Apple ဟာ သူ့ထုတ်ကုန်တွေကို အပြောင်းအလဲများစွာ ပြုလုပ်နေပြီး Mac Series ပြီးတော့ iPad Pro Series အလှည့်ကျရောက်လာပါပြီ။ iPad Pro Series ရဲ့ အပြောင်းအလဲကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ Apple ဟာ သူ့ ထုတ်ကုန်အများစုမှာ အသုံးပြုဖို့အတွက် Mini LED မျက်နှာပြင်ကို ဖန်တီးနေတယ်လို့ သိရပါတယ်။ Mini LED ပါမယ့် ပထမဆုံး Device က iPad Pro လို့ သတင်းထွက်နေပါတယ်။

Apple iPad Pro 2020

Mini LED မျက်နှာပြင် ပါတဲ့ iPad Pro ကို ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ ကြေညာမယ်လို့ သိရပါတယ်။ ဒါတင်မကသေးဘဲ ကုမ္ပဏီဟာ iPad Pro အတွက် OLED မျက်နှာပြင်ကိုလည်း ဖန်တီးနေတယ်လို့ ပြောနေကြပါတယ်။ Apple ဟာ Samsung Display နဲ့ LG Display ဆီက OLED Panel တွေ ဝယ်ယူနေတယ်လို့လည်း သတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ iPhone 12 Series အတွက် OLED တွေကိုလည်း အဲဒီ ကုမ္ပဏီ ၂ ခုက ထုတ်လုပ်ပေးထားကြတာပါ။

Report: First iPad Pro with OLED Display Coming in Second Half of 2021

Apple ဟာ နောက်နှစ်ထုတ်မယ့် iPad Series အတွက် Mini LED တွေကို အသုံးပြုဖို့ ရည်မှန်းချက် ကြီးကြီး ထားထားတယ်လို့ သိရပါတယ်။ MacBook နဲ့ iMac Series အတွက်လည်း Mini LED ကို နောက်ပိုင်းမှာ ဖြည်းဖြည်းချင်း သုံးလာနိုင်ပါတယ်။

အရင်သတင်းတွေအရ အမေရိကန် နည်းပညာ ဘီလူးကြီးဟာ Epistar ဆီကနေ Mini LED တွေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ ၂၀၂၂ မှာ Apple ရဲ့ Supplier ဖြစ်လာနိုင်တဲ့ တရုတ် အခြေစိုက် San’an Optoelectronics ဆီကနေလည်း အလားတူ မျက်နှာပြင်တွေ ရယူနိုင်ပါတယ်။

Mini LED ဟာ နောက်မျိုးဆက် micro-LED အတွက် အသွင်ပြောင်းတဲ့ နည်းပညာ ဖြစ်နိုင်ပြီး Apple ဒီနည်းပညာကို ဖန်တီးနေတာ နှစ်အနည်းငယ်ရှိနေပါပြီ။ Apple ဟာ ၂၀၁၈ မှာ ကယ်လီဖိုးနီးယားက စက်ရုံမှာ အဲဒီနည်းပညာကို စတင် စမ်းသပ်နေတယ်လို့ သိရပါတယ်။ ၂၀၂၃ မတိုင်ခင်တော့ micro-LED မျက်နှာပြင်တွေဟာ စမတ်ဖုန်းတွေအပေါ် ရောက်လာမှာ မဟုတ်ပါဘူး။

Ref : gizmochina