Apple iPhone 12 Series ဖုန်းတွေဟာ ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး အခုလည်း Apple နဲ့ပတ်သက်တဲ့သတင်းတွေကို ပြောကြားနေကျ Ming-Chi Kuo ကနေ iPhone 12 Series ရဲ့ နောက်ထပ်သတင်းတစ်ခုကိုပြောကြားခဲ့ပါတယ်။

ဒါကတော့ Apple iPhone 12 ဖုန်းတွေမှာအသုံးပြုလာမယ့် High End Camera Lenses တွေကို ယခုဇူလိုင်လကုန်ပိုင်းကနေစတင်ပြီးတော့ တင်ပို့သွားတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ High End Lenses တွေဟာ iPhone 12 ဖုန်းတွေရဲ့ Back Camera အတွက်ဖြစ်ပြီးတော့ ယခင် iPhone တွေထက် Quality ပိုင်းပိုကောင်းလာမယ်လို့ သိရပါတယ်။

Ming-Chi Kuo ရဲ့ပြောကြားချက်အရတော့ Apple ရဲ့ Manufacturing Partner ကုမ္ပဏီဖြစ်တဲ့ Largan ကနေ အဆိုပါ Camera Lenses တွေကိုထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် COVID-19 ဗိုင်းရပ်စ်ကြောင့် Largan ကုမ္ပဏီရဲ့ ထုတ်လုပ်မှုတွေဟာ ရက်သတ္တပတ် ၄ ပတ်ကနေ ၆ ပတ်အထိ နောက်ကျမှာဖြစ်ပြီး လာမယ့် စက်တင်ဘာလနဲ့ နိုဝင်ဘာလအတွင်းမှာမှ အပြီးသတ်တင်ပို့နိုင်မယ်လို့ သိရပါတယ်။ ဒါက ယခင်နှစ်တွေတုန်းက သြဂုတ်လနဲ့ အောက်တိုဘာလအတွင်းမှာ အပြီးသတ်တင်ပို့နိုင်တာနဲ့ယှဥ်မယ်ဆိုရင် သိသိသာသာကိုနောက်ကျသွားတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ High End Camera Lenses တွေဟာ ဘယ်လိုမျိုးပုံစံဖြစ်လာမလဲဆိုတာကိုတော့ မသိရှိရသေးဘဲ အစောပိုင်းသတင်းတွေအရတော့ Integrated 7P Lenses တွေဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ အနည်းဆုံး iPhone 12 Pro နဲ့ iPhone 12 Pro Max ဖုန်းတွေမှာတော့ အဆိုပါ High End Lenses တွေကိုအသုံးပြုလာမှာသေချာပေမယ့် $649 ကနေ စတင်မယ့် ပုံမှန် iPhone 12 Series ဖုန်းတွေမှာ အသုံးပြုလာမလားဆိုတာကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Apple ဟာ iPhone 12 Series ကို ယခုနှစ်မှာ ပုံမှန်မိတ်ဆက်တဲ့အချိန်ဖြစ်တဲ့ စက်တင်ဘာလကနေ နောက်ဆုတ်ပြီးတော့ လာမယ့်အောက်တိုဘာလနောက်ပိုင်းမှပဲ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – Gizmo China