[Zawgyi]

Apple ရဲ႕ Face ID အတြက္ Sensor ေတြကို ေထာက္ပံ့ေပးေနတဲ့ တစ္ဦးတည္းေသာ ကုမၸဏီကေတာ့ AMS ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အဆိုပါ ကုမၸဏီဟာ “behind OLED” လို႔ အမည္ရတဲ့ Light / Infrared Proximity Sensor အသစ္တစ္မ်ိဴးကို မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။ အခု AMS က မိတ္ဆက္လိုက္တဲ့ “behind OLED” Sensor အသစ္ဟာ အနာဂါတ္စမတ္ဖုန္းေတြကို လုံးဝ Bezel-less Display ျဖစ္ေအာင္ တြန္းပို႔ေပးႏိုင္မယ့္ အေကာင္းဆုံးေသာ နည္းပညာ တစ္ခုျဖစ္ပါတယ္။

“behind OLED” ဆိုတဲ့အတိုင္း OLED Display ေနာက္ကေန အလုပ္လုပ္ႏိုင္မယ့္ Sensor အသစ္တစ္မ်ိဴးကို တီထြင္လိုက္တာ ျဖစ္ပါတယ္။ အဆိုပါ Sensor ရဲ႕ နည္းပညာနဲ႔ တျခားအခ်က္အလက္ေတြကိုေတာ့ AMS ဘက္က တိတိက်က် ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ iPhone ေတြကို အက်ည္းတန္ေစတဲ့ Notch ႀကီးေတြကေတာ့ သိပ္မၾကာခင္မွာ ေပ်ာက္ကြယ္သြားႏိုင္ဖြယ္ ရွိပါတယ္။

Apple သာ AMS ရဲ႕ Sensor အသစ္ေတြကို အသုံးျပဳမယ္ဆိုရင္ Infrared Camera, Flood illuminator, Proximity Sensor, Ambient Light Sensor နဲ႔ Dot Projector ေတြကို Notch စာရင္းထဲကေန ဖယ္ထုတ္ပစ္လိုက္လို႔ ရပါၿပီ။ Apple စဥ္းစားရမွာက Speaker , Microphone နဲ႔ Front Facing Camera ေတြကို ဘယ္နားသြားထားမလဲ ဆိုတာပါ။ ဘာပဲျဖစ္ျဖစ္ Face ID အတြက္ Notch Display အသုံးျပဳစရာ မလိုေတာ့ဘူးဆိုေတာ့ မ်ိဴးဆက္သစ္ iPhone ေတြဟာ လုံးဝ Bezel-less ျဖစ္လာဖို႔ အလားအလာေကာင္းေနပါတယ္။

Ref : 9TO5Mac

[Unicode]

အနာဂတ် iPhone တွေမှာ Face ID Sensor တွေကို Display အောက်မှာ မြှပ်နှံထားဖွယ်ရှိ

Apple ရဲ့ Face ID အတွက် Sensor တွေကို ထောက်ပံ့ပေးနေတဲ့ တစ်ဦးတည်းသော ကုမ္ပဏီကတော့ AMS ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဆိုပါ ကုမ္ပဏီဟာ “behind OLED” လို့ အမည်ရတဲ့ Light / Infrared Proximity Sensor အသစ်တစ်မျိူးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အခု AMS က မိတ်ဆက်လိုက်တဲ့ “behind OLED” Sensor အသစ်ဟာ အနာဂါတ်စမတ်ဖုန်းတွေကို လုံးဝ Bezel-less Display ဖြစ်အောင် တွန်းပို့ပေးနိုင်မယ့် အကောင်းဆုံးသော နည်းပညာ တစ်ခုဖြစ်ပါတယ်။

“behind OLED” ဆိုတဲ့အတိုင်း OLED Display နောက်ကနေ အလုပ်လုပ်နိုင်မယ့် Sensor အသစ်တစ်မျိူးကို တီထွင်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ Sensor ရဲ့ နည်းပညာနဲ့ တခြားအချက်အလက်တွေကိုတော့ AMS ဘက်က တိတိကျကျ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် iPhone တွေကို အကျည်းတန်စေတဲ့ Notch ကြီးတွေကတော့ သိပ်မကြာခင်မှာ ပျောက်ကွယ်သွားနိုင်ဖွယ် ရှိပါတယ်။

Apple သာ AMS ရဲ့ Sensor အသစ်တွေကို အသုံးပြုမယ်ဆိုရင် Infrared Camera, Flood illuminator, Proximity Sensor, Ambient Light Sensor နဲ့ Dot Projector တွေကို Notch စာရင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်လို့ ရပါပြီ။ Apple စဥ်းစားရမှာက Speaker , Microphone နဲ့ Front Facing Camera တွေကို ဘယ်နားသွားထားမလဲ ဆိုတာပါ။ ဘာပဲဖြစ်ဖြစ် Face ID အတွက် Notch Display အသုံးပြုစရာ မလိုတော့ဘူးဆိုတော့ မျိူးဆက်သစ် iPhone တွေဟာ လုံးဝ Bezel-less ဖြစ်လာဖို့ အလားအလာကောင်းနေပါတယ်။

Ref : 9TO5Mac