[Zawgyi]

Qualcomm က မူပိုင္ခြင့္ကိုကိုင္ၿပီး Apple ရဲ႕ iPhone 8 နဲ႔ 7 ေတြကို တ႐ုတ္နဲ႔ ဂ်ာမနီမွာ မေရာင္းႏိုင္ေအာင္လို႔ လိုက္လံပိတ္ပင္ခဲ့လို႔ Apple က သူတို႔ရဲ႕ တရားဝင္ Apple Store ေတြမွာ အေရာင္းရပ္ဆိုင္းခဲ့ရပါတယ္။ ဒါေပမယ့္ အခုအခါမွာေတာ့ Apple ဟာ iPhone 8 နဲ႔ iPhone 7 (Plus version ေတြလည္းပါဝင္) ေတြကို ဂ်ာမနီမွာ တရားဝင္ ျပန္ေရာင္းၿပီလို႔ သိရပါတယ္။

Qualcomm က မူပိုင္ခြင့္နဲ႔ ပိတ္ပင္တာေၾကာင့္ Apple ကလည္း မူပိုင္ခြင့္နဲ႔ မၿငိစြန္းေအာင္ ေျဖရွင္းလိုက္ရပါတယ္။ ဒါေၾကာင့္ ဂ်ာမနီကို အသစ္ေရာက္လာတဲ့ Apple ရဲ႕ဖုန္းေတြမွာ Qualcomm modems ေတြနဲ႔ပဲ ျဖစ္ပါေတာ့တယ္။ Apple အေနနဲ႔ ဂ်ာမနီမွာ ေရာင္းခ်မယ့္ iPhone ေတြအတြက္ Intel modems ေတြကို ဆက္မသုံးေတာ့ဘူးလို႔ သိရပါတယ္။

Qualcomm က ပိတ္ပင္ခဲ့တဲ့ ႏိုင္ငံထဲမွာ တ႐ုတ္ႏိုင္ငံလည္း ပါဝင္ပါတယ္။ ဒါေပမယ့္လည္း Apple အေနနဲ႔ ဒီေမာ္ဒယ္ေတြကို တ႐ုတ္ႏိုင္ငံမွာ ဆက္လက္ေရာင္းခ်လို႔ရေနတဲ့ အေနအထားပါ။ ပိတ္ပင္ခံရတဲ့ထဲမွာ iPhone 7 နဲ႔ 8 အျပင္ iPhone X လည္း ပါဝင္ေနေပမယ့္ ဥပေဒအရ ေရာင္းခ်ပိုင္ခြင့္မရွိတာက Apple Stores ေတြမွာပဲ ျဖစ္တာပါ။ ဒါေၾကာင့္ အျပင္ဆိုင္လို႔ဆိုရမယ့္ (Third-party sellers) ေတြကေတာ့ အေရာင္းအဝယ္မပ်က္ ဆက္ေရာင္းေနၾကတာပါ။

iPhone ရဲ႕ ေနာက္ဆုံးမ်ိဳးဆက္ေတြျဖစ္တဲ့ iPhone XS နဲ႔ XR ေတြကေတာ့ Qualcomm ကို အသုံးမျပဳေတာ့ဘဲ Intel modems ေတြကိုပဲ အသုံးျပဳထားတာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ Qualcomm ကေတာ့ iPhone old models ေတြအတြက္ Modems ေတြ ဆက္ၿပီး ေရာင္းခ်ေပးေနရတုန္း ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ဂျာမနီမှာ iPhone 7 နဲ့ 8 ကို တရားဝင် ပြန်ရောင်းပြီ

Qualcomm က မူပိုင်ခွင့်ကိုကိုင်ပြီး Apple ရဲ့ iPhone 8 နဲ့ 7 တွေကို တရုတ်နဲ့ ဂျာမနီမှာ မရောင်းနိုင်အောင်လို့ လိုက်လံပိတ်ပင်ခဲ့လို့ Apple က သူတို့ရဲ့ တရားဝင် Apple Store တွေမှာ အရောင်းရပ်ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ Apple ဟာ iPhone 8 နဲ့ iPhone 7 (Plus version တွေလည်းပါဝင်) တွေကို ဂျာမနီမှာ တရားဝင် ပြန်ရောင်းပြီလို့ သိရပါတယ်။

Qualcomm က မူပိုင်ခွင့်နဲ့ ပိတ်ပင်တာကြောင့် Apple ကလည်း မူပိုင်ခွင့်နဲ့ မငြိစွန်းအောင် ဖြေရှင်းလိုက်ရပါတယ်။ ဒါကြောင့် ဂျာမနီကို အသစ်ရောက်လာတဲ့ Apple ရဲ့ဖုန်းတွေမှာ Qualcomm modems တွေနဲ့ပဲ ဖြစ်ပါတော့တယ်။ Apple အနေနဲ့ ဂျာမနီမှာ ရောင်းချမယ့် iPhone တွေအတွက် Intel modems တွေကို ဆက်မသုံးတော့ဘူးလို့ သိရပါတယ်။

Qualcomm က ပိတ်ပင်ခဲ့တဲ့ နိုင်ငံထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း Apple အနေနဲ့ ဒီမော်ဒယ်တွေကို တရုတ်နိုင်ငံမှာ ဆက်လက်ရောင်းချလို့ရနေတဲ့ အနေအထားပါ။ ပိတ်ပင်ခံရတဲ့ထဲမှာ iPhone 7 နဲ့ 8 အပြင် iPhone X လည်း ပါဝင်နေပေမယ့် ဥပဒေအရ ရောင်းချပိုင်ခွင့်မရှိတာက Apple Stores တွေမှာပဲ ဖြစ်တာပါ။ ဒါကြောင့် အပြင်ဆိုင်လို့ဆိုရမယ့် (Third-party sellers) တွေကတော့ အရောင်းအဝယ်မပျက် ဆက်ရောင်းနေကြတာပါ။

iPhone ရဲ့ နောက်ဆုံးမျိုးဆက်တွေဖြစ်တဲ့ iPhone XS နဲ့ XR တွေကတော့ Qualcomm ကို အသုံးမပြုတော့ဘဲ Intel modems တွေကိုပဲ အသုံးပြုထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Qualcomm ကတော့ iPhone old models တွေအတွက် Modems တွေ ဆက်ပြီး ရောင်းချပေးနေရတုန်း ဖြစ်ပါတယ်။

Ref: GSMArena