Apple ဟာ အခုအချိန်မှာ iPhone 12 Series တွေထဲက iPhone 12 နဲ့ iPhone 12 Pro ဖုန်းတွေကို စတင်ရောင်းချနေပြီဖြစ်ပြီး လောလောဆယ်မှာ ရောင်းအားက ထင်ထားတာထက်တောင် ကောင်းနေတာဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလ ပထမအပတ်မှာလည်း iPhone 12 Mini နဲ့ iPhone 12 Pro Max ဖုန်းတွေကို ရောင်းချသွားဦးမှာပါ။

ပြီးခဲ့တဲ့ iPhone 11 Series ဖုန်းတွေမှာတုန်းက Reverse Wireless Charging လိုမျိုး Feature ကို ထည့်သွင်းပေးထားခြင်းမရှိပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Apple ကနေ iPhone 12 Series ဖုန်းတွေမှာ အလားတူ Feature ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Apple ကိုယ်တိုင်ကတော့ iPhone 12 Series တွေက Reverse Wireless Charging ကို Support ပြုလုပ်မယ်ဆိုပြီး တရားဝင်ပြောကြားထားခြင်းတော့မရှိသေးပါဘူး။

ဒါပေမယ့်လည်း iPhone 12 ဖုန်းတွေရဲ့ FCC File တွေအရ Bilateral Wireless Charging ကို Support ပြုလုပ်တယ်လို့ သိရသလို အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ Accessories တွေကို 360kHz Frequency နဲ့ ပြန်လည်အားသွင်းနိုင်တဲ့ Feature ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Apple ကနေ iPhone 12 Series ဖုန်းတွေမှာ Reverse Wireless Charging Feature ကို တမင် Software ပိုင်းကနေ ပိတ်ထားတယ်လို့ ယူဆရပါတယ်။ ဖြစ်နိုင်တာကတော့ iPhone 12 Series ဖုန်းတွေမှာ MagSafe Wireless Charging ပါဝင်လာတာကြောင့်ဖြစ်နိုင်သလို နောက်ပိုင်းမှာ Software Update ကနေတစ်ဆင့် Reverse Wireless Charging ကို Support ပြုလုပ်လာဖွယ်ရှိနေပါတယ်။

Ref – Gizmo China