Zawgyi

ေနာက္ဆုံးထြက္ရွိလာတဲ့ Digitimes ရဲ႕ Report အရ Apple ဟာ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ ေရာင္းခ်ဖို႔အတြက္ ခန္႔မွန္း iPhone Shipment အေရအတြက္ကို အဓိက Supply Chain Partner ေတြကို ေပးပို႔လိုက္ၿပီျဖစ္ပါတယ္။ Apple ရဲ႕ ခန္႔မွန္းခ်က္အရေတာ့ ၂၀၂၀ ခုႏွစ္မွာ မိတ္ဆက္မယ့္ iPhone 12 Series ဖုန္းေတြကို အလုံးေရ သန္း ၁၀၀ ေက်ာ္အထိ ေရာင္းခ်ရဖို႔ ခန္႔မွန္းထားတာျဖစ္ပါတယ္။

Apple အေနနဲ႔အခုလိုမ်ိဳး iPhone 12 Series ဖုန္းေတြကို ဒီေလာက္ထိ ေရာင္းအားေကာင္းမယ္လို႔ ယူဆထားတာက Design ပိုင္း ႀကီးႀကီးမားမားေျပာင္းလဲလာမယ့္အျပင္ 5G Support ပါဝင္လာတာေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိ iPhone 11 Series ေတြကိုေတာင္ Apple ကေန အလုံးေရ သန္း ၈၀ ဝန္းက်င္ပဲ ေရာင္းခ်ရမယ္လို႔ ခန္႔မွန္းခဲ့တဲ့အတြက္ iPhone 12 Series အေပၚမွာ ေတာ္ေတာ္ေလးကို ေမွ်ာ္လင့္ထားပုံရပါတယ္။

Apple က အခုလိုမ်ိဳး iPhone အသုံးျပဳသူေတြအေနနဲ႔ iPhone 12 Series ကို ဝယ္ယူၾကမယ့္ အေၾကာင္းျပခ်က္က 5G Network ဟာ ဖုန္းမိတ္ဆက္မယ့္ ၂၀၂၀ ႏွစ္ကုန္ပိုင္းနဲ႔ ၂၀၂၁ ဝန္းက်င္မွာ အခုထက္ ပိုၿပီးက်ယ္ျပန္႔လာမွာျဖစ္တာေၾကာင့္လို႔ ယူဆရပါတယ္။ အဲ့ဒီအတြက္ 5G ကို iPhone ေပၚမွာ အသုံးျပဳခ်င္တယ္ဆိုရင္ iPhone 12 Series ဖုန္းကို က်ိန္းေသဝယ္ရမယ့္ပုံပါပဲ။

Apple iPhone 12 Pro စမတ္ဖုန္းေတြဟာ 120Hz ProMotion OLED Display အျပင္ Notch ကိုလည္း အခုထက္ ပိုၿပီး ေသးငယ္တဲ့ Design နဲ႔ ပြဲထြက္လာမွာျဖစ္ပါတယ္။ ဒ့ါအျပင္ 3D ToF Camera နဲ႔ RAM 6GB ပါဝင္မွာျဖစ္ၿပီး mmWave 5G Support ျပဳလုပ္တဲ့ A14 Bionic Chip နဲ႔ ပြဲထြက္လာမွာပါ။

ပုံမွန္ iPhone 12 စမတ္ဖုန္းက 3D ToF Camera ပါဝင္မွာမဟုတ္ေသးဘဲ RAM အေနနဲ႔လည္း 4GB ပဲ ပါဝင္ျဖစ္ပါတယ္။ A14 Bionic Chip ေၾကာင့္ 5G Support ျပဳလုပ္မွာျဖစ္ေပမယ့္ Sub 6GHz Network နဲ႔ပဲ အသုံးျပဳႏိုင္ဖြယ္ရွိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ Apple အေနနဲ႔ ေနာက္ႏွစ္ အေစာပိုင္းမွာလည္း iPhone SE 2 ကို မိတ္ဆက္ဦးမွာျဖစ္တဲ့အတြက္ iPhone ေရာင္းအားတက္ဖို႔ကို ေသခ်ာအာ႐ုံစိုက္ေနပုံပါပဲ။

Ref – GSM Arena

Unicode

နောက်ဆုံးထွက်ရှိလာတဲ့ Digitimes ရဲ့ Report အရ Apple ဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ ရောင်းချဖို့အတွက် ခန့်မှန်း iPhone Shipment အရေအတွက်ကို အဓိက Supply Chain Partner တွေကို ပေးပို့လိုက်ပြီဖြစ်ပါတယ်။ Apple ရဲ့ ခန့်မှန်းချက်အရတော့ ၂၀၂၀ ခုနှစ်မှာ မိတ်ဆက်မယ့် iPhone 12 Series ဖုန်းတွေကို အလုံးရေ သန်း ၁၀၀ ကျော်အထိ ရောင်းချရဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

Apple အနေနဲ့အခုလိုမျိုး iPhone 12 Series ဖုန်းတွေကို ဒီလောက်ထိ ရောင်းအားကောင်းမယ်လို့ ယူဆထားတာက Design ပိုင်း ကြီးကြီးမားမားပြောင်းလဲလာမယ့်အပြင် 5G Support ပါဝင်လာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ iPhone 11 Series တွေကိုတောင် Apple ကနေ အလုံးရေ သန်း ၈၀ ဝန်းကျင်ပဲ ရောင်းချရမယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် iPhone 12 Series အပေါ်မှာ တော်တော်လေးကို မျှော်လင့်ထားပုံရပါတယ်။

Apple က အခုလိုမျိုး iPhone အသုံးပြုသူတွေအနေနဲ့ iPhone 12 Series ကို ဝယ်ယူကြမယ့် အကြောင်းပြချက်က 5G Network ဟာ ဖုန်းမိတ်ဆက်မယ့် ၂၀၂၀ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၁ ဝန်းကျင်မှာ အခုထက် ပိုပြီးကျယ်ပြန့်လာမှာဖြစ်တာကြောင့်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် 5G ကို iPhone ပေါ်မှာ အသုံးပြုချင်တယ်ဆိုရင် iPhone 12 Series ဖုန်းကို ကျိန်းသေဝယ်ရမယ့်ပုံပါပဲ။

Apple iPhone 12 Pro စမတ်ဖုန်းတွေဟာ 120Hz ProMotion OLED Display အပြင် Notch ကိုလည်း အခုထက် ပိုပြီး သေးငယ်တဲ့ Design နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ ဒ့ါအပြင် 3D ToF Camera နဲ့ RAM 6GB ပါဝင်မှာဖြစ်ပြီး mmWave 5G Support ပြုလုပ်တဲ့ A14 Bionic Chip နဲ့ ပွဲထွက်လာမှာပါ။

ပုံမှန် iPhone 12 စမတ်ဖုန်းက 3D ToF Camera ပါဝင်မှာမဟုတ်သေးဘဲ RAM အနေနဲ့လည်း 4GB ပဲ ပါဝင်ဖြစ်ပါတယ်။ A14 Bionic Chip ကြောင့် 5G Support ပြုလုပ်မှာဖြစ်ပေမယ့် Sub 6GHz Network နဲ့ပဲ အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Apple အနေနဲ့ နောက်နှစ် အစောပိုင်းမှာလည်း iPhone SE 2 ကို မိတ်ဆက်ဦးမှာဖြစ်တဲ့အတွက် iPhone ရောင်းအားတက်ဖို့ကို သေချာအာရုံစိုက်နေပုံပါပဲ။

Ref – GSM Arena