Apple ဟာ ဒီနှစ် အစောပိုင်းမှာ Apple Silicon M1 Chipset ပါတဲ့  ၂၄ လက်မ iMac အသစ်နဲ့ iMac Series ကို ဆန်းသစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ကုမ္ပဏီရဲ့ iMac Pro အသစ်ကို စောင့်မျှော်ခဲ့ကြရတာ ဖြစ်ပါတယ်။

The new iMac

၂၇ လက်မ iMac Pro ကို နောက်နှစ်မှာ ကြေညာတော့မယ်ဆိုတဲ့ သတင်းများစွာ ထွက်ခဲ့ပြီး အခုနောက်ဆုံးအနေနဲ့ Display Supply Chain Website က အဲဒီ ကွန်ပြူတာကို နောက်နှစ် မတ်လကနေ မေလအတွင်း ရောင်းချနိုင်တယ်လို့ သတင်းပေးလာပါတယ်။

အခုသတင်းအရ ၂၇ လက်မ iMac Pro မှာ miniLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Variable Refresh Rate ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ iMac Series မှာ Pro Motion မျက်နှာပြင် နည်းပညာကို ပထမဆုံး မိတ်ဆက်မှုလည်း ဖြစ်လာမှာပါ။

The iMac Pro is being discontinued | TechCrunch

iMac Pro အသစ်မှာ အနည်းဆုံး အနေနဲ့ 16GB RAM နဲ့ 512GB SSD Storage ထည့်သွင်းထားနိုင်တာက မကြာခင်က ကြေညာခဲ့တဲ့ MacBook Pro Series နဲ့ တူညီမှာပါ။ M1 Pro နဲ့ M1 Max Chipset တွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက Bloomberg ရဲ့ Mark Gurman က Apple Silicon ပါတဲ့ စွမ်းရည်မြင့် iMac အသစ်ကို ၂၀၂၂ ခုနှစ်မှာ ကြေညာမယ်လို့ သတင်းပေးခဲ့ပေမယ့် အဲဒီနောက်မှာ Apple ဟာ ၂၄ လက်မ M1 iMac ကို အာရုံစိုက်ဖို့အတွက် စွမ်းရည်မြင့် iMac အသစ် ဖန်တီးတာကို ရပ်နားလိုက်တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

အခု သတင်းအသစ်မှာ Apple ရဲ့ တခြားထုတ်ကုန်တွေ ကြေညာနိုင်တဲ့ အချိန်အကြောင်းလည်း ပါလာပါတယ်။ OLED မျက်နှာပြင် ပါတဲ့ iPad နဲ့ MacBook အသစ်တွေကို ၂၀၂၃ ခုနှစ် မတိုင်ခင် ကြေညာမှာ မဟုတ်ဘဲ ပိုဖြစ်နိုင်တာက ၂၀၂၄ ခုနှစ်လို့ သိရပါတယ်။

Ref : gizmochina