Zawgyi
Apple ကနေ iPhone 11 Series ဖုန်းတွေကို မိတ်ဆက်ပေးလိုက်ပြီဖြစ်သလို iPad 2019 ဒါမှမဟုတ် 7th Gen iPad အသစ်ကိုလည်း $329 နဲ့ မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မိတ်ဆက်သွားတဲ့ iPad နဲ့ iPhone အသစ်တွေတင်မဟုတ်ဘဲ Apple ကနေ iPad Pro Model အချို့ကိုပါ ဈေးချလိုက်ပါပြီ။
ဘာပဲဖြစ်ဖြစ် Apple ကနေ iPad Pro တွေကို မနှစ်တုန်းက အောက်တိုဘာလမှာမိတ်ဆက်ထားခဲ့တာဖြစ်တဲ့အတွက် လာမယ့် အောက်တိုဘာလမှာလည်း နောက်ထပ် iPad Pro အသစ်တွေကို မိတ်ဆက်လာနိုင်ပြီးတော့ အဲ့ဒီအချိန်ကြရင်တော့ အခု iPad Pro တွေအကုန်လုံး ဈေးထပ်ပြီးကျနိုင်တယ်လို့ ယူဆရပါတယ်။
Ref – Mac Rumors
Unicode
Apple ကနေ iPhone 11 Series ဖုန်းတွေကို အခုအချိန်မှာ မိတ်ဆက်ပေးလိုက်ပြီဖြစ်သလို iPad 2019 ဒါမှမဟုတ် 7th Gen iPad အသစ်ကိုလည်း $329 နဲ့ အသစ်မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မိတ်ဆက်သွားတဲ့ iPad နဲ့ iPhone အသစ်တွေတင်မဟုတ်ဘဲ Apple ကနေ iPad Pro Model အချို့ကိုပါ စျေးချလိုက်ပါပြီ။
အခု Apple ကနေ စျေးချလိုက်တဲ့ iPad Pro Model တွေကတော့ 11″ နဲ့ 12.9″ ၂ မျိုးလုံးဖြစ်ပြီးတော့ Storage 1TB Version ကိုပဲ $200 လျော့ပေးခဲ့တာပါ။ အဲ့ဒီအတွက် 11″ iPad Pro 1TB Version က ပုံမှန် $1,549 အစား $1,349 ပဲရှိတော့မှာဖြစ်ပြီး 12.9″ iPad Pro 1TB Version ကလည်း $1,749 ကနေ $1,549 ပဲရှိတော့မှာဖြစ်ပါတယ်။
ဒီလိုမျိုး iPad Pro တွေကို စျေးချပေးတဲ့ထဲမှာ 1TB Version တစ်ခုပဲ ပါဝင်ခဲ့ပြီးတော့ တခြား 64GB ၊ 256GB နဲ့ 512GB Version တွေကတော့ ပုံမှန်စျေးနဲ့ပဲ ရောင်းချနေသေးတာဖြစ်ပါတယ်။ အခု 1TB Version က လုံးဝ Business User တွေအတွက် ရည်ရွယ်တဲ့ Version ဖြစ်သလို RAM 6GB ကလည်း 1TB iPad Pro တွေမှာပဲ ထည့်သွင်းပေးထားတာပါ။
ဘာပဲဖြစ်ဖြစ် Apple ကနေ iPad Pro တွေကို မနှစ်တုန်းက အောက်တိုဘာလမှာမိတ်ဆက်ထားခဲ့တာဖြစ်တဲ့အတွက် လာမယ့် အောက်တိုဘာလမှာလည်း နောက်ထပ် iPad Pro အသစ်တွေကို မိတ်ဆက်လာနိုင်ပြီးတော့ အဲ့ဒီအချိန်ကြရင်တော့ အခု iPad Pro တွေအကုန်လုံး စျေးထပ်ပြီးကျနိုင်တယ်လို့ ယူဆရပါတယ်။
Ref – Mac Rumors