Zawgyi Font Version
A 12 Chip ဟာ Apple ရဲ့ ပထမဆုံး 7 Nano Meters ဖွဲ့စည်းပုံနဲ့တည်ဆောက်ထားတဲ့ Chip အသစ်ပါ။ CPU Core ခြောက်လုံး၊ GPU Core လေးလုံးနဲ့အတူ အဆင့်မြှင့်တင်ပေးထားတဲ့ Neural Engine ဆိုတဲ့ အသိဥာဏ်ရှိတဲ့ Chip လေးတစ်ခုပါ ပါတယ်။
Unicode Version
Apple Event မှာ iPhone သုံးလုံးမိတ်ဆက်ခဲ့ပြီး ထင်ထားတဲ့ အတိုင်းပဲ iPhone အသစ်တွေမှာ A 12 Bionic Chip အသစ်ကိုထည့်ပေးထားပါတယ်။ တော်တော်များများက Apple ရဲ့ Product အသစ်တွေဟာ Innovative မဖြစ်ဘူး၊ ဘာမှ အသစ်အဆန်းမပါဘူးလို့ပြောကြပါတယ်။ ဒါပေမယ့် Camera နဲ့ Chip အသစ်တွေဟာ ပိုပြီးတော့ သာလွန်ကောင်းမွန်လာတာတော့ အမှန်တရားပါပဲ။
A 12 Chip ဟာ Apple ရဲ့ ပထမဆုံး 7 Nano Meters ဖွဲ့စည်းပုံနဲ့ တည်ဆောင်ထားတဲ့ Chip အသစ်ပါ။ CPU Core ခြောက်လုံး၊ GPU Core လေးလုံးနဲ့အတူ အဆင့်မြှင့်တင်ပေးထားတဲ့ Neural Engine ဆိုတဲ့ အသိဉာဏ်ရှိတဲ့ Chip လေးတစ်ခုပါ ပါတယ်။
အရင် A11 Bionic Chip မှာပါတဲ့ Neural Engine ကို Core နှစ်ခုနဲ့ ဖွဲ့စည်းခဲ့ပြီး တစ်စက္ကန့်ကို လုပ်ဆောင်ချက် 600 Billions (သန်း ခြောက်ရာ) လုပ်နိုင်ခဲ့ပြီး အခု A12 Bionic Chip မှာတော့ Neural Engine ကို Core ရှစ်ခုထိ တိုးမြှင့်ပေးခဲ့တဲ့ အတွက် တစ်စက္ကန့်ကို လုပ်ဆောင်ချက်ပေါင်း 5 Trillions (သန်းပေါင်း ငါးထောင်) ထိ လုပ်ဆောင်လာနိုင်တဲ့အတွက် ဒါဟာ တော်တော်လေးကိုအံ့သြဖို့ကောင်းတဲ့ အဆင့်မြှင့်တင်မှုတစ်ခုပါပဲ။
အဲ့အချက်ကြောင့်ပဲ iPhone အသစ်တွေမှာ AR Game လို့ခေါ်တဲ့ ဖုန်း Camera ကနေတစ်ဆင့် အပြင်လောကနဲ့ Graphic ပုံရိပ်တွေကိုပေါင်းစပ်ပြီး ဆော့ရတဲ့ Game တွေကို ချောချောမွေ့မွေ့ဆော့နိုင်မှာပါ။ အရမ်းအစွမ်းထက်လာတဲ့ Neural Engine ကြောင့် Player တွေအများကြီး အတူတူဆော့ကစားနိုင်ပြီး Apple ရဲ့ Event မှာ AR Version Arcade Game လေးတစ်ခုကို လူတွေအများကြီးနဲ့ဆော့ပြခဲ့ပါတယ်။
Neural Engine အသစ်ဟာ Machine Learning လို့ခေါ်တဲ့နည်းပညာအသစ်ကြောင့် iPhone ကို အသိဉာဏ် ပိုရှိလာစေပြီး သင်သုံးနေကျ App တွေ သင် အပြင်ထွက်တဲ့အခါ သွားနေကျ လမ်းကြောင်းတွေ အစရှိတဲ့ အရာတွေကို မှတ်မိနားလည်ပြီး သင်အသုံးပြုမယ့် App ထဲမဝင်ရသေးခင်အချိန်မှာပဲ အဲ့ဒီ App ကို အဆင့်သင့် ပြင်ပေးထားပါတယ်။ Core ML နည်းပညာသုံးထားတဲ့ Graphic အလန်းစား Game တွေကိုလည်း အရည်အသွေးပိုကောင်းလာစေမှာဖြစ်ပြီး အဆိုပါအချက်ကို Elder Scrolls: Blade လို့ခေါ်တဲ့ Game အသစ်နဲ့အတူ ပြသခဲ့ပါတယ်။ Core ML အသစ်ကြောင့် Graphic Quality အရမ်းကောင်းလာပြီး ရုပ်ထွက်တွေက သဘာဝပိုဆန်လာပါတယ်။ Game ကိုအစမ်းဆော့ပြတဲ့အခါ Game ထဲမှာ ဓားကို မီးရောင်ဟပ်တာကိုတောင် သဘာဝဆန်ဆန် ပုံဖော်ထားနိုင်ပါတယ်။ Mobile Gamer တွေအတွက်တော့ ရှယ်ပါပဲ။
Neural Engine အသစ်ကြောင့် Homecourt လို့ခေါ်တဲ့ App လေးတစ်ခုကိုအသုံးပြုလာနိုင်ပြီးဘက်စကတ်ဘော ကစားတဲ့ သူတွေတော်တော်အဆင်ပြေလာပါတယ်။ Homecourt App ဟာ iPhone အသစ်တွေရဲ့ Camera ကိုအသုံးပြုပြီး ဘက်စကတ်ဘော ကစားတဲ့ ကစားသမားတွေရဲ့ လှုပ်ရှားမှုတွေကို အသေးစိတ် တွက်ချက်ပေးပြီး လိုအပ်တဲ့အရာတွေကိုပြန်ပြောပြနိုင်ပါတယ်။ ဥပမာ ဘယ်လောက် မြင့်မြင့်ခုန်ရမယ်ဆိုတာမျိုး ဒေါင့်ချိုး ဘယ်လောက် ဒီဂရီကနေ ဘောလုံးကို ပစ်ထည့်ရမယ်ဆိုတာမျိုးတွေကို အသေးစိတ်တွက်ချက်ပေးနိုင်ပါတယ်။ နာမည်အတိုင်းပဲ ကိုယ့်အိပ်ကပ်ထဲမှာ ဘက်စကတ်ဘော နည်းပြတစ်ယောက်ရှိနေမှာပါ။
Neural Engine အသစ်က Camera Quality ကိုလည်း အများကြီးတိုးတက်လာစေပါတယ်။ Apple ဟာ Auto HDR လို့ခေါ်တဲ့ Feature အသစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပြီး အဲ့ဒီ Auto HDR ဆိုတာ အရင်ဖုန်းတွေမှာ တွေ့နေကျ Auto HDR မဟုတ်ပါဘူး။ သူက ဘယ်အချိန်ပဲ ရိုက်ရိုက် ပုံတွေအများကြီးရိုက်ပြီး Neural Engine ကနေ လိုအပ်တဲ့ အရောင်အသွေး နဲ့ Detail တွေကို အသေးစိတ် ပြန်ပေါင်းပေးတာကြောင့် Smartphone တစ်လုံးမှာ တစ်ခါမှ မတွေ့ခဲ့ဖူးတဲ့ Camera အရည်အသွေးကိုရပါလိမ့်မယ်။
Apple Event မှာ iPhone အသစ်တွေနဲ့ ရိုက်ထားတဲ့ Sample Photo တွေပြသခဲ့ပြီး အမှန်အတိုင်းပြောရရင် DSLR နဲ့ ရိုက်ထားတဲ့ ပုံတွေအလား အရမ်းလှပပါတယ်။ Apple Event ရဲ့ အဓိက ပွဲထုတ်တဲ့ iPhone အသစ်တွေဟာ အပေါ်ယံကြည့်လိုက်ရင် အဆင့်မြှင့်တင်မှုဘာမှ မရှိဘူးလို့ထင်ရပေမယ့် A12 Bionic Chip နဲ့ အတူ စွမ်းဆောင်ရည်အရမ်းကောင်းတဲ့ Camera အသစ်တွေက အဆင့်မြှင့်တင်မှု အကြီးစားပါပဲ။