[Zawgyi]

Concept ဗီဒီယိုဆိုတာ ၾကားသိထားတဲ့ ေကာလဟလသတင္းေတြနဲ႔ ေပါက္ၾကားထားတဲ့ အခ်က္အလက္ေတြအေပၚ အေျခခံၿပီး ဒီဇိုင္းေရးဆြဲ ဖန္တီးထားတဲ့ ဗီဒီယိုေတြကို ဆိုလိုတာ ျဖစ္ပါတယ္။ iPhone 11 နဲ႔ ပတ္သတ္ၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြေန႔တုန္းက YouTube ေပၚမွာ ဂယက္ထသြားတဲ့ ဗီဒီယိုကေတာ့ ေအာက္မွာ ေဖာ္ျပေပးထားတဲ့ iPhone 11 ရဲ႕ Concept ဗီဒီယိုပဲ ျဖစ္ပါတယ္။

ConceptsiPhone ကေန ဖန္တီးထားတဲ့ iPhone 11 ပုံစံက ဘာနဲ႔သြားတူလဲဆိုေတာ့ 2018 iPad Pro နဲ႔ iPhone X တို႔ရဲ႕ ဒီဇိုင္းေတြကို ေပါင္းစပ္ဖန္တီးထားတာနဲ႔ သြားတူပါတယ္။ Connectivity အပိုင္းမွာေတာ့ အရင္မ်ိဴးဆက္ iPhone ေတြမွာ ျမင္ေတြ႕ရတဲ့ Lightning port အစား USB Type-C ေတြကို အသုံးျပဳထားပါတယ္။ ဒါေပမယ့္ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Lightning port ေတြကိုပဲ ဆက္လက္ အသုံးျပဳလိမ့္မယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

ေနာက္ေက်ာဘက္မွာ 48MP Camera Sensor ပါတဲ့ Triple-camera Setup ကို ေလးေထာင့္ကြက္ထဲမွာ ထည့္သြင္း တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ အရင္မ်ိဴးဆက္ iPhone ေတြထက္ ပိုမိုေသးငယ္သြားတဲ့ Notch Display ကို အသုံးျပဳထားၿပီး Earpiece Speaker ကို ေဘာင္နဲ႔ Display ၾကားမွာ တပ္ဆင္ထားပါတယ္။ ဒါ့အျပင္ အဆိုပါ ဗီဒီယိုမွာ လုံၿခဳံေရးစနစ္အတြက္ On-screen Touch ID စနစ္ကိုပါ ထည့္သြင္းထားပါေသးတယ္။

ကြၽန္ေတာ္ရဲ႕ အျမင္ကို ေျပာရမယ္ဆိုရင္ Apple အေနနဲ႔ 48MP Camera Sensor ေတြကို အသုံးျပဳႏိုင္ဖြယ္ မရွိေသးသလို Touch ID ဘက္ကိုလည္း ျပန္လည္ ျမႇားဦး မလွည့္ႏိုင္ေသးပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ Apple ရဲ႕ Face ID ဟာ လက္ရွိ လုံၿခဳံေရးနည္းပညာေတြထဲမွာ အေကာင္းဆုံးလို႔ ယူဆရၿပီး၊ Apple အတြက္ Face ID Sensor ေတြကို ေထာက္ပံ့ေပးေနတဲ့ ကုမၸဏီကလည္း Display ေအာက္မွာ ျမႇပ္ႏွံထားႏိုင္မယ့္ Face ID Sensor ေတြကို ေအာင္ျမင္စြာ ထုတ္လုပ္ထားလို႔ ျဖစ္ပါတယ္။

ConceptsiPhone ကေန ဖန္တီးလိုက္တဲ့ iPhone 11 ရဲ႕ ဒီဇိုင္းနဲ႔ Feature တခ်ိဴ႕ဟာ လက္ရွိၾကားသိေနရတဲ့ သတင္းေတြနဲ႔ အနည္းငယ္ကြဲလြဲေနတာ ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ iPhone 11 (iPhone XI) ဟာ ဒီပုံစံအတိုင္း ထြက္လာမယ္လို႔ တထစ္ခ် ယုံၾကည္ထားလို႔ မရပါဘူး။

Ref : 9To5Mac

[Unicode]

ကင်မရာ ၃လုံးပါတဲ့ iPhone 11 ရဲ့ Concept ဗီဒီယို ထွက်ပေါ်လာပြီ

Concept ဗီဒီယိုဆိုတာ ကြားသိထားတဲ့ ကောလဟလသတင်းတွေနဲ့ ပေါက်ကြားထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ဒီဇိုင်းရေးဆွဲ ဖန်တီးထားတဲ့ ဗီဒီယိုတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ iPhone 11 နဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက YouTube ပေါ်မှာ ဂယက်ထသွားတဲ့ ဗီဒီယိုကတော့ အောက်မှာ ဖော်ပြပေးထားတဲ့ iPhone 11 ရဲ့ Concept ဗီဒီယိုပဲ ဖြစ်ပါတယ်။

ConceptsiPhone ကနေ ဖန်တီးထားတဲ့ iPhone 11 ပုံစံက ဘာနဲ့သွားတူလဲဆိုတော့ 2018 iPad Pro နဲ့ iPhone X တို့ရဲ့ ဒီဇိုင်းတွေကို ပေါင်းစပ်ဖန်တီးထားတာနဲ့ သွားတူပါတယ်။ Connectivity အပိုင်းမှာတော့ အရင်မျိူးဆက် iPhone တွေမှာ မြင်တွေ့ရတဲ့ Lightning port အစား USB Type-C တွေကို အသုံးပြုထားပါတယ်။ ဒါပေမယ့် တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ Lightning port တွေကိုပဲ ဆက်လက် အသုံးပြုလိမ့်မယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

နောက်ကျောဘက်မှာ 48MP Camera Sensor ပါတဲ့ Triple-camera Setup ကို လေးထောင့်ကွက်ထဲမှာ ထည့်သွင်း တပ်ဆင်ထားတာ တွေ့ရပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ အရင်မျိူးဆက် iPhone တွေထက် ပိုမိုသေးငယ်သွားတဲ့ Notch Display ကို အသုံးပြုထားပြီး Earpiece Speaker ကို ဘောင်နဲ့ Display ကြားမှာ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် အဆိုပါ ဗီဒီယိုမှာ လုံခြုံရေးစနစ်အတွက် On-screen Touch ID စနစ်ကိုပါ ထည့်သွင်းထားပါသေးတယ်။

ကျွန်တော်ရဲ့ အမြင်ကို ပြောရမယ်ဆိုရင် Apple အနေနဲ့ 48MP Camera Sensor တွေကို အသုံးပြုနိုင်ဖွယ် မရှိသေးသလို Touch ID ဘက်ကိုလည်း ပြန်လည် မြှားဦး မလှည့်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Apple ရဲ့ Face ID ဟာ လက်ရှိ လုံခြုံရေးနည်းပညာတွေထဲမှာ အကောင်းဆုံးလို့ ယူဆရပြီး၊ Apple အတွက် Face ID Sensor တွေကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီကလည်း Display အောက်မှာ မြှပ်နှံထားနိုင်မယ့် Face ID Sensor တွေကို အောင်မြင်စွာ ထုတ်လုပ်ထားလို့ ဖြစ်ပါတယ်။

ConceptsiPhone ကနေ ဖန်တီးလိုက်တဲ့ iPhone 11 ရဲ့ ဒီဇိုင်းနဲ့ Feature တချိူ့ဟာ လက်ရှိကြားသိနေရတဲ့ သတင်းတွေနဲ့ အနည်းငယ်ကွဲလွဲနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် iPhone 11 (iPhone XI) ဟာ ဒီပုံစံအတိုင်း ထွက်လာမယ်လို့ တထစ်ချ ယုံကြည်ထားလို့ မရပါဘူး။

Ref : 9To5Mac