Apple ကနေ အခုဆိုရင် iPhone 13 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ပြီး ရောင်းချနေပြီဖြစ်ပါတယ်။ ယခုနှစ်အတွက် iPhone 13 Pro Series ဖုန်းတွေဆိုရင်လည်း Camera Sensor နဲ့ Feature တွေကို အဆင့်မြှင့်တင်ထားတဲ့အပြင် 120Hz ProMotion Display နဲ့ ပိုကြီးမားတဲ့ Battery တွေလိုမျိုး အဆင့်မြှင့်တင်မှုအများအပြားကို ထည့်သွင်းထားတာဖြစ်ပါတယ်။

အခုလည်း Teardown Analysis ကုမ္ပဏီတစ်ခုဖြစ်တဲ့ TechInsights ကနေ iPhone 13 Pro 256GB ကို Teardown ပြုလုပ်ခဲ့ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကို ဖော်ပြလိုက်ပါတယ်။ TechInsights ရဲ့ ဖော်ပြချက်အရတော့ iPhone 13 Pro ဟာ ထုတ်လုပ်မှုအတွက် $570 ကျသင့်မှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက iPhone 12 Pro ရဲ့ ထုတ်လုပ်မှုစရိတ်ဖြစ်တဲ့ $548 ထက် ၄ ရာခိုင်နှုန်းပိုများလာတာဖြစ်ပါတယ်။

Apple ဟာ iPhone 13 Pro 256GB ကို လက်ရှိအချိန်မှာ ရောင်းစျေးအနေနဲ့ $1099 နဲ့ရောင်းချနေတာဖြစ်တာကြောင့် ဖုန်းရဲ့ ထုတ်လုပ်မှုစရိတ်ဟာ ရောင်းစျေးရဲ့ ၅၂ ရာခိုင်နှုန်းကို ရယူထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျန်တဲ့ ၄၈ ရာခိုင်နှုန်းကိုတော့ R&D ၊ Marketing ၊ Transportation လိုမျိုး နေရာတွေက ရယူထားပုံပါပဲ။

TechInsights ကတော့ အခုလိုမျိုး iPhone 13 Pro ရဲ့ ထုတ်လုပ်မှုစရိတ်မြင့်မားနေတာက A15 Bionic Chipset အသစ်၊ NAND Flash Memory နဲ့ Display Subsystem တွေကြောင့် အဓိကပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ တစ်ဖက်မှာတော့ Samsung Galaxy S21+ 256GB Version ဟာ iPhone 13 Pro နဲ့ တူညီတဲ့ရောင်းစျေး $1099 နဲ့ရောင်းချနေပေမယ့် ထုတ်လုပ်မှုစရိတ်က $508 ပဲရှိနေတာဖြစ်ပါတယ်။

Ref – GSM Arena