Apple ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက iPhone 12 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီး iPhone 12 Pro Max ဖုန်းမှာဆိုရင် 12MP Primary Sensor ကို အဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဆိုပါ iPhone 12 Pro ဖုန်းတွေဟာ Apple ProRAW Format နဲ့ ရိုက်ကူးနိုင်သလိုပဲ Dolby Vision Video တွေကိုပါ ရိုက်ကူးနိုင်တဲ့အတွက် Camera ပိုင်းမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတွေအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

အခုလည်း Apple ကနေ လာမယ့်နှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ iPhone 13 Series ဖုန်းတွေမှာ Camera ပိုင်းကို ထပ်ပြီးအဆင့်မြှင့်တင်လာဦးမယ့်ပုံစံပါပဲ။ ဒါကလည်း လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့သတင်းအရ iPhone 13 မှာ Ultrawide Angle Sensor ကို သိသိသာသာအဆင့်မြှင့်တင်လာမှာဖြစ်တာကြောင့်ပါ။

iPhone 13 Series မှာ Ultrawide Angle Sensor ဟာ Sensor တင်မဟုတ်ဘဲ Aperture ပိုင်းမှာလည်း f1.8 အထိ အဆင့်မြှင့်ထားမှာဖြစ်ပါတယ်။ ဒါက Ultrawide ဓါတ်ပုံတွေကို Low Light အခြေအနေမျိုးမှာ ရိုက်ကူးမှုတွေအတွက် Quality ပိုကောင်းမွန်စေမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလိုမျိုး Ultrawide Angle Sensor ကို အဆင့်မြှင့်တင်မှုဟာ iPhone 13 Series အကုန်လုံးအတွက်ဖြစ်မလား၊ iPhone 13 Pro Series ဖုန်းတွေအတွက်ပဲ ဖြစ်မလားဆိုတာကိုတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။ ကျန်တဲ့ LiDAR Sensor နဲ့ Image Stabilization ပိုင်းမှာလည်း ယခင်ထက် အဆင့်မြှင့်တင်လာမယ်လို့ သိရပါတယ်။

နောက်ထပ် iPhone 13 Series ဖုန်းတွေဟာ Notch ကို ပိုပြီးသေးငယ်တဲ့ Design ပြောင်းလဲလာမှာဖြစ်ပြီး Wi-Fi 6E လိုမျိုး Feature တွေလည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ iPhone 13 Pro Series ဖုန်းတွေမှာ Storage ကို 1TB အထိ ရွေးချယ်နိုင်မှာပါ။

Ref – Gizmo China