[Zawgyi]

ေကြးေခါက္ႏုိင္တဲ့ စမတ္ဖုန္းေတြ ထုတ္မယ္လို႔ ဟုိးအရင္ကတည္းကေန စီစဥ္ေၾကြးေၾကာ္ေနခဲ့တဲ့သူကေတာ့ Samsung ပါ။ အခုလည္း သိပ္မၾကာေတာ့တဲံ အခ်ိန္တစ္ခုအတြင္းမွာ ေကြးေခါက္ႏုိင္တဲ့ Galaxy ဖုန္းတစ္လံုးကို  လာမယ့္ ၂၀၁၉ ပထမဆံုး ၃လအတြင္းမွာ မိတ္ဆက္လာႏုိင္ပါတယ္။

ဒီလိုေကြးေခါက္ဖုန္းေတြ ထြက္လာမယ့္အေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာခဲ့တဲ့အျပင္ ျပီးခဲ့တဲ့ Samsung Developer Conference မွာ ဖုနး္ Prototype ကို ထုတ္ေတာင္ျပခဲ့ပါေသးတယ္။

တကယ္ေတာ့ ေကြးေခါက္ႏုိင္တဲ့ Display နည္းပညာက ေတာ္ေတာ္ေလးစိတ္ဝင္စားဖု႔ိလည္းေကာင္းသလို အျပိဳင္အဆိုင္ ၾကိဳးစားလာၾကတဲ့ ၂၀၁၉ ရဲ႕နည္းပညာဆိုလည္း မွားေလာက္မယ္မထင္ပါဘူး။ စိတ္ဝင္စားမိတာက ေကြးေခါက္လိုက္ျပီး ျပန္ျဖန္႔လိုက္ရင္ ဘယ္လိုပံုစံမ်ဳိး ေျပာင္းသြားမလဲ? တကယ္ေရာ လိုအပ္တဲ့ Feature တစ္ခု ဟုတ္ရဲ႕လား? အသံုးမလုိဘဲ ဆန္းသစ္ရံုဖန္တီးထားတာလား? အနာဂတ္မွာေရာ ဒီေကြးေခါက္ႏုိင္တဲ့ဖုန္းေတြက ဆက္လက္ရပ္တည္ႏုိင္ပါ့မလား?

Samsung အျပင္ ေနာက္ထပ္ Huawei ကပါ ေကြးေခါက္စမတ္ဖုန္းေလာကထဲ ဝင္လာျပီး ပိုၾကမ္းလာတာက Apple ကပါ ေကြးေခါက္ဖုန္း ထုတ္ေတာ့မယ္ဆိုတာပါ။

၂၀၁၈ မတ္လတုန္းက Apple က တင္ထားတဲ့ မူပိုင္ခြင့္ကို ဒီေန႔ပဲ USPTO မူပိုင္ခြင့္အဖြဲ႔အစည္းက ေဖာ္ျပလုိက္ပါျပီ။ “Think Different” ဆိုတဲ့အတုိင္း သူမ်ားနဲ႔မတူတဲ့ ေကြးေခါက္ဖုန္းမ်ိဳးျဖစ္ေအာင္ ဘယ္လိုေခါင္းစားလိုက္ရလဲ?

iPhone X ကေနစလို႔ ေနာက္ပိုင္းဖုန္းေတြမွာ LCD ကို မသံုးေတာ့ဘဲ (XR မွ လြဲ၍) အခုဒီဖုန္းမွာလည္း OLED Panel ကိုပဲ သံုးထားမွာပါ။ အၾကိမ္ေပါင္း ေျမာက္မ်ားစြာ ေကြးညႊတ္တာကို ခံႏုိင္ဖို႔အတြက္ Apple ဖန္တီးထားတာက Polymer အလႊာတစ္ထပ္အုပ္လိုက္ျခင္းပါ။ သူက OLED  panel ေပၚမွာ ျဖန္းလိုက္တာ သုတ္လိုက္တာ ႏွစ္လိုက္တာမ်ိဳးဆိုရင္ ဘယ္ေလာက္ပဲလိမ္လိမ္ေကြးေကြး အလြယ္တကူ ပ်က္စီးမသြားတဲ့  အကာအကြယ္အလႊာေလးတစ္ထပ္ပါ။

ျမင္ဖူးခဲ့သမွ် ေကြးေခါက္ဖုန္းေတြမွာ တစ္ဖက္တည္းကိုပဲ ေခါက္လို႔ရေပမယ့္ Apple ရဲ႕ မူပိုင္ခြင့္မွာေတာ့ အတြင္းေရာ အျပင္ဘက္ကိုပါ ေကြးေခါက္ႏုိင္တာက ပိုဆန္းသစ္ေစတယ္လို႔ ေျပာရမွာပါပဲ။ Samsung အေနနဲ႔ ဘယ္ဘက္ေခါက္ေခါက္ မက်ိဳးမပ်က္စီးႏုိင္တဲ့ Screen မ်ိဳး မထုတ္ႏုိ္င္ေသးရင္ေတာ့ Apple က တစ္ပန္းသာသြားႏုိင္ပါတယ္။

ဒါေပမယ့္ ဒါေတြအားလံုးက ေလအဆင့္မွာပဲ ရိွပါေသးတယ္။ Flexpai ေလးကလြဲရင္ တိတိပပထုတ္ျပထားတဲ့ မူပိုင္ခြင့္တင္ထားတဲ့ နည္းပညာေတြက ပစၥညး္အေနနဲ႔ မထြက္လာေသးေတာ့ ေျပာရေတာ့ ခက္ပါတယ္။ ဆန္းသစ္တီထြင္ထားတဲ့ နည္းပညာဆိုေပမယ့္ တကယ္ေရာအသံုးတည့္ျပီး ေရာင္းအားေကာင္းရဲ႕လားဆိုတာကေတာ့ ထြက္လာမွ တစ္ခ်က္ေစာင့္ၾကည့္ရမွာေပါ့..

Ref: PhoneArena

[Unicode]

ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းတွေ ထုတ်မယ်လို့ ဟိုးအရင်ကတည်းကနေ စီစဉ်ကြွေးကြော်နေခဲ့တဲ့သူကတော့ Samsung ပါ။ အခုလည်း သိပ်မကြာတော့တဲံ အချိန်တစ်ခုအတွင်းမှာ ကွေးခေါက်နိုင်တဲ့ Galaxy ဖုန်းတစ်လုံးကို  လာမယ့် ၂၀၁၉ ပထမဆုံး ၃လအတွင်းမှာ မိတ်ဆက်လာနိုင်ပါတယ်။

ဒီလိုကွေးခေါက်ဖုန်းတွေ ထွက်လာမယ့်အကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့တဲ့အပြင် ပြီးခဲ့တဲ့ Samsung Developer Conference မှာ ဖုန်း Prototype ကို ထုတ်တောင်ပြခဲ့ပါသေးတယ်။

တကယ်တော့ ကွေးခေါက်နိုင်တဲ့ Display နည်းပညာက တော်တော်လေးစိတ်ဝင်စားဖု့ိလည်းကောင်းသလို အပြိုင်အဆိုင် ကြိုးစားလာကြတဲ့ ၂၀၁၉ ရဲ့နည်းပညာဆိုလည်း မှားလောက်မယ်မထင်ပါဘူး။ စိတ်ဝင်စားမိတာက ကွေးခေါက်လိုက်ပြီး ပြန်ဖြန့်လိုက်ရင် ဘယ်လိုပုံစံမျိုး ပြောင်းသွားမလဲ? တကယ်ရော လိုအပ်တဲ့ Feature တစ်ခု ဟုတ်ရဲ့လား? အသုံးမလိုဘဲ ဆန်းသစ်ရုံဖန်တီးထားတာလား? အနာဂတ်မှာရော ဒီကွေးခေါက်နိုင်တဲ့ဖုန်းတွေက ဆက်လက်ရပ်တည်နိုင်ပါ့မလား?

Samsung အပြင် နောက်ထပ် Huawei ကပါ ကွေးခေါက်စမတ်ဖုန်းလောကထဲ ဝင်လာပြီး ပိုကြမ်းလာတာက Apple ကပါ ကွေးခေါက်ဖုန်း ထုတ်တော့မယ်ဆိုတာပါ။

၂၀၁၈ မတ်လတုန်းက Apple က တင်ထားတဲ့ မူပိုင်ခွင့်ကို ဒီနေ့ပဲ USPTO မူပိုင်ခွင့်အဖွဲ့အစည်းက ဖော်ပြလိုက်ပါပြီ။ “Think Different” ဆိုတဲ့အတိုင်း သူများနဲ့မတူတဲ့ ကွေးခေါက်ဖုန်းမျိုးဖြစ်အောင် ဘယ်လိုခေါင်းစားလိုက်ရလဲ?

iPhone X ကနေစလို့ နောက်ပိုင်းဖုန်းတွေမှာ LCD ကို မသုံးတော့ဘဲ (XR မှ လွဲ၍) အခုဒီဖုန်းမှာလည်း OLED Panel ကိုပဲ သုံးထားမှာပါ။ အကြိမ်ပေါင်း မြောက်များစွာ ကွေးညွှတ်တာကို ခံနိုင်ဖို့အတွက် Apple ဖန်တီးထားတာက Polymer အလွှာတစ်ထပ်အုပ်လိုက်ခြင်းပါ။ သူက OLED  Panel ပေါ်မှာ ဖြန်းလိုက်တာ သုတ်လိုက်တာ နှစ်လိုက်တာမျိုးဆိုရင် ဘယ်လောက်ပဲလိမ်လိမ်ကွေးကွေး အလွယ်တကူ ပျက်စီးမသွားတဲ့  အကာအကွယ်အလွှာလေးတစ်ထပ်ပါ။

မြင်ဖူးခဲ့သမျှ ကွေးခေါက်ဖုန်းတွေမှာ တစ်ဖက်တည်းကိုပဲ ခေါက်လို့ရပေမယ့် Apple ရဲ့ မူပိုင်ခွင့်မှာတော့ အတွင်းရော အပြင်ဘက်ကိုပါ ကွေးခေါက်နိုင်တာက ပိုဆန်းသစ်စေတယ်လို့ ပြောရမှာပါပဲ။ Samsung အနေနဲ့ ဘယ်ဘက်ခေါက်ခေါက် မကျိုးမပျက်စီးနိုင်တဲ့ Screen မျိုး မထုတ်နိုင်သေးရင်တော့ Apple က တစ်ပန်းသာသွားနိုင်ပါတယ်။

ဒါပေမယ့် ဒါတွေအားလုံးက လေအဆင့်မှာပဲ ရှိပါသေးတယ်။ Flexpai လေးကလွဲရင် တိတိပပထုတ်ပြထားတဲ့ မူပိုင်ခွင့်တင်ထားတဲ့ နည်းပညာတွေက ပစ္စည်းအနေနဲ့ မထွက်လာသေးတော့ ပြောရတော့ ခက်ပါတယ်။ ဆန်းသစ်တီထွင်ထားတဲ့ နည်းပညာဆိုပေမယ့် တကယ်ရောအသုံးတည့်ပြီး ရောင်းအားကောင်းရဲ့လားဆိုတာကတော့ ထွက်လာမှ တစ်ချက်စောင့်ကြည့်ရမှာပေါ့..

Ref: PhoneArena