Apple ကနေ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ iPhone 11 Series ဖုန်းတွေထဲမှာ iPhone 11 ဟာ လက်ရှိအချိန်မှာ ရောင်းအားအကောင်းဆုံးနဲ့ အအောင်မြင်ဆုံးစမတ်ဖုန်းတစ်လုံးဖြစ်လာပြီလို့တောင် ပြောလို့ရပါတယ်။ စမတ်ဖုန်းတွေရဲ့ Camera ပိုင်းနဲ့ Audio ပိုင်း စမ်းသပ်မှုတွေကို ပြုလုပ်နေတဲ့ DxOMark ကလည်း အခုအချိန်မှာ iPhone 11 ရဲ့ Audio Test Review ကို ထုတ်ပြန်ခဲ့ပါတယ်။

DxOMark ရဲ့ အဆင့်သတ်မှတ်ချက်အရ Apple iPhone 11 ဟာ Audio ပိုင်းမှာ ရမှတ် ၇၁ မှတ်ရရှိခဲ့ပြီးတော့ iPhone 11 Pro Max နဲ့ ရမှတ်တူညီစွာရရှိခဲ့တာဖြစ်ပါတယ်။ iPhone 11 ရဲ့ အပေါ်မှာတော့ OPPO Find X2 Pro က ရမှတ် ၇၄ မှတ်နဲ့ရပ်တည်နေပါတယ်။

Apple iPhone 11 ဟာ Audio Quality ပိုင်းမှာ iPhone 11 Pro Max နဲ့ဆင်တူပေမယ့် ပါဝင်တဲ့ Speaker Setup က အနည်းငယ်ပိုသေးတဲ့အတွက် Maximum Volume Level မှာတော့ အသံပိုတိုးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျန်တဲ့အပိုင်းတွေမှာ iPhone 11 Pro Max ဖုန်းထက်တောင် အနည်းငယ်သာနေတယ်လို့ သိရပါတယ်။

DxOMark ကတော့ iPhone 11 ဖုန်းမှာ Landscape အနေအထားနဲ့နားထောင်မယ်ဆိုရင် Stereo Rotation ပိုင်းအားနည်းနေသလို တခြားသော High-end စမတ်ဖုန်းတွေနဲ့ယှဥ်မယ်ဆိုရင်လည်း Bass ပိုင်းမှာ အနည်းငယ်အားနည်းတယ်လို့ ဖော်ပြခဲ့ပါတယ်။ Voice Recording ပိုင်းတွေမှာတော့ Stereo Support ပါဝင်ခြင်းမရှိပေမယ့် Audio Quality ပိုင်းမှာတော့ စွမ်းဆောင်ရည်ကောင်းမွန်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple iPhone 11 ဟာ ယခုနှစ်အတွက် အအောင်မြင်ဆုံးစမတ်ဖုန်းတစ်လုံးဖြစ်နေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

Ref – Gizmo China