Apple ဟာ အခုဆိုရင် iPhone 13 Series ကို စတင်ရောင်းချတော့မှာဖြစ်ပါတယ်။ Apple iPhone 13 Series ဟာဆိုရင် iPhone 13 mini ၊ iPhone 13 ၊ iPhone 13 Pro နဲ့ iPhone 13 Pro Max ဆိုပြီး ၄ မျိုး မိတ်ဆက်ခဲ့တာဖြစ်ပြီး Camera ပိုင်း၊ Battery ပိုင်းနဲ့ Display ပိုင်းကို အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။

iPhone 13 Series ဟာ ပြောင်းလဲမှုတွေအများအပြားမရှိဘူးဆိုပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ ရောင်းအားပိုင်းမှာတော့ တော်တော်လေးကို ကောင်းမွန်နေတဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံအတွင်းမှာ iPhone 13 Series တွေကို Pre-order မှာယူမှုဟာ တစ်ရက်ထဲမှာတင် အလုံးရေ ၅ သန်းအထိရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါ Pre-order မှာယူမှုတွေဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးသော Online Shopping တစ်ခုဖြစ်တဲ့ JD.com ကနေ အများဆုံးမှာယူခဲ့တာဖြစ်ပြီး အလုံးရေ ၅ သန်းထဲမှာ ၃ သန်းက JD.com က ဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း Apple ရဲ့ Official Website မှာ Pre-order မှာယူမှုများပြားလွန်းတာကြောင့် ဒီလိုမျိုး တခြား Third-party Seller တွေကနေ ဝယ်ယူနေကြတာဖြစ်ပါတယ်။

အခုလိုမျိုး တရုတ်နိုင်ငံမှာ ဝယ်ယူမှုများပြားတာကလည်း စျေးနှုန်းအရ မနှစ်တုန်းက iPhone 12 Series နဲ့ ယှဥ်မယ်ဆိုရင် ပိုပြီး သက်သာတာကြောင့်ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ iPhone 13 နဲ့ 13 mini ဖုန်းတွေဆိုရင်လည်း Storage အနေနဲ့ 64GB အစား 128GB ကနေ စတင်ဝယ်ယူနိုင်တာကလည်း အားသာချက်တစ်ခုဖြစ်နေပါတယ်။

ဘာပဲဖြစ်ဖြစ် Apple iPhone 13 Series ဖုန်းတွေဟာ ဝေဖန်မှုတွေခံခဲ့ရပေမယ့်လည်း ရောင်းအားပိုင်းမှာတော့ ယခင်တုန်းကထက်တောင် ပိုကောင်းနေဖို့ကတော့ သေချာသလောက်ဖြစ်နေပါပြီ။

Ref – Gizmo China