[Zawgyi]

iPhone 11 Series ေတြကို ဒီလ ၁၀ ရက္ေန႔မွာ ေၾကညာခဲ့ၿပီး ကမာၻအ၀န္းမွာ ႀကိဳတင္မွာယူခြင့္ျပဳလိုက္ပါၿပီ။ တရုတ္မွာလည္း JD.com နဲ႔ Tmall တို႔မွာ ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ပါတယ္။ စိတ္၀င္စားစရာေကာင္းတာက iPhone Model ၃ လံုးကို JD.com မွာ ႀကိဳတင္မွာယူခြင့္ မျပဳေသးခင္မွာ စာရင္းေပးသြင္းသူ ၁ သန္းေက်ာ္သြားၿပီလို႔ သိရပါတယ္။

တရုတ္မွာ iPhone ေရာင္းအားေတြ က်ဆင္းေနတယ္ဆိုတဲ့ သတင္းေတြ မၾကာခင္က ထြက္ခဲ့ေပမယ့္ iPhone 11 Series ေတြကို လူစိတ္၀င္စားမႈ ျမင့္မားေနတယ္လို႔ ထင္ပါတယ္။ စာရင္းေပးသြင္းသူ ဆိုတာ တကယ္ ၀ယ္မယ့္သူေတာ့ မဟုတ္ဘဲ စိတ္၀င္စားေနတာကို ျပသတာပဲ ျဖစ္ေပမယ့္ အဲဒီ ႏိုင္ငံမွာ Apple ရဲ႕ Brand Value ဟာ ေကာင္းေနေသးတာ ျမင္ႏုိင္ပါတယ္။

ကမာၻအ၀န္းမွာလိုပဲ တရုတ္မွာ စက္တင္ဘာလ ၂၀ ရက္မွာ ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္။ တန္ဖိုးအနည္းဆံုး အေနနဲ႔ iPhone 11 ကို ၅,၄၉၉ ယြမ္ ၊ 11 Pro ကို ၈,၆၉၉ ယြမ္နဲ႔ 11 Pro Max ကို ၉,၅၉၉ ယြမ္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁,၁၈၀,၀၀၀ ၊ ၁,၈၇၀,၀၀၀ နဲ႔ ၂,၀၇၀,၀၀၀ ေလာက္ ရွိႏုိင္ပါတယ္။ iPhone 11 Series ေတြမွာ Apple A13 Bionic Processor ၊ စြမ္းရည္ျမင့္ Dual/Triple Cameras ၊ iOS 13 နဲ႔ အလန္းစား ဘက္ထရီ သက္တမ္းေတြ ထည့္သြင္းထားပါတယ္။

ဒါေပမယ့္ iPhone 11 Series ေတြမွာ 5G Support မပါပါဘူး။ တရုတ္မွာ 5G ဆက္သြယ္မႈ ရေနၿပီ ျဖစ္တဲ့အတြက္ 5G သံုးခ်င္သူေတြအတြက္ေတာ့ iPhone 11 Series ေတြကို စိတ္၀င္စားမႈ နည္းပါးသြားႏိုင္ပါတယ္။ ဒါ့အျပင္ တရုတ္နဲ႔ အေမရိကန္တို႔ရဲ႕ ကုန္သြယ္ေရး စစ္ပြဲေၾကာင့္ iPhone ေရာင္းအားကို ထိခိုက္ႏိုင္ပါတယ္။

Ref : gizmochina

[Unicode]

iPhone 11 Series တွေကို တရုတ်မှာ စာရင်းပေးသွင်းသူ ၁ သန်းကျော်သွားပြီ

iPhone 11 Series တွေကို ဒီလ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပြီး ကမ္ဘာအဝန်းမှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပါပြီ။ တရုတ်မှာလည်း JD.com နဲ့ Tmall တို့မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက iPhone Model ၃ လုံးကို JD.com မှာ ကြိုတင်မှာယူခွင့် မပြုသေးခင်မှာ စာရင်းပေးသွင်းသူ ၁ သန်းကျော်သွားပြီလို့ သိရပါတယ်။

တရုတ်မှာ iPhone ရောင်းအားတွေ ကျဆင်းနေတယ်ဆိုတဲ့ သတင်းတွေ မကြာခင်က ထွက်ခဲ့ပေမယ့် iPhone 11 Series တွေကို လူစိတ်ဝင်စားမှု မြင့်မားနေတယ်လို့ ထင်ပါတယ်။ စာရင်းပေးသွင်းသူ ဆိုတာ တကယ် ဝယ်မယ့်သူတော့ မဟုတ်ဘဲ စိတ်ဝင်စားနေတာကို ပြသတာပဲ ဖြစ်ပေမယ့် အဲဒီ နိုင်ငံမှာ Apple ရဲ့ Brand Value ဟာ ကောင်းနေသေးတာ မြင်နိုင်ပါတယ်။

ကမ္ဘာအဝန်းမှာလိုပဲ တရုတ်မှာ စက်တင်ဘာလ ၂၀ ရက်မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး အနေနဲ့ iPhone 11 ကို ၅,၄၉၉ ယွမ် ၊ 11 Pro ကို ၈,၆၉၉ ယွမ်နဲ့ 11 Pro Max ကို ၉,၅၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁,၁၈၀,၀၀၀ ၊ ၁,၈၇၀,၀၀၀ နဲ့ ၂,၀၇၀,၀၀၀ လောက် ရှိနိုင်ပါတယ်။ iPhone 11 Series တွေမှာ Apple A13 Bionic Processor ၊ စွမ်းရည်မြင့် Dual/Triple Cameras ၊ iOS 13 နဲ့ အလန်းစား ဘက်ထရီ သက်တမ်းတွေ ထည့်သွင်းထားပါတယ်။

ဒါပေမယ့် iPhone 11 Series တွေမှာ 5G Support မပါပါဘူး။ တရုတ်မှာ 5G ဆက်သွယ်မှု ရနေပြီ ဖြစ်တဲ့အတွက် 5G သုံးချင်သူတွေအတွက်တော့ iPhone 11 Series တွေကို စိတ်ဝင်စားမှု နည်းပါးသွားနိုင်ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် iPhone ရောင်းအားကို ထိခိုက်နိုင်ပါတယ်။

Ref : gizmochina