DxOMark က iPhone 14 Pro ရဲ့ ကင်မရာကို စမ်းသပ်လိုက်ပြီး အမှတ်ကောင်းကောင်းရသွားပါတယ်။ စုစုပေါင်း ရမှတ်က ၁၄၆ ဖြစ်ပြီး DxOMark ရဲ့ အကောင်းဆုံး ကင်မရာ စာရင်းမှာ နံပါတ် ၂ နေရာရသွားပါတယ်။ ဆဲလ်ဖီး ကင်မရာက အကောင်းဆုံး ဖြစ်တယ်လို့ DxOMark က သတ်မှတ်ထားပြီး ၁၄၅ မှတ်ရသွားပါတယ်။

DxOMark က iPhone 14 Pro ဟာ Skin Tone တွေကို ဖမ်းယူရာမှာ တိကျပြီး လျှင်မြန်တဲ့ Zero-shutter Lag နည်းပညာကို အသုံးပြုထားတယ်လို့ ပြောပါတယ်။ Motion Blur ကို လျှော့ချပေးနိုင်ပြီး သဘာဝကျတဲ့ Bokeh Effect က DSLR နဲ့ တူပါတယ်။

iPhone 14 Pro ဟာ ဗီဒီယို စွမ်းရည်မှာ နံပါတ် ၁ ရသွားပြီး Smoothness က တိုးတက်လာပါတယ်။ Stabilization ကလည်း ကောင်းမွန်ပြီး HDR Recording က မြင့်မားတဲ့ Contrast ကို ရစေပါတယ်။ Autofocus က တည်ငြိမ်ပြီး တိကျပါတယ်။ Apple ရဲ့ Quad-Bayer Image ဆန်ဆာက ရုပ်ပုံ အရည်အသွေး ကောင်းမွန်စေပြီး Viewfinder က Preview Image ဟာ တိကျပါတယ်။

Apple iPhone 14 Pro and iPhone 14 Pro Max Review: Great iPhones, Small Upgrades | WIRED

ဆဲလ်ဖီး ကင်မရာအကြောင်းပြောရရင် Autofocus စွမ်းရည်နဲ့ လျှင်မြန်တဲ့ Aperture တို့ကြောင့် ရမှတ်ကောင်းတာပါ။ ဆဲလ်ဖီး ဗီဒီယိုတွေကလည်း ကောင်းမွန်ပြီး Exposure , Color နဲ့ Stabilization တွေက အံ့အားသင့်စရာကောင်းပါတယ်။

ဆဲလ်ဖီး ကင်မရာနဲ့ ရုပ်သေဓါတ်ပုံတွေ ရိုက်တဲ့အခါ ကောင်းမွန်တဲ့ Dynamic Range , Exposure နဲ့ Bokeh တွေကို ရစေပါတယ်။ Skin Tone က တိကျကာ အသေးစိတ်ကျပြီး Bokeh ကလည်း ကောင်းမွန်ပါတယ်။

အားနည်းချက်က ဓါတ်ပုံနဲ့ ဗီဒီယိုတွေမှာ သိသာတဲ့ Noise တွေ ပါလာတာဖြစ်ပြီး Lowlight မှာ Skin Tone တွေက တိကျမှု အားနည်းပါတယ်။

Ref : gsmarena