Android ဖုန်းတွေမှာ On-screen Fingerprint Sensor ထည့်ထားတာ ၁ နှစ်ကျော်တောင်ရှိနေပါပြီ။ စွမ်းရည်မြင့် ဖုန်းတွေတင် မကဘဲ စွမ်းရည်သင့် ဖုန်းတွေမှာတောင် ဒီနည်းပညာ ပါလာနေပါတယ်။ နောက်ဆုံးထုတ် Apple iPhone တွေမှာ ဒီနည်းပညာ မပါလာသေးပါဘူး။ အခုတော့ iPhone 12 Series မှာ ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ Apple ဟာ ဒီနည်းပညာကို ဖန်တီးနေတာ နှစ်အနည်းငယ်ကြာပြီ ဖြစ်ပြီး iPhone 12 Series မှာ သုံးဖို့ Patents တွေ မှတ်ပုံတင်ထားပါတယ်။

Face ID ဟာ Biometrics နယ်ပယ်မှာ Apple ရဲ့ တီထွင်ဆန်းသစ်မှု အကောင်းဆုံး နည်းပညာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် လူတွေ မျက်နှာဖုံး တပ်လာကြတဲ့အတွက် Face Unlock က အဆင်မပြေတော့ပါဘူး။ အဲဒီအတွက် Apple ဟာ iOS Update တွေနဲ့ Unlock လုပ်တဲ့ နည်းလမ်းကို မွမ်းမံပေးခဲ့ရပါတယ်။ ဒါပေမယ့် iPhone Users တော်တော်များများက Fingerprint Unlocking ကို ပြန်သုံးချင်နေကြပါတယ်။

iPhone 12 ဟာ On-screen Fingerprint Unlocking ပါတဲ့ ပထမဆုံး iPhone ဖြစ်လာမှာပါ။ Apple ဟာ Android ရဲ့ နည်းလမ်းတွေကို အတုယူမှာ မဟုတ်ဘဲ ကိုယ်ပိုင် နည်းလမ်းကို သုံးမယ်လို့ သတင်းထွက်နေပေမယ့် အသေးစိတ် မသိရသေးပါဘူး။ Apple ဟာ ဒီနည်းပညာကို ဖန်တီးနေတာ ၆ နှစ်ကျော်ရှိနေပြီလို့ သိရပါတယ်။

အနာဂတ်မှာ ထုတ်မယ့် Apple Card အတွက်လည်း ဒီနည်းပညာကို Apple က သုံးဖို့ ရည်ရွယ်ထားတာလို့ သတင်းထွက်နေပါတယ်။ Apple Card မှာ Fingerprint Verification အစိတ်အပိုင်း ပါလာမှာ ဖြစ်ပြီး တရုတ်နဲ့ ပြင်သစ်က လူတွေဟာ Biometric Verification ပါတဲ့ Bank Card တွေကို စိတ်ဝင်စားနေတယ်လို့ စစ်တမ်းက ဖော်ပြနေပါတယ်။ အနာဂတ် iPhone တွေမှာ Face ID နဲ့ Fingerprint ကို တွဲသုံးလို့ရပေမယ့် Notch ကို လျှော့ချချင်ရင် Apple ဟာ Face ID ကို ဖယ်ရှားရမှာပါ။

Ref : gizchina