[Zawgyi]

Apple ဟာ iPad ေမာ္ဒယ္အသစ္ႏွစ္ခုကို တိတ္တဆိတ္ပဲ မိတ္ဆက္ခဲ့ၿပီး တတိယေျမာက္မ်ဳိးဆက္ 10.5” လက္မ iPad Air နဲ႔ 7.9” လက္မအရြယ္ iPad Mini တုိ႔ျဖစ္ပါတယ္။

iPad Air အသစ္ဟာ 10.5” Retina Display နဲ႔ထြက္လာၿပီး 4:3 Aspect Ratio ရွိပါတယ္။ Resolution ကေတာ့ 2224 x 1668p နဲ႔ 264ppi ပါ။ ပုိေသးတဲ့ iPad Mini ကေတာ့ 7.9” လက္မအရြယ္ Display မွာ 2048 x 1536p Resolution နဲ႔ 4:3 အခ်ဳိးပဲျဖစ္ပါတယ္။ ဒါေပမယ့္ iPad Mini ရဲ႕ Pixel သိပ္သည္းဆက 326ppi ရွိတာေၾကာင့္ ထြက္ဖူးသမွ် iPad ေမာ္ဒယ္ေတြထဲမွာ အျမင့္ဆုံးပါပဲ။

မ်က္ႏွာျပင္အရြယ္အစားကလြဲရင္ေတာ့ iPad ႏွစ္ခုဟာ အေတာ္ေလးဆင္တူပါတယ္။ ႏွစ္ခုလုံးမွာ Apple A12 Bionic ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး Storage ေရြးခ်ယ္စရာက 64GB နဲ႔ 256GB ႏွစ္မ်ဳိး ျဖစ္ပါတယ္။ ႏွစ္ခုလုံးမွာ ပထမမ်ဳိးဆက္ Apple Pencil ကိုအသုံးျပဳႏုိင္ပါတယ္။

ကင္မရာကလည္း အတူတူျဖစ္ၿပီး ေနာက္ဘက္မွာ 8MP f/2.4 တစ္ခုနဲ႔ ေရွ႕ဘက္မွာ 7MP တုိ႔ျဖစ္ပါတယ္။ ႏွစ္မ်ဳိးလုံးမွာ Face ID မပါလာဘဲ ပိုေရွးက်တဲ့ Touch ID ကိုပဲ အသုံးျပဳထားတယ္။

iPad Air အသစ္ဟာ ေစ်းႏႈန္းေဒၚလာ ၄၉၉ (ျမန္မာေငြ ခုနစ္သိန္းေျခာက္ေသာင္းေက်ာ္) ကေန စတင္ၿပီး iPad Mini ကေတာ့ ေဒၚလာ ၃၉၉ (ျမန္မာေငြ ေျခာက္သိန္းတစ္ေသာင္းေက်ာ္) မွစပါတယ္။ ႏွစ္ခုလုံးကို Silver, Space Grey နဲ႔ Gold အေရာင္မ်ားျဖင့္ ရရွိႏုိင္မွာပါ။

Ref – GSM Arena

[Unicode]

Apple ဟာ iPad မော်ဒယ်အသစ်နှစ်ခုကို တိတ်တဆိတ်ပဲ မိတ်ဆက်ခဲ့ပြီး တတိယမြောက်မျိုးဆက် 10.5” လက်မ iPad Air နဲ့ 7.9” လက်မအရွယ် iPad Mini တို့ဖြစ်ပါတယ်။

iPad Air အသစ်ဟာ 10.5” Retina Display နဲ့ထွက်လာပြီး 4:3 Aspect Ratio ရှိပါတယ်။ Resolution ကတော့ 2224 x 1668p နဲ့ 264ppi ပါ။ ပိုသေးတဲ့ iPad Mini ကတော့ 7.9” လက်မအရွယ် Display မှာ 2048 x 1536p Resolution နဲ့ 4:3 အချိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် iPad Mini ရဲ့ Pixel သိပ်သည်းဆက 326ppi ရှိတာကြောင့် ထွက်ဖူးသမျှ iPad မော်ဒယ်တွေထဲမှာ အမြင့်ဆုံးပါပဲ။

မျက်နှာပြင်အရွယ်အစားကလွဲရင်တော့ iPad နှစ်ခုဟာ အတော်လေးဆင်တူပါတယ်။ နှစ်ခုလုံးမှာ Apple A12 Bionic ချစ်ပ်ဆက်ကို အသုံးပြုထားပြီး Storage ရွေးချယ်စရာက 64GB နဲ့ 256GB နှစ်မျိုး ဖြစ်ပါတယ်။ နှစ်ခုလုံးမှာ ပထမမျိုးဆက် Apple Pencil ကိုအသုံးပြုနိုင်ပါတယ်။

ကင်မရာကလည်း အတူတူဖြစ်ပြီး နောက်ဘက်မှာ 8MP f/2.4 တစ်ခုနဲ့ ရှေ့ဘက်မှာ 7MP တို့ဖြစ်ပါတယ်။ နှစ်မျိုးလုံးမှာ Face ID မပါလာဘဲ ပိုရှေးကျတဲ့ Touch ID ကိုပဲ အသုံးပြုထားတယ်။

iPad Air အသစ်ဟာ ဈေးနှုန်းဒေါ်လာ ၄၉၉ (မြန်မာငွေ ခုနစ်သိန်းခြောက်သောင်းကျော်) ကနေ စတင်ပြီး iPad Mini ကတော့ ဒေါ်လာ ၃၉၉ (မြန်မာငွေ ခြောက်သိန်းတစ်သောင်းကျော်) မှစပါတယ်။ နှစ်ခုလုံးကို Silver, Space Grey နဲ့ Gold အရောင်များဖြင့် ရရှိနိုင်မှာပါ။

Ref – GSM Arena