Apple ကို မြောက်ကယ်လီဖိုးနီးယားမှ တရားရုံးမှာ နစ်နာကြေး ဒေါ်လာ ၁.၂ ဘီလီယမ်  ရလိုမှုနဲ့ တရားစွဲထားပါတယ်။ Apple ဟာ Child Sexual Abuse Material (CSAM) အတွက် ကာကွယ်တဲ့ Feature ကို ရပ်နားလိုက်တဲ့အတွက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးတွေကို မကာကွယ်ပေးနိုင်ခဲ့ဘူးလို့ တရားစွဲထားပါတယ်။

US govt wants iPhone to turn into Android’: Apple vs DoJ in 5 points - India Today

ဒီအမှုကို ဒီဇင်ဘာလ ၇ ရက်နေ့က ဖွင့်ခဲ့တာ ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသမီးက သူမ ကလေးဘဝက လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ဓါတ်ပုံတွေကို iCloud မှာ ပျံ့နှံ့နေတယ်လို့ ပြောပါတယ်။ ဒါကို Apple က မတားဆီးနိုင်ဘူးလို့ ပြောပါတယ်။

Key takeaways from the Apple antitrust lawsuit | t2ONLINE

အဲဒီအမျိုးသမီးက သူမကို စော်ကားသူဟာ အဲဒီ ဓါတ်ပုံတွေကို iCloud မှာ သိမ်းထားတာလို့ ပြောပါတယ်။ အဲဒီ ဓါတ်ပုံတွေကို ပိုင်ဆိုင်ထားသူတွေကို အရေးယူထားတဲ့အကြောင်း ရဲတွေက သူမနဲ့ သူမ မိခင်ထံ မကြာခဏ သတိပေးတယ်လို့ သူမက ပြောပါတယ်။ “ဒီလောက်ကြီး ပျံ့နှံ့နေတာဟာ တော်တော် ယုံဖို့ခက်ခဲပါတယ်။ “ လို့ ပြောပါတယ်။

ဒီအမှုမှာ နစ်နာသူ ၂,၆၈၀ အတွက် တရားစွဲထားတာ ဖြစ်ပါတယ်။ အမေရိကန် ဥပဒေ အရ နစ်နာသူတွေကို အနည်းဆုံး ဒေါ်လာ ၁၅၀,၀၀၀ ပေးရပါတယ်။ အဲဒီအတွက် Apple ဟာ အပြစ်ရှိကြောင်း ထင်ရှားရင် နစ်နာကြေး ဒေါ်လာ ၁.၂ ဘီလီယမ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Ref: indiatoday