Apple ဟာ ဒီနှစ် နှောင်းပိုင်းမှာ iPhone 14 မော်ဒယ် ၄ လုံးကို ကြေညာမယ်လို့ ထင်ရပြီး ဒီနှစ်မှာ အပြောင်းအလဲတွေ မြင်ရမှာပါ။ iPhone 12 နဲ့ 13 mini ဟာ ရောင်းအား မကောင်းတဲ့အတွက် Apple ဟာ mini အစား ပိုကြီးတဲ့ Non-Pro မော်ဒယ်ကို ရောင်းချမှာပါ။

DuanRui က iPhone 14 Series ရဲ့ ဓါတ်ပုံတွေကို တွစ်တာမှာ မျှဝေလိုက်ပြီး iPhone 14 နဲ့ 14 Pro မှာ ၆.၁ လက်မ မျက်နှာပြင်တွေနဲ့ ပိုကြီးတဲ့ iPhone 14 Plus နဲ့ 14 Pro Max မှာ ၆.၇ လက်မ မျက်နှာပြင်တွေ ထည့်သွင်းထားမှာပါ။

DuanRui via Weibo

DuanRui က 14 Pro နဲ့ 14 Pro Max ရဲ့ ကင်မရာ Island ကို ဘေးချင်းယှဉ်ပြထားပြီး 14 Pro Max ဟာ ပိုကြီးတဲ့အတွက် အဲဒီ ဖုန်းမှာ ကင်မရာ ဟာ့ဒ်ဝဲအသစ် ပါလာနိုင်ပါတယ်။

Metal molds for the iPhone 14 Max (6.7

ပေါက်ကြားသတင်းအရ iPhone 14 Pro Max မှာ Resolution ပိုမြင့်တဲ့ 48MP ကင်မရာ ပါလာနိုင်ပြီး Pro မော်ဒယ်တွေရဲ့ အရှေ့ကင်မရာတွေကို အဆင့်မြှင့်ထားနိုင်ပါတယ်။ နောက်မျိုးဆက် iPhone တွေရဲ့ အရှေ့၊ အနောက်နဲ့ ဘေးဘက်တွေဟာ ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Notch အစား Dual Punch Hole Layout ကို  သုံးထားမှာပါ။

Pro မော်ဒယ်တွေမှာပဲ A16 Chipset အသစ် ပါလာမှာ ဖြစ်ပြီး 14 နဲ့ 14 Plus မှာ 13 Series မှာ သုံးထားတဲ့ A15 ကိုပဲ ထည့်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena