Zawgyi

Apple ကေန လာမယ့္ စက္တင္ဘာလ ၁၀ ရက္ေန႔မွာ iPhone အသစ္ေတြကို တရားဝင္မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ အဆိုပါ iPhone 11 ဖုန္းေတြက လက္ရွိအခ်ိန္အထိ ဆက္တိုက္ကို Leak သတင္းေတြေပါက္ၾကားေနခဲ့သလို အခုလည္း Apple ကေန မိတ္ဆက္မယ့္ iPhone 11 ၃ မ်ိဳးစလုံးရဲ႕ Final Specs ေတြ ေပါက္ၾကားလာၿပီျဖစ္ပါတယ္။

အခုထြက္ေပၚလာတဲ့ သတင္းေတြက တ႐ုတ္ႏိုင္ငံအတြင္းကေန ေပါက္ၾကားခဲ့တာျဖစ္ၿပီးေတာ့ ျဖစ္ႏိုင္ေျခအမ်ားဆုံးသတင္းေတြလို႔လည္း ေျပာလို႔ရပါတယ္။ သတင္းအရ Apple ကေန ဒီႏွစ္ iPhone အသစ္ေတြကို iPhone 11 ၊ iPhone 11 Pro နဲ႔ iPhone 11 Pro Max ဆိုၿပီး ေခၚဆိုသြားမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ အေစာပိုင္းက သတင္းထြက္ထားသလို iPhone ေတြမွာ “Pro” နာမည္ကို အသုံးျပဳမွာက ေသခ်ာသြားပါၿပီ။

အရင္ဆုံး iPhone 11 မွာ မႏွစ္တုန္းက iPhone XR ေနရာမွာ ဝင္ေရာက္လာမွာျဖစ္ၿပီးေတာ့ မႏွစ္က iPhone XR လိုမ်ိဳးပဲ 6.1″ HD+ LCD Display ကို ဆက္လက္အသုံးျပဳလာဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္ Apple A13 Chip နဲ႔အတူ RAM 4GB ပါဝင္လာမွာျဖစ္တဲ့အတြက္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ ပိုေကာင္းလာဖို႔ရွိေနပါတယ္။ Camera အေနနဲ႔လည္း Dual 12MP Back Camera ပါဝင္လာမွာျဖစ္သလို Selfie Camera ကလည္း 12MP ျဖစ္လာပါတယ္။ က်န္တဲ့အခ်က္ေတြကေတာ့ Reverse Wireless Charging တျဖစ္လဲ Bilateral Wireless Charging စနစ္နဲ႔ Wi-Fi 6 လို Feature ေတြပါလာမွာပါ။ Battery အေနနဲ႔ကေတာ့ 3110mAh Battery ပါဝင္မွာျဖစ္ၿပီးေတာ့ Storage ကို 64GB ၊ 256GB နဲ႔ 512GB ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ ေစ်းႏႈန္းအေနနဲ႔ကေတာ့ $749 ကေန စတင္မွာျဖစ္ပါတယ္။

iPhone 11 Pro နဲ႔ iPhone 11 Pro Max ေတြကေတာ့ မႏွစ္က iPhone XS နဲ႔ XS Max ေတြေနရာမွာ ဝင္လာမွာျဖစ္ၿပီး Improvement ေတြအမ်ားအျပားရွိလာတယ္လို႔ေတာင္ ေျပာရမွာပါ။ Display အေနနဲ႔ကေတာ့ 5.8″ နဲ႔ 6.5″ ရွိတဲ့ OLED Display ေတြကို အသုံးျပဳထားမွာျဖစ္ပါတယ္။ Apple A13 Chip အျပင္ RAM ကိုပါ iPhone ေတြထဲမွာ အမ်ားဆုံးျဖစ္တဲ့ 6GB အထိ သုံးစြဲေပးထားတဲ့အတြက္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ အေကာင္းဆုံးျဖစ္လာႏိုင္ပါတယ္။ Camera ေတြအေနနဲ႔ကေတာ့ Triple 12MP Back Camera နဲ႔ 12MP Selfie Camera ေတြပါဝင္မွာပါ။ က်န္တဲ့ Wi-Fi 6 ၊ Bilateral Wireless Charging လို Feature ေတြအျပင္ Apple Pencil ကိုပါ Support ျပဳလုပ္မယ္လို႔လည္း သိရပါတယ္။ Battery အေနနဲ႔လည္း iPhone 11 Pro မွာ 3190+mAh Battery နဲ႔ iPhone 11 Pro Max မွာ 3500+mAh Battery ေတြပါမယ့္အတြက္ iPhone တစ္ခုအေနနဲ႔ Battery က သိသိသာသာကို Improve ျဖစ္လာတာပါ။ Design ပိုင္းမွာလည္း Front Glass Design ကို အသုံးျပဳလာမယ္လို႔ သိရပါတယ္။

iPhone 11 Pro နဲ႔ iPhone 11 Pro Max ေတြကေတာ့ မႏွစ္တုန္းက iPhone XS ဖုန္းေတြလိုပဲ $999 နဲ႔ $1,099 ကေန စတင္မွာျဖစ္ပါတယ္။ ဒီ iPhone 11 ၃ မ်ိဳးစလုံးမွာ 3D Touch ကေတာ့ ပါဝင္ျခင္းရွိေတ့ာမွာမဟုတ္ျပန္ပါဘူး။

အခု iPhone 11 ဖုန္းေတြက 18W Fast Charger ကိုလည္း ဘူးထဲမွာ တပါတည္းထည့္ေပးသြားမယ္လို႔ သိရၿပီးေတာ့ USB-C အစား Lightning Port ကိုပဲ ဆက္လက္အသုံးျပဳေနဦးမွာျဖစ္ပါတယ္။ ဒီလို iPhone 11 Series ေတြရဲ႕ Specs ေတြကေတာ့ ေပါက္ၾကားလာၿပီဆိုေပမယ့္ စက္တင္ဘာ ၁၀ ရက္ေန႔ၾကရင္ Apple က ဘာေတြမိတ္ဆက္လာႏိုင္ဦးမလဲဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

Apple ကနေ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ iPhone အသစ်တွေကို တရားဝင်မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အဆိုပါ iPhone 11 ဖုန်းတွေက လက်ရှိအချိန်အထိ ဆက်တိုက်ကို Leak သတင်းတွေပေါက်ကြားနေခဲ့သလို အခုလည်း Apple ကနေ မိတ်ဆက်မယ့် iPhone 11 ၃ မျိုးစလုံးရဲ့ Final Specs တွေ ပေါက်ကြားလာပြီဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ သတင်းတွေက တရုတ်နိုင်ငံအတွင်းကနေ ပေါက်ကြားခဲ့တာဖြစ်ပြီးတော့ ဖြစ်နိုင်ခြေအများဆုံးသတင်းတွေလို့လည်း ပြောလို့ရပါတယ်။ အခုသတင်းအရ Apple ကနေ ဒီနှစ် iPhone အသစ်တွေကို iPhone 11 ၊ iPhone 11 Pro နဲ့ iPhone 11 Pro Max ဆိုပြီး ခေါ်ဆိုသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အစောပိုင်းက သတင်းထွက်ထားသလို iPhone တွေမှာ “Pro” နာမည်ကို အသုံးပြုမှာက သေချာသွားပါပြီ။

အရင်ဆုံး iPhone 11 မှာ မနှစ်တုန်းက iPhone XR နေရာမှာ ဝင်ရောက်လာမှာဖြစ်ပြီးတော့ မနှစ်က iPhone XR လိုမျိုးပဲ 6.1″ HD+ LCD Display ကိုပဲ ဆက်လက်အသုံးပြုလာဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် Apple A13 Chip နဲ့အတူ RAM 4GB ပါဝင်လာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ ပိုကောင်းလာဖို့ရှိနေပါတယ်။ Camera အနေနဲ့လည်း Dual 12MP Back Camera ပါဝင်လာမှာဖြစ်သလို Selfie Camera ကလည်း 12MP ဖြစ်လာပါတယ်။ ကျန်တဲ့အချက်တွေကတော့ Reverse Wireless Charging တဖြစ်လဲ Bilateral Wireless Charging စနစ်နဲ့ Wi-Fi 6 လို Feature တွေပါလာမှာပါ။ Battery အနေနဲ့ကတော့ 3110mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Storage ကို 64GB ၊ 256GB နဲ့ 512GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ $749 ကနေ စတင်မှာဖြစ်ပါတယ်။

iPhone 11 Pro နဲ့ iPhone 11 Pro Max တွေကတော့ မနှစ်က iPhone XS နဲ့ XS Max တွေနေရာမှာ ဝင်လာမှာဖြစ်ပြီး Improvement တွေအများအပြားရှိလာတယ်လို့တောင် ပြောရမှာပါ။ Display အနေနဲ့ကတော့ 5.8″ နဲ့ 6.5″ ရှိတဲ့ OLED Display တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။ Apple A13 Chip အပြင် RAM ကိုပါ iPhone တွေထဲမှာ အများဆုံးဖြစ်တဲ့ 6GB အထိ သုံးစွဲပေးထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ အကောင်းဆုံးဖြစ်လာနိုင်ပါတယ်။ Camera တွေအနေနဲ့ကတော့ Triple 12MP Back Camera နဲ့ 12MP Selfie Camera တွေပါဝင်မှာပါ။ ကျန်တဲ့ Wi-Fi 6 ၊ Bilateral Wireless Charging လို Feature တွေအပြင် Apple Pencil ကိုပါ Support ပြုလုပ်မယ်လို့လည်း သိရပါတယ်။ Battery အနေနဲ့လည်း iPhone 11 Pro မှာ 3190+mAh Battery နဲ့ iPhone 11 Pro Max မှာ 3500+mAh Battery တွေပါမယ့်အတွက် iPhone တစ်ခုအနေနဲ့ Battery က သိသိသာသာကို Improve ဖြစ်လာတာပါ။ Design ပိုင်းမှာလည်း Front Glass Design ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

iPhone 11 Pro နဲ့ iPhone 11 Pro Max တွေကတော့ မနှစ်တုန်းက iPhone XS ဖုန်းတွေလိုပဲ $999 နဲ့ $1,099 ကနေ စတင်မှာဖြစ်ပါတယ်။ ဒီ iPhone 11 ၃ မျိုးစလုံးမှာ 3D Touch ကတော့ ပါဝင်ခြင်းရှိတေ့ာမှာမဟုတ်ပြန်ပါဘူး။

အခု iPhone 11 ဖုန်းတွေက 18W Fast Charger ကိုလည်း ဘူးထဲမှာ တပါတည်းထည့်ပေးသွားမယ်လို့ သိရပြီးတော့ USB-C အစား Lightning Port ကိုပဲ ဆက်လက်အသုံးပြုနေဦးမှာဖြစ်ပါတယ်။ ဒီလို iPhone 11 Series တွေရဲ့ Specs တွေကတော့ ပေါက်ကြားလာပြီဆိုပေမယ့် စက်တင်ဘာ ၁၀ ရက်နေ့ကြရင် Apple က ဘာတွေမိတ်ဆက်လာနိုင်ဦးမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena