Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် Wearable စျေးကွက်ကို Apple Watch နဲ့ AirPods လိုမျိုး Device တွေနဲ့ ကြီးစိုးထားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Apple Watch ဟာ လူကြိုက်အများဆုံး Smartwatch ဖြစ်နေသလို Apple AirPods တိုင်းကလည်း အောင်မြင်နေတယ်လို့တောင် ပြောနိုင်ပါတယ်။

အခုလည်း Apple ကနေ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက Active Noise Cancellation (ANC) လိုမျိုး Feature တွေပါဝင်တဲ့ AirPods Pro ကိုနောက်ဆုံးအနေနဲ့ မိတ်ဆက်ထားပြီး ရောင်းအားကောင်းနေတာလည်းဖြစ်ပါတယ်။ လောလောဆယ်ထွက်ရှိနေတဲ့သတင်းတွေအရဆိုရင် Apple ကနေ စျေးသက်သာတဲ့ AirPods တစ်မျိုးကိုပါ မိတ်ဆက်လာဦးမှာပါ။

Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက AirPods ပေါင်း အလုံးရေ သန်း ၆၀ ခန့်ရောင်းချခဲ့ရသလို အခု ၂၀၂၀ နှစ်အတွက်ကိုလည်း အလုံးရေ သန်း ၉၀ အထိ ရောင်းချသွားဖို့ခန့်မှန်းထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် iPhone ထုတ်လုပ်မှုတွေနှောင့်နှေးနေသလို Apple Store တွေလည်း ပိတ်သိမ်းထားရတယ်ဆိုပေမယ့် Apple ကတော့ ဒီ AirPods တွေရဲ့ ထုတ်လုပ်မှုလမ်းကြောင်းမှာ အခက်အခဲမရှိလောက်ဘူးလို့ ယူဆထားတယ်လို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple အနေနဲ့ ဒီလိုမျိုး AirPods တွေကို အလုံးရေ သန်း ၉၀ အထိရောင်းချရဖို့ခန့်မှန်းထားတယ်ဆိုထဲက နောက်ထပ် Generation အသစ်တွေကို ဒီနှစ်အတွင်းမှာ မိတ်ဆက်လာဖို့ကတော့ ကျိန်းသေသလောက်ရှိနေပါပြီ။

Ref – Phone Arena