Apple ကနေ MacBook Pro 14-inch နဲ့ 16-inch ၂ မျိုးကို နောက်ဆုံးအနေနဲ့မိတ်ဆက်ပေးခဲ့ပြီး Apple ရဲ့ ကိုယ်ပိုင် M1 Pro နဲ့ M1 Max Chip တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာ ယခင် MacBook တွေနဲ့ အဆများစွာသာလွန်နေသလို တခြားသော Design ၊ Display ပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

အဆိုပါ အဆင့်မြှင့်တင်မှုတွေထဲမှာ Display ကို mini-LED Display နည်းပညာအသုံးပြုထားတဲ့ Liquid Retina Display XDR တွေကို အသုံးပြုထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Brightness ပိုင်းမှာ အမြင့်ဆုံး 1500 Nits အထိရရှိလာသလို Resolution ပိုင်းမှာလည်း ယခင်ထက် ပိုမြင့်မားနေပြီဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple ကနေ Webcam ကိုလည်း 1080p Camera ကို အဆင့်မြှင့်တင်ပေးခဲ့ပြီး ထူးခြားချက်အနေနဲ့ကတော့ Webcam ကို iPhone တွေမှာလိုမျိုး Notch Design နဲ့ ထုတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် iPhone တွေလိုမျိုး Face ID Sensor ပါဝင်ခြင်းမရှိဘဲ Keyboard မှာပဲ Touch ID Sensor ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

အဲ့ဒီအတွက်ကို Apple ရဲ့ Mac နဲ့ iPad Product Marketing Vice President ဖြစ်တဲ့ Tom Boger ကနေ ဘာကြောင့် MacBook Pro အသစ်တွေမှာ Face ID ပါဝင်ခြင်းမရှိတာလဲဆိုတာကို ပြောကြားခဲ့ပါယ်။ Apple ရဲ့ ပြောကြားချက်အရတော့ Laptop တွေအတွက် Touch ID က ပိုအဆင်ပြေနေတာကြောင့်ဖြစ်ပြီး အသုံးပြုနေတဲ့အချိန်မှာ လက်က Keyboard ကို ရောက်နေပြီးဖြစ်တဲ့အတွက် Face ID ထက် ပိုမြန်ဆန်နေမှာဖြစ်တယ်လို့ သိရပါတယ်။

MacBook Pro တွေမှာ Touch Support ပြုလုပ်ခြင်းမရှိသေးတဲ့အကြောင်းပြချက်ကိုတော့ Mac ဟာ Touch လိုမျိုး Direct Input အစား Indirect Input ကိုပဲ ဦးစားပေးတဲ့ Product တွေဖြစ်တာကြောင့် ထည့်သွင်းဦးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ MacBook Pro အသစ်တွေရဲ့ Display Notch ဟာ လက်ရှိအချိန်မှာ အဝေဖန်ခံနေရဆုံး Feature တစ်ခုဆိုတာတော့ မမှားပါဘူး။

Ref – 9to5Mac