက်ကျတော့ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၂၀၁၉ ပထမ လေးလအတွင်း ဈေးကွက်ဖွံ့ဖြိုးမှုက ၄၈% ဖြစ်လာခဲ့ပြန်ပါတယ်။ စမတ်နာရီဈေးကွက်မှာတော့ Apple က အခြားပြိုင်ဘက်တွေကို အပြတ်အသတ် အသာစီးရထားဆဲဖြစ်ကြောင်းလည်း Counterpoint သုတေသန အစီရင်ခံစာအရ သိရှိရပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ပထမသုံးလပတ်တုန်းကထက် အနည်းငယ် တိုးတက်လာတယ်ဆိုပေမယ့် ပြိုင်ဘက်ဖြစ်တဲ့ Samsung ကတော့ အတော်လေးကို တိုးတက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။ အလားတူပဲ Fitbit, Huawei အစရှိတဲ့ အမှတ်တံဆိပ်တွေကလည်း စမတ်နာရီဈေးကွက်မှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေကို ရယူလာနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။

လက်ရှိပြသနေတဲ့ ရလဒ်အရ Apple ဟာ စမတ်နာရီဈေးကွက်ကို သိမ်းပိုက်ထားနိုင်ဆဲလို့ ပြောနိုင်ပေမယ့် ပြိုင်ဘက်တွေရဲ့ တိုးတက်နှုန်းကတော့ သတိထားစရာ ဖြစ်နေပါတယ်။ ဒုတိယနေရာက Samsung ရဲ့ တိုးတက်မှုနှုန်းဟာ ၇.၂% ကနေ ၁၁.၁% အထိ မြင့်တက်လာတာကို တွေ့မြင်ရပါတယ်။

တတိယနေရာက တရုတ်စမတ်နာရီအမှတ်တံဆိပ် imoo ကတော့ ၁၂.၈% ကနေ ၉.၂% ဆီ ကျဆင်းသွားတယ်ဆိုပေမယ့် ဆဌမ နေရာက တရုတ်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Huawei ကတော့ ၂.၈% နှုန်းအထိ တိုးတက်လာတာကိုတွေ့မြင်ရပြန်ပါတယ်။ ဒါကြောင့် Apple အနေနဲ့ မကြာခင်နှစ်တွေအတွင်း စမတ်နာရီဈေးကွက်မှာပါ ဦးဆောင်သူနေရာအတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်လာရမယ့် အရိပ်အယောင်ကို မြင်တွေ့နေရပြီလို့ ဆိုရမှာပါ။

Ref: GSMArena