[Zawgyi]

Apple ဟာ သူတို႔ရဲ႕ iOS 12 အတြက္ ပထမဆုံးအႀကိမ္ အဓိက Update အျဖစ္ iOS 12.1 ကို ထုတ္ေပးလိုက္ပါတယ္။ ဒီ Update မွာ ေကာင္းမြန္တဲ့ အဓိက Features ေတြပါဝင္သလို အေရးပါတဲ့ ျပဳျပင္မႈေတြလည္း ပါဝင္ပါတယ္။ ဒါေပမယ့္ အဲဒီလို ေကာင္းမြန္တဲ့အရာေတြအျပင္ ျပႆနာတစ္ခုလည္း ပါဝင္လာတယ္လို႔ Forbes က ေဖာ္ျပခဲ့ပါတယ္။

ေဆာင္းပါးရွင္ Gordon Kelly ရဲ႕ ေရးသားေဖာ္ျပခ်က္အရဆိုရင္ေတာ့ iOS 12.1 ကို ျမႇင့္တင္လိုက္မယ္ဆိုရင္ ဖုန္းေလးတစ္ခါေခၚလိုက္႐ုံနဲ႔ Hack လုပ္လိုက္လို႔ရတယ္လို႔ သိရပါတယ္။ ဒီအားနည္းခ်က္က Lockscreen မွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဘယ္သူမဆို iPhone တစ္လုံးကေန တျခား iPhone တစ္လုံးဆီကို ဖုန္းေခၚဆိုလို႔ရပါတယ္။ ေခၚလိုက္တာနဲ႔ FaceTime Video ထဲဝင္လိုက္ၿပီး ‘Add Person’ ကို ေ႐ြးခ်ယ္လိုက္ႏိုင္သလို ရည္႐ြယ္ထားတဲ့ iPhone ဆီ ေခၚဆိုလိုက္လို႔ ရပါတယ္။ ဒီေနာက္မွာေတာ့ ဆက္သြယ္မႈ လိပ္စာေတြ၊ အခ်က္အလက္ေတြ အားလုံးက ေပါက္ၾကားသြားရပါၿပီ။

ဒီလို လုံၿခဳံေရးေပါက္ၾကားမႈကို Jose Rodriguez က ေဖာ္ထုတ္ခဲ့တာပါ။ သူဟာ iPhone ကို Face ID လည္းမသုံး၊ Password လည္း မသုံးဘဲ ဝင္ေရာက္လုပ္ေဆာင္ျပတာ ျဖစ္ပါတယ္။ ဒီလုံၿခဳံေရးအားနည္းခ်က္က iPhone တိုင္းမွာ ျဖစ္တာေတာ့ မဟုတ္ပါဘူး။ 3D Touch မရွိရင္ေတာ့ ဒီျပႆနာ မရွိဘူးလို႔လည္း ေဆာင္းပါးရွင္က ေရးသားထားပါေသးတယ္။ Apple အေနနဲ႔ လက္ရွိအခ်ိန္အထိ ဒီျပႆနာနဲ႔ပတ္သက္ၿပီး တုံ႔ျပန္မႈျပဳလုပ္တာ မေတြ႕ရေသးပါဘူး။

Ref: forbes

[Unicode]

Apple ဟာ သူတို့ရဲ့ iOS 12 အတွက် ပထမဆုံးအကြိမ် အဓိက Update အဖြစ် iOS 12.1 ကို ထုတ်ပေးလိုက်ပါတယ်။ ဒီ Update မှာ ကောင်းမွန်တဲ့ အဓိက Features တွေပါဝင်သလို အရေးပါတဲ့ ပြုပြင်မှုတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒီလို ကောင်းမွန်တဲ့အရာတွေအပြင် ပြဿနာတစ်ခုလည်း ပါဝင်လာတယ်လို့ Forbes က ဖော်ပြခဲ့ပါတယ်။

ဆောင်းပါးရှင် Gordon Kelly ရဲ့ ရေးသားဖော်ပြချက်အရဆိုရင်တော့ iOS 12.1 ကို မြှင့်တင်လိုက်မယ်ဆိုရင် ဖုန်းလေးတစ်ခါခေါ်လိုက်ရုံနဲ့ Hack လုပ်လိုက်လို့ရတယ်လို့ သိရပါတယ်။ ဒီအားနည်းချက်က Lockscreen မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်သူမဆို iPhone တစ်လုံးကနေ တခြား iPhone တစ်လုံးဆီကို ဖုန်းခေါ်ဆိုလို့ရပါတယ်။ ခေါ်လိုက်တာနဲ့ FaceTime Video ထဲဝင်လိုက်ပြီး ‘Add Person’ ကို ရွေးချယ်လိုက်နိုင်သလို ရည်ရွယ်ထားတဲ့ iPhone ဆီ ခေါ်ဆိုလိုက်လို့ ရပါတယ်။ ဒီနောက်မှာတော့ ဆက်သွယ်မှု လိပ်စာတွေ၊ အချက်အလက်တွေ အားလုံးက ပေါက်ကြားသွားရပါပြီ။

ဒီလို လုံခြုံရေးပေါက်ကြားမှုကို Jose Rodriguez က ဖော်ထုတ်ခဲ့တာပါ။ သူဟာ iPhone ကို Face ID လည်းမသုံး၊ Password လည်း မသုံးဘဲ ဝင်ရောက်လုပ်ဆောင်ပြတာ ဖြစ်ပါတယ်။ ဒီလုံခြုံရေးအားနည်းချက်က iPhone တိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ 3D Touch မရှိရင်တော့ ဒီပြဿနာ မရှိဘူးလို့လည်း ဆောင်းပါးရှင်က ရေးသားထားပါသေးတယ်။ Apple အနေနဲ့ လက်ရှိအချိန်အထိ ဒီပြဿနာနဲ့ပတ်သက်ပြီး တုံ့ပြန်မှုပြုလုပ်တာ မတွေ့ရသေးပါဘူး။

Ref: forbes