iPhone 12 Series တွေကို မကြာခင် တရားဝင် ကြေညာတော့မှာပါ။ မိတ်ဆက်ပွဲ နီးလာတာနဲ့အမျှ အဲဒီဖုန်းတွေရဲ့ သတင်းတွေ ဆူဆူညံညံထွက်နေပါတယ်။ ဒီနှစ်မှာ iPhone 12 Series ၄ လုံး ထွက်လာနိုင်ပြီး အခုတော့ iPhone 12 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၆၅၉ ဒေါ်လာ ရှိမယ်လို့ သတင်းထွက်လာပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၈ သိန်းခွဲလောက်ကျသင့်မှာ ဖြစ်ပါတယ်။ ဈေးအကြီးဆုံး iPhone 12 Pro Max ကိုတော့ ၁,၃၉၉ ဒေါ်လာနဲ့ ရောင်းမှာ ဖြစ်ပြီး ၁၈ သိန်း ၂ သောင်းလောက် တန်ကြေးရှိနိုင်ပါတယ်။ iPhone 12 မော်ဒယ်တွေနဲ့ ဈေးနှုန်းတွေကို အောက်က ဓါတ်ပုံမှာ လေ့လာနိုင်ပါတယ်။

iPhone 12 မော်ဒယ်တိုင်းအတွက် Storage ၃ မျိုး ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး ၂ လုံးအတွက် 64/128/256GB တွေ ရွေးချယ်နိုင်မှာပါ။ စွမ်းရည်မြင့် ဖုန်း ၂ လုံးအတွက် 128/256/512GB Version တွေ ထုတ်လုပ်ထားမှာပါ။ iPhone 12 mini မှာ ၅.၄ လက်မ မျက်နှာပြင် ထည့်ထားမှာ ဖြစ်ပြီး ၇၉၉ ဒေါ်လာ သတ်မှတ်ထားမှာပါ။ ၁၀ သိန်း ၄ သောင်းလောက် ကျသင့်နိုင်ပါတယ်။

iPhone 12 နဲ့ 12 Pro ရဲ့ မျက်နှာပြင် အရွယ်အစားဟာ တူညီမှာ ဖြစ်ပေမယ့် ဈေးက ဒေါ်လာ ၂၀၀ လောက် ကွာမှာပါ။ iPhone 12 Pro Max ဟာ အရွယ်အကြီးဆုံးနဲ့ ဈေးအကြီးဆုံး ဖြစ်ပြီး အခြေခံ 128GB ကို ၁,၁၀၀ ဒေါ်လာနဲ့ ရောင်းနိုင်ပါတယ်။ ၁၄ သိန်း ၃ သောင်းလောက် ရှိနိုင်ပြီး မျက်နှာပြင်က ၆.၇ လက်မ ရှိပါတယ်။ လက်ရှိ iPhone 11 Pro Max ထက်တောင် ပိုကြီးမှာပါ။

iPhone 12 Series တွေကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကြေညာမယ်ဆိုတဲ့ သတင်းသာမှန်ရင် မကြာခင်မှာ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိလာရတော့မှာပါ။

ref : gsmarena