[Zawgyi]

Apple ဟာ ပါဝါဖြင့္မရတဲ့ ျပႆနာနဲ႔ ႀကဳံေတြ႕ရတဲ့ iPhone 6s နဲ႔ 6s Plus ယူနစ္ေတြအတြက္ ျပဳျပင္ေပးတဲ့ အစီအစဥ္ကို စတင္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာလိုက္ပါတယ္။ ဒီလိုမ်ိဳး ပါဝင္ဖြင့္လို႔မရတဲ့ ျပႆနာဟာ အတြင္းမွာတပ္ဆင္ထားတဲ့ အစိတ္အပိုင္း တစ္ခုခု ပ်က္စီးတာ၊ ဒါမွမဟုတ္ မေကာင္းမြန္တာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ပါဝါဖြင့္မရတဲ့ျပႆနာကို ျဖစ္ေပၚေစတာ ဘယ္အစိတ္အပိုင္းလဲဆိုတာကိုေတာ့ Apple က ထုတ္ေဖာ္ေျပာဆိုျခင္းမရွိပါဘူး။ အလားတူပဲ ဘယ္အစိတ္အပိုင္းကို ဘာေၾကာင့္ ျပဳျပင္ရလဲဆိုတာကိုလည္း ထုတ္ေဖာ္ေျပာဆိုျခင္းမရွိပါဘူး။

Apple ဟာ ဒီလိုျပႆနာနဲ႔ႀကဳံေတြ႕ရတဲ့ iPhone 6s နဲ႔ 6s Plus ယူနစ္ေတြဟာ ၂၀၁၈ ေအာက္တိုဘာနဲ႔ ၂၀၁၉ ၾသဂုတ္လၾကားမွာ ထုတ္လုပ္ထားတဲ့ ယူနစ္ေတြျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါေၾကာင့္ အဆိုပါ Error ႀကဳံရမယ့္ iPhone ေတြဟာ အေရအတြက္ အကန႔္အသတ္ရွိတယ္လို႔ ဆိုရပါလိမ့္မယ္။

အသုံးျပဳသူအေနနဲ႔ ကိုယ့္လက္ထဲက iPhone ဟာ ကံဆိုးစြာနဲ႔ ဒီျပႆနာရွိေနလားဆိုတာကို ဒီဝက္ဘ္စာမ်က္ႏွာမွာ သြားၿပီးစစ္ေဆးႏိုင္ပါတယ္။ အကယ္၍ ကိုယ့္ iPhone ဟာ ျပႆနာရွိေနၿပီဆိုရင္ေတာ့ Apple ရဲ႕ တရားဝင္ ဝန္ေဆာင္မႈေပးတဲ့စင္တာ၊ ဒါမွမဟုတ္ Apple တရားဝင္အေရာင္းဆိုင္ကို သြားေရာက္ျပသႏိုင္ပါတယ္။ ဒီလိုမွမဟုတ္ရင္လည္း Apple Support ဆီကို စာတိုက္၊ ဒါမွမဟုတ္ ပို႔ေဆာင္ေရးကုမၸဏီတစ္ခုခုနဲ႔ ဖုန္းကို ပို႔လိုက္ရမွာ ျဖစ္ပါတယ္။ အကယ္၍ ဒီျပႆနာကို ႀကဳံခဲ့ရဖူးလို႔ ျပင္ခဲ့ၿပီးၿပီဆိုရင္လည္း ျပဳျပင္ခကုန္က်စရိတ္ကို Apple ဆီဆက္သြယ္ၿပီး ျပန္ေတာင္းခံႏိုင္တယ္လို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

ပါဝါဖွင့်မရတဲ့ iPhone 6s နဲ့ 6S Plus အချို့ကို ပြုပြင်ပေးမယ့် Apple

Apple ဟာ ပါဝါဖွင့်မရတဲ့ ပြဿနာနဲ့ ကြုံတွေ့ရတဲ့ iPhone 6s နဲ့ 6s Plus ယူနစ်တွေအတွက် ပြုပြင်ပေးတဲ့ အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီလိုမျိုး ပါဝင်ဖွင့်လို့မရတဲ့ ပြဿနာဟာ အတွင်းမှာတပ်ဆင်ထားတဲ့ အစိတ်အပိုင်း တစ်ခုခု ပျက်စီးတာ၊ ဒါမှမဟုတ် မကောင်းမွန်တာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပါဝါဖွင့်မရတဲ့ပြဿနာကို ဖြစ်ပေါ်စေတာ ဘယ်အစိတ်အပိုင်းလဲဆိုတာကိုတော့ Apple က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ အလားတူပဲ ဘယ်အစိတ်အပိုင်းကို ဘာကြောင့် ပြုပြင်ရလဲဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

Apple ဟာ ဒီလိုပြဿနာနဲ့ကြုံတွေ့ရတဲ့ iPhone 6s နဲ့ 6s Plus ယူနစ်တွေဟာ ၂၀၁၈ အောက်တိုဘာနဲ့ ၂၀၁၉ သြဂုတ်လကြားမှာ ထုတ်လုပ်ထားတဲ့ ယူနစ်တွေဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အဆိုပါ Error ကြုံရမယ့် iPhone တွေဟာ အရေအတွက် အကန့်အသတ်ရှိတယ်လို့ ဆိုရပါလိမ့်မယ်။

အသုံးပြုသူအနေနဲ့ ကိုယ့်လက်ထဲက iPhone ဟာ ကံဆိုးစွာနဲ့ ဒီပြဿနာရှိနေလားဆိုတာကို ဒီဝက်ဘ်စာမျက်နှာမှာ သွားပြီးစစ်ဆေးနိုင်ပါတယ်။ အကယ်၍ ကိုယ့် iPhone ဟာ ပြဿနာရှိနေပြီဆိုရင်တော့ Apple ရဲ့ တရားဝင် ဝန်ဆောင်မှုပေးတဲ့စင်တာ၊ ဒါမှမဟုတ် Apple တရားဝင်အရောင်းဆိုင်ကို သွားရောက်ပြသနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း Apple Support ဆီကို စာတိုက်၊ ဒါမှမဟုတ် ပို့ဆောင်ရေးကုမ္ပဏီတစ်ခုခုနဲ့ ဖုန်းကို ပို့လိုက်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီပြဿနာကို ကြုံခဲ့ရဖူးလို့ ပြင်ခဲ့ပြီးပြီဆိုရင်လည်း ပြုပြင်ခကုန်ကျစရိတ်ကို Apple ဆီဆက်သွယ်ပြီး ပြန်တောင်းခံနိုင်တယ်လို့ သိရပါတယ်။

Ref: GSM Arena